နောက်ခံသမိုင်း (Background of DMG)

14 Apr 2017

ရခိုင်ပြည်ရေးရာနှင့် ပတ်သက်၍ သတင်းအချက်အလက်များဖြန့်ဝေမှု၊ ရုပ်သံအစီစဉ် တင်ဆက်မှုများ အပါအဝင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် (သတင်း) မီဒီယာအခန်းကဏ္ဍကို ကိရိယာတစ်ခုအဖြစ် အသုံးချနိုင်ရန် (သတင်း) မီဒီယာကို စိတ်ပါဝင်စားသည့် ပြည်တွင်းပြည်ပမှ ဝါသနာရှင်များဖြင့်  ရခိုင်ပြည်၏ လက်ရှိလိုအပ်ချက်နှင့်အညီ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် Development Media Group (DMG) ကို ထိုင်း-မြန်မာနယ်စပ်၌  ဖွဲ့စည်းထူထောင်ခဲ့ကြသည်။

ထို့နောက် “ဖွံ့ဖြိုးတိုးတက်ရေးသတင်းလွှာ” (Development News Bulletin) ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လထိ၊ “ဖွံ့ဖြိုးတိုးတက်ရေးသတင်းစာစောင်” (Development Newsletter) ကို ဧပြီလမှ ဇွန်လထိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှနေ၍ တစ်လ(၁)ကြိမ် ထုတ်ဝေဖြန့်ချိခဲ့ပြီး ယင်းနှစ်ဇူလိုင်လတွင် “ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ်”(Development News Journal) အဖြစ် ပြောင်းလဲကာ  ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလထိ တစ်လ (၁) ကြိမ်ဖြင့် ပြည်တွင်းပြည်ပ ဆက်လက်ထုတ်ေ၀ ဖြန့်ချိခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဂျာနယ်ကို မြန်မာပြည်တွင်းတွင် တရားဝင်မှတ်ပုံတင်ခဲ့ပြီး တစ်လ(၂) ကြိမ် (သို့) နှစ်ပတ် (၁) ကြိမ်ဖြင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထိ ရန်ကုန်နှင့် စစ်တွေမြို့ှများမှနေ၍ ပြည်တွင်းပြည်ပ ထုတ်ဝေဖြန့်ချိခဲ့သည်။ သို့သော် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ငွေကြေးအခက်အခဲများကြောင့် ထုတ်ဝေမှု ခေတ္တရပ်တန့်ထားခဲ့ပြီး DTV News ရုပ်သံအစီစဉ်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှစ၍  ကြိုးစားဆောင်ရွက်နေသည်။ အခြေအနေအမျိုးမျိုးကြောင့် ထုတ်ဝေမှုတစ်နှစ်ခန့် ရပ်တန့်ထားခဲ့သော “ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ်” ကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် ပြန်လည်ထုတ်ဝေနိုင်ခဲ့သည်။

သို့သော်  ပြန်ကြားရေးဝန်ကြီးဌာန၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်ကိုထုတ်ပေးရန် ကြန့်ကြာနေမှုနှင့် တခြားအခြေအနေအရပ်ရပ်ကြောင့်  ဂျာနယ်ထုတ်ဝေဖြန့်ချိမှုကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှစပြီး ယာယီရပ်နားထားလိုက်ရသည်။ 

အယ်ဒီတာ့အာဘော် (Editorial Policy)

မိမိတို့သတင်းဌာအနေဖြင့် သတင်း၊ ဓာတ်ပုံ၊ အချက်အလက်နှင့် ရုပ်သံမှတ်တမ်းများရယူရာတွင် နိုင်ငံရေးအရ သော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော်လည်းကောင်း၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ သော်လည်းကောင်း၊  သမိုင်းကြောင်းဆိုင်ရာနှင့် လူမှုရေးအရသော်လည်းကောင်း ပုဂ္ဂိုလ်ရေး၊ အများပြည်သူနှင့် အမျိုးသားရေးအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများနှင့် ပဋိပက္ခဖြစ်စေမည့် လုပ်ရပ်များကို အဓိက ရှောင်ရှားရမည်ဖြစ်ပြီး မီဒီယာကျင့်ဝတ်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့် အမူအရာနှင့် အပြုအမှုများဖြင့်သာ သတင်းနှင့် ရုပ်သံမှတ်တမ်းများကို ရယူရမည်ဖြစ်သည်။   မိမိတို့သတင်းဌာန ဂုဏ်သိက္ခာကျဆင်းမှုနှင့် အများပြည်သူမှ အယုံအကြည်ကင်းမဲ့စေမည့် လုပ်ရပ်များနှင့် ပြုမူဆက်ဆံပြောဆို ရေးသားမှုများကို လုံးဝရှောင်ရှားရမည်ဖြစ်သည်။  ဤသို့ပြုမှုလုပ်ဆောင်မှသာ မိမိတို့ သတင်းဌာနတစ်ခုလုံးအား အစိုးရဌာနများအပါအဝင် ပြည်သူလူထုက ယုံကြည်မှုများလာမည်ဖြစ်ပြီး အားပေးထောက်ခံမှုနှင့် ပံ့ပို့ကူညီမှုများ မြင့်တက်လာမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အားပေးထောက်ခံပံ့ပိုးမှုနှင့် အသိအမှတ်ပြုမှုများ ခံလာရမည်ဖြစ်သည်။

မျှော်မှန်းချက် (Vision)

ရခိုင်ပြည်ရေးရာနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ဖြန့်ဝေမှု၊ ရုပ်သံအစီစဉ်တင်ဆက်မှုများ အပါအဝင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အမှီအခိုနှင့် ဘက်လိုက်မှုကင်းပြီး သီးခြားလွတ်လပ်သော ဦးဆောင်မီဒီယာ အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်ဖြစ်သည်။

ယုံကြည်ချက်/ ခံယူချက် (Mission)

ရခိုင်ပြည်အနှံ့ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် တရားမျှတမှုပြည့်ဝသော လူ့ဘောင်တစ်ခုဖြစ်လာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအမွေအနှစ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု အခြေအနေများကို သတင်းမီဒီယာအခန်းကဏ္ဍဖြင့် မြှင့်တင် ဖော်ထုတ်ပေးရမည့်အပြင်  ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် ရုပ်သံအစီစဉ်များအား ထုတ်လွှင့် ရေးသားတင်ဆက်နိုင်မည့် လုပ်ငန်းစဉ်များကို အစဉ်တစိုက် လုပ်ဆောင်ရမည်ဟု အလေးအနက် ယုံကြည်သည်။ 

ရည်ရွယ်ချက်များ (Objectives)

  • ပြည်မမီဒီယာများနှင့် အစိုးရအဆက်ဆက်မှ လျှစ်လျှူပြုထားသည့် ရခိုင်ပြည်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို အများပြည်သူသိရှိအောင် ပြုလုပ်သွားရန်
  • သတင်းမီဒီယာ အခန်းကဏ္ဍကို ပြည်မအပါအဝင် နိုင်ငံတကာမီဒီယာများနှင့် ရင်ဘောင်တန်း အလုပ်လုပ်လာနိုင်စေရန်
  • ရခိုင်ပြည်သူများ နိစ္စဓူဝခံစားနေရသော လူမှုဘဝအခက်အခဲများကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများအပါအဝင် ရခိုင်ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရမှနားလည်သိရှိပြီး အကူအညီများ ပိုမိုပေးလာစေရန်
  • ရခိုင်ပြည်ရှိ ဖွံ့ဖြိုးတိုးတက်ရေးအမည်ခံ စီမံကိန်းများကြောင့် ရခိုင်ပြည်သူများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အများပြည်သူနှင့် နိုင်ငံတကာမှ အချိန်နှင့်တပြေးညီ သိရှိလာစေရန်
  • ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့မှ စီမံလုပ်ဆောင်နေမှုများကို လေ့လာစောင့်ကြည့်ပြီး လိုအပ်သည့်အခြေအနေများကို အများပြည်သူ သိရှိအောင် ပြုလုပ်သွားရန်
  • အဘက်ဘက်တွင် ချွတ်ခြုံကျနေသည့် ရခိုင်ပြည်သူများ၏ လူမှုဘဝအခြေအနေများကို မြှင့်တင်ပေးရန်နှင့် မိမိတို့ဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေနှင့် အဖြစ်အပျက်များကို အချိန်နှင့်တပြေးညီ ရေးသားတင်ဆက်ပေးနိုင်ရန်
  • မွတ်ဆလင်အရေးနှင့် ပတ်သက်၍ ရခိုင်ပြည်သူများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ အပြုသဘောဆောင်သည့် အမြင်ဘက်သို့ ဦးတည်ပြောင်းလဲလာစေရန်နှင့် လူသားချင်းစာနာသည့် အကူအညီများ ပိုမိုပေးလာစေရန်
  • ထိလွယ်ရှလွယ်သော မွတ်ဆလင်အရေးနှင့် ရခိုင့်အမျိုးသားနိုင်ငံရေးကို (သတင်း) မီဒီယာအခန်းကဏ္ဍဖြင့် ထိန်းကျောင်း ကြပ်မတ်ပေးရန်
  • ရခိုင်မီဒီယာဖွံဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများ တိုးမြှင့်ပါဝင်လာနိုင်စေရန်

လုပ်ငန်းစဉ်များ (Action Plans)

  • အမျိုးသားအဆင့် သတင်းမီဒီယာအခန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည် မြင့်မားလာအောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ရေး
  • သတင်းစာ၊ ဂျာနယ်၊ ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံများကို ထုတ်ဝေဖြန့်ချိခြင်းဖြင့် ပြည်သူလူထုအား အသိပညာပေးရေး
  • သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ တိမ်ကောပျောက်ကွယ်နေသည့် အကြောင်းအရာများအား ဖော်ထုတ်ရေး
  • သတင်းမီဒီယာအခန်းကဏ္ဍ အရေးပါမှုအား အများပြည်သူသိရှိလာအောင် အစဉ်တစိုက် လုပ်ဆောင်ရေး
  • မိမိတို့ သတင်းဌာနမှ ရရှိလာသည့် အကြောင်းအရာများနှင့် သတင်းအချက်အလက်များကို အခြေခံ၍ သတင်းမီဒီယာရှုထောင့်မှ ပညာပေးအစီစဉ်များကို စီမံဆောင်ရွက်ပေးရေး
  • ရခိုင်ပြည်နယ်၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ (ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး) နှင့်စပ်လျဉ်း၍ အလွှာအသီးသီး (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အစိုးရဌာနများ စသည်) နယ်ပယ်များမှ ပုဂ္ဂိုလ်များအား စုဆုံစေပြီး စကားဝိုင်းနှင့် ဆွေးနွေးပွဲများ ဦးဆောင် စီစဉ်ဆောင်ရွက်ပေးရေး
  • လူမျိုးရေးနှင့် ဘာသာရေးအသွင် ပဋိပက္ခများမဖြစ်ပေါ်စေရေး၊ ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေး နှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုများဖြစ်လာစေရန် အားကြိုးမာန်တက် ဆောင်ရွက်ရေး
  • ရခိုင်ပြည်ရေးရာများ (ဥပမာ - လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည်)နှင့် ပတ်သက်၍ Database တစ်ခုလုပ်ဆောင်နိုင်ရန် ကြိုးစားလုပ်ဆောင်ရွက်ရေး
Showing 1-1 of 1 item.