- သံတွဲ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေ
- ညောင်းကျိုးကို AA သိမ်းပြီးနောက် ဆင်လန်ရွာတွင် စစ်ကောင်စီ ခံစစ်ပြင်
- ငလျင်ဒဏ်အကူအညီအတွက် မြန်မာသို့ရောက်နေသည့် USAID အဖွဲ့ဝင် သုံးဦးလုံး အလုပ်ဖြုတ်ခံရ
- တစ်ကမ္ဘာလုံးကို အကူအညီ ပေးမနေနိုင်တော့ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော
- ကျောက်ဖြူတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှု ဆက်တိုက်ရှိနေ
ဆုံးရှုံးလိုက်ရသည့် ကျီးကန်းပြင်ဌာနချုပ်ဟောင်းကို စစ်ကောင်စီ လေကြောင်းလာတိုက်
မောင်တော မြောက်ပိုင်းရှိ အမှတ်(၁) နယ်ခြားစောင့်ဌာနချုပ်ဟောင်း(ကျီးကန်းပြင်)ကို စစ်ကောင်စီက မတ်လ ၁ ရက်၊ နံနက်အစောပိုင်းတွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
01 Mar 2025

DMG ၊ မတ် ၁
မောင်တော မြောက်ပိုင်းရှိ အမှတ်(၁) နယ်ခြားစောင့်ဌာနချုပ်ဟောင်း(ကျီးကန်းပြင်)ကို စစ်ကောင်စီက မတ်လ ၁ ရက်၊ နံနက်အစောပိုင်းတွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ နံနက် ၁ နာရီကျော်တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း အာရက္ခတပ်တော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက DMG ကိုပြောသည်။
"ဂျက်ဖိုက်တာတစ်စီးနဲ့ပေါင် ၅၀၀ ဗုံးနှစ်လုံးကို ကြဲချ သွားတာ။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။ သုံ့ပန်းတွေလည်း ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူး" ဟု ၎င်းက ပြောသည်။
ကျီးကန်းပြင်ဌာနချုပ်ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျီကန်းပြင်စခန်းမှာ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အကြီးဆုံး နယ်ခြားစောင့်တပ်စခန်း ဖြစ်သည်။
စစ်ကောင်စီက ကျီးကန်းပြင်ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် အနီးအနားရှိ ဒေသခံများမှာ စိုးရိမ်မှုရှိနေကြသည်။
အောင်မင်္ဂလာကျေးရွာသားတစ်ဦးက " ညည့်နက်သန်ခေါင်မှာ လာကြဲတော့ လူတွေက တော်တော်လည်းကို ကြောက်သွားကြတယ်။ ပထမ ပေါက်ကွဲသံကြားတော့ ကျနော်တို့ ရွာမှာကျပြီလို့ ထင်မိတာ" ဟု ဆိုသည်။
မောင်တောမြို့နယ်ကို အာရက္ခတပ်တော်က ဒီဇင်ဘာလတွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ယခင်ကလည်း နခခ(၂) ဌာနချုပ်နှင့် နခခ(၆) ဌာနချုပ်တို့ကို လေကြောင်းတိုက်ခိုက်မှုများပြု လုပ်ခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကောင်စီက ရခိုင်ပြည်က မြို့ရွာများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုများမှာလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေသည်။