- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
စစ်ကောင်စီထံ လက်နက်နှင့် လောင်စာဆီ ရောင်းချနေသူများကို အရေးယူပေးရန် အဖွဲ့စည်း ၁၀၀ ကျော် တောင်းဆို
စစ်ကောင်စီအား လောင်စာဆီနှင့် လက်နက်များ တင်ပို့ရောင်းချသည့်နိုင်ငံများအား ပိတ်ဆို့အရေးယူရန် အဖွဲ့ အစည်း ၁၂၁ ဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHCR) သို့ ယမန်နေ့( ဖေဖော်ဝါရီ ၂၀) တွင် အိတ်ဖွင့် ပေးစာပေးပို့ပြီး တောင်းဆိုလိုက်သည်။
21 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၁
စစ်ကောင်စီအား လောင်စာဆီနှင့် လက်နက်များ တင်ပို့ရောင်းချသည့်နိုင်ငံများအား ပိတ်ဆို့အရေးယူရန် အဖွဲ့ အစည်း ၁၂၁ ဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHCR) သို့ ယမန်နေ့( ဖေဖော်ဝါရီ ၂၀) တွင် အိတ်ဖွင့် ပေးစာပေးပို့ပြီး တောင်းဆိုလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ၊ Geneva မြို့၌ ပြုလုပ်မည့် ၅၈ ကြိမ်မြောက် Un Human rights council အစည်းအဝေးတွင် အဆိုပါ တောင်းဆိုမှုများအား ထည့်သွင်းဆွေးနွေးရန်အတွက် UNHCR ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်းဖြစ်ကြောင်း သိရသည်။
“စကစရဲ့ စွမ်းဆောင်ရေတွေကို ရပ်တန့်ဖို့ လျော့ချဖို့ စစ်ရေးအရ အသုံးပြုနေတဲ့ လေယာဉ်ဆီအပါအဝင် လက်နက်တင်ပို့ရောင်းချမှုတွေကို ပိတ်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးဖြစ်တယ်။ ဒါတွေကို လျစ်လျူမရှုဘဲ စာရွက်ထဲက အမိန့် မဟုတ်ဘဲ လက်တွေ့ကျတဲ့ action တွေနဲ့ အခု ပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်ချပိုချဖို့ တောင်းဆိုတာ” ဟု အိတ်ဖွင့်ပေးစာပေးပို့သည့် မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာ နိုင်အဲမွန်က DMG သို့ ပြောသည်။
ထို့အတူ အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို ယခင်ကလည်း လျစ်လျူရှုခံနေရ၍ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အတွင်း ရုရှားနှင့် တရုတ်က မြန်မာစစ်အုပ်စုကို တိုက်ခိုက်ရေး ဒရုန်းများ ပံ့ပိုးကူညီပေးမှုအပေါ် အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။
ယင်းအပြင် စစ်အုပ်စု၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော အစီအစဉ်မှန်သမျှကို ခြွင်းချက်မရှိ ငြင်းပယ်ရန်၊ မြန်မာပြည်သူများ၏ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်နှင့် စစ်အုပ်စု၏ ပြစ်မှုကျူးလွန်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရရှိစေရေး ဖြစ်နိုင်သမျှနည်း လမ်းပေါင်းစုံဖြင့် တရားမျှတမှုကို ဖော်ဆောင်ပေးရန်ဆိုသည့် အချက်များလည်း အိတ်ဖွင့်ပေးစာတွင် ပါဝင်သည်။
“နောက်တစ်ခုက UN လို အဖွဲ့တွေအနေနဲ့ပါ အာဆီယံ နောက်ကွယ်ကနေ နေပြီး ပုန်းကွယ်မနေဘဲ ပိုမိုထိရောက်တဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနဲ့ လူသားစာနာအကူအညီတွေ တိုက်ရိုက်စီးဆင်းဖို့ လက်တွေ့ ကျတာတွေ ဆက်လုပ်ဖို့ တောင်းဆိုတာဖြစ်တယ်” ဟု နိုင်အဲမွန်က ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လူဦးရေ ၂၈,၆၀၀ ဦးထပ်မနည်းကို ဖမ်းဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂,၂၀၀ ကျော် အပါအဝင် လူဦးရေ ၆,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
လက်ရှိ မြေပြင်တွင်လည်း စစ်ကောင်စီက တိုင်းနှင့်ပြည်နယ်အများစုတွင် အရပ်သားများနေထိုင်သည့် နေရာများသို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။
“ရခိုင်မှာလည်း ပြည်သူတွေနေတဲ့နေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတာကို ပိုတွေ့လာရတယ်။ ပြည်သူတွေက နိုင်ငံတကာကို တောင်းဆိုမှုတွေလည်း ဘာမှ မထိရောက်ဘူး။ မြေပြင်မှာ အခြေနေက တစ်နေ့ ထက်တစ်နေ့ ပိုဆိုးလာနေတာက သက်သေပဲ” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် UNHCR အနေဖြင့် တရားစွဲဆိုနိုင်မည့် အထူးခုံရုံး တစ်ခုဖွဲ့စည်းရေးအပါအဝင် တရားစီရင်ရေး ဆိုင်ရာလုပ်ငန်းစဉ်များအတွက် အကူအညီများ တိုးမြှင့်ပေးရန်လည်း ဒေသတွင်း အဖွဲ့အစည်း ၁၂၁ ဖွဲ့က တောင်းဆိုထားသည်။