- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
အမေရိကန်လက်နက်များ ရောင်းချရေးနှင့် အမေရိကန်-ဘင်္ဂလားဒေ့ရှ် ပူးတွဲစစ်ရေးလေ့ကျင့်ရေး နှစ်နိုင်ငံ ဆွေးနွေး
အမေရိကန်လက်နက်များ ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချရေးနှင့် လာမည့်နွေရာသီတွင် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ အတွက် ပြီးခဲ့သော ရက်ပိုင်းအတွင်း ပစိဖိတ်ဒေသဆိုင်ရာ အမေရိက စစ်မျက်နှာမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျိုဝဲလ် ပီ ဘောင်းဝဲလ်နှင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Mar 2025

DMG ၊ မတ် ၂၇
အမေရိကန်လက်နက်များ ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချရေးနှင့် လာမည့်နွေရာသီတွင် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ အတွက် ပြီးခဲ့သော ရက်ပိုင်းအတွင်း ပစိဖိတ်ဒေသဆိုင်ရာ အမေရိက စစ်မျက်နှာမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျိုဝဲလ် ပီ ဘောင်းဝဲလ်နှင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ယခုကဲ့သို့ ဖော်ပြခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဘောင်းဝဲလ်သည် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့သည်။ ၎င်း၏ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် ဝါကာအူဇမန် အပါအဝင် စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံမှုများအတွင်း လက်နက်ရောင်းချရေး ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အမေရိကန်စစ်တပ်သည် ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် အားကောင်းသည့် ဆက်ဆံရေး ရှိထားသလို နှစ်ဘက် အကျိုးဖြစ်ထွန်းသည့် ကိစ္စရပ်များနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုများပါ ရှိသည်ဟု တွေ့ဆုံမှုများအတွင်း ဗိုလ်ချုပ်ကြီး ဘောင်းဝဲလ်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ယခုနှစ် နွေရာသီအတွင်း Tiger Lightning ဟု အမည်ပေးထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ် ကျင်းပရန် စီစဉ်ထားပြီး အဆိုပါလေ့ကျင့်မှု အတွက်ပါ ဆွေးဆွေးမှုများ ရှိခဲ့သည်။
အမေရိကန် ပစိဖိတ်စစ်ဌာနနှင့် ဘင်္ဂလားဒေ့ရှ်အကြား ၂၀၂၄ ခုနှစ် နွေရာသီတွင်လည်း ပူးတွဲ စစ်ရေးဆွေးနွေးမှု တစ်ရပ် ရှိခဲ့သည်။ Exercise Tiger Lightning - 2024 အမည်ဖြင့် ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ ကျင်းပခဲ့သည့် အဆိုပါလေ့ကျင့်ဆွေးနွေးပွဲများအတွင်း ငြိမ်းချမ်းရေးစီမံချက်များတွင် အခြေအနေအပေါ် မူတည်ပြီး ဆီလျော်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး၊ အရေးပေါ် အခြေအနေများတွင် ထိရောက်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ရေးတို့အတွက် အဓိက ဦးစားပေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
ဘောင်းဝဲလ်သည် ယခုခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် စစ်ဘက်အရာရှိများနှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် အမေရိကန်၏ ပစိဖိတ်စစ်ဌာနချုပ်အကြား သင်တန်းပေးခြင်း၊ လေ့ကျင့်ခြင်းအပါအဝင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် စစ်တပ်ဘက်က X လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။