- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အဓိက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ထိထိရောက်ရောက် ဥပဒေ၊ မူဝါဒတွေ ဆွဲပြီးတော့ လုပ်စေချင်တယ်”
လက်ရှိ ရခိုင်ပြည်တွင် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးနေမှု အခြေ အနေများနှင့် ပတ်သက်ပြီး ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်း ဉက္ကဌ ကိုရန်နောင်စိုးကို DMG က တွေ့ဆုံမေးမြန်းထားပါသည်။
07 Jan 2025
DMG ၊ အင်တာဗျူး
စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ဒေတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအားလုံး ရပ်နားထား ရသည်။
ထို့အတူ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသူများမှာလည်း စစ်ဘေးရှောင်နေကြရပြီး ဒေသခံများကို အသိပညာပေးလုပ်ငန်းများ မရှိတော့ပေ။
လက်ရှိ ရခိုင်ပြည်တွင် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးနေမှု အခြေ အနေများနှင့် ပတ်သက်ပြီး ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်း ဥက္ကဌ ကိုရန်နောင်စိုးကို DMG က တွေ့ဆုံမေးမြန်းထားပါသည်။
DMG - ဒီကာလမှာ ရခိုင်သဘာဝ ပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေလဲ သိပါရစေ။
အခုကတော့ ကျနော်တို့ စစ်ဘေးရှောင်နေရတယ်။ တခြားအလုပ်လုပ်နေတာတွေတော့ ဘာမှ မရှိပါဘူး။ စားဝတ်နေရေးပြေလည်ဖို့အတွက် ဖြစ်သလို ရုန်းကန်းနေရတဲ့ အခြေအနေပါ။
DMG - စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ဘယ်လို အကျိုးသက်ရောက်မှုရှိလဲ။
စစ်ရေးပဋိပက္ခဖြစ်နေတဲ့ အချိန်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကတော့ ကောင်းကောင်းမလုပ် နိုင်ဘူး။ လုံးဝ မလုပ်နိုင်ဘူးဆိုတော့ အကျိုးသက်ရောက်မှုက ကောင်းကျိုးထက် ဆိုးကျိုးက ရှိတယ်လို့ ခန့်မှန်းလို့ ရတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ ကွင်းဆင်းလေ့လာပြီးတော့ လုပ်ရတဲ့ အခြေအနေမျိုးမရှိတဲ့ အခါကျတော့ အသေးစိတ်တော့ ပြောဖို့ခက်တယ်။
DMG - စစ်ပွဲကြားမှာ ရခိုင်သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အခြေအနေ ဘယ်လောက်ထိမြင်နေရလဲ။
ရခိုင်မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုကတော့ ရာခိုင်နှုန်းအားဖြင့်ဆိုရင် အများကြီးရှိမယ်လို့ ခန့် မှန်း ရတယ်။ အခုက စစ်ပွဲဖြစ်နေတဲ့ကာလဆိုတော့ ဘယ်သူမှလည်း ဒီဟာတွေကို ထိထိရောက်ရောက်ကိုင် တွယ် ပြီး တော့ မလုပ်နိုင်ဘူး၊ မဖြေရှင်းနိုင်ဘူးဆိုတော့ ဆုံးရှုံးမှုကတော့ ၁၀၀ ရာခိုင်နှုန်းမှာ အနည်းဆုံးမရှိရင် တောင်မှ ၅၀ ရာခိုင်နှုန်း လောက်ဆုံးရှုံးမှုရှိတယ်လို့ ခန့်မှန်းရတယ်။
DMG - ဒီနေ့ ရခိုင်ပြည်မှာ ULA/ AA က ရခိုင်ပြည်မြို့အများစုကို ထိန်းချုပ်ထားတာမြင်ရတယ်။ ဆိုတော့ ULA/AA ရဲ့ ဘဘာဝ ပတ်ဝန်းကျင် အရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေတာမြင်ရလဲ။
အခုကျနော်တို့ မြင်တွေ့ရတာကတော့ ULA/AA အနေနဲ့ မြို့ပေါ်မှာတော့ မြို့သန့်ရှင်းရေးတွေ၊ သာယာ လှပရေးအတွက် လုပ်နေတာတွေတော့ တွေ့ရတယ်။ ဒါပေမယ့် ဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုတာက တော်တော် ကျယ်ပြန့်ပါတယ်။ ဆိုတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လုပ်ဆောင်တာ တွေတော့ မတွေ့ ရသေးဘူး။ နောက်တစ်ဖက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာနဲ့ ပတ်သက်ပြီး ULA/AA ရဲ့ မူဝါဒက ဘယ်လို မျိုးရှိတယ်ဆိုတာလည်း ကျနော်တို့ မသိသေးဘူး။ အရင်တုန်းက ဆိုရင် တောရိုင်း တိရစ္ဆာန်ထိန်းသိမ်း ရေးနဲ့ ပတ်သက်ပြီး Statement ထုတ်တာတွေတော့ တွေ့ရတယ်။ ဒါပေမဲ့ အခု ULA/AA ထဲမှာ မူဝါဒတွေ ရှိကောင်းလည်း ရှိနိုင်တယ်။ ဒါတွေကိုတော့ ကျနော်တို့ အသေးစိတ်မသိဘူး။ တကယ်လို့ မရှိသေးဘူးဆိုရင်လည်း ဒါတွေကို သေသေချာချာ လုပ်ဆောင်ဖို့အတွက် ပြောချင်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးကို အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထိထိရောက်ရောက် ဉပဒေ၊ မူဝါဒ ဆွဲပြီးတော့ လုပ်ပေးစေချင်တယ်။
DMG - အရင်တုန်းက ရခိုင်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေအများအပြားတွေ့ရ တယ်။ သူတို့တွေဘာကြောင့် အားနည်းသွား တာလဲ။ ဘယ်လို စိန်ခေါ်မှုတွေ ရှိမလဲ။
ကျနော်တို့လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အဓိက ငှက်မျိုးစိတ်တွေ၊ ပင် လယ်လိပ်တွေ၊ ရှားပါးငှက်မျိုးစိတ်တွေကို ကိုယ့်နိုင်တဲ့ဖက်က လုပ်တယ်။ ဒါပေမဲ့ အခုလို မျိုးကာလကျတော့ ကျနော်တို့ မိတ်ဖက် အဖွဲ့အစည်းတွေရှိတယ်။ ပဋိပက္ခတစ်ခုဖြစ်လာပြီး ဆိုရင် ဒါတွေကို အကုန်လုံး ရပ်ပစ်လိုက် ရတာတွေ ရှိ တယ်။ ဆိုတော့ တခြားအဖွဲ့အစည်းတွေလည်း ဒီလိုမျိုး အခက်အခဲ ရှိမယ်ထင်တယ်။ ဒါတွေကြောင့်လည်း ဒီလူတွေက လျှော့နည်းသွားတာလည်းဖြစ်နိုင်တယ်။ တခြားတစ်ဖက်မှာကျတော့ အခုလိုမျိုး အချိန်မှာ သွားရေးလာရေး အဆင်မပြေတဲ့အတွက် လုပ်ချင်ပေးမယ့် မလုပ်နိုင်တဲ့ အခက်အခဲတွေ ရှိကောင်းရှိ နိုင်တယ်။ ဒါကြောင့်လည်း လျော့နည်းလာတာဖြစ်တယ်။ ကျနော်တို့လည်း ဒီဟာတွေနဲ့ ပတ်သက်ပြီး အများကြီးလုပ်ချင်တယ်။ ဒါပေမဲ့ အခု အချိန်မှာက မလုပ်နိုင်တဲ့အတွက် စိန်ခေါ်မှုများစွာ ရှိပါတယ်။
DMG - ရခိုင်ပြည်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ ဘယ်လောက် အရေးပါလဲ။ ဆိုးကျိုး၊ ကောင်းကျိုးတွေကို ရှင်းပြပေးပါ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ တော်တော်ကျယ်ပြန့်တယ်။ ဉပမာ - သစ်တောပါမယ်။ တော တောင်ရေမြေသဘာဝ အကုန်လုံးပေါ့။ သစ်တောပြုန်းတီးလာရင်လည်း သစ်တောတွေမှီခိုတဲ့ တောရိုင်းတိရစ္ဆာန် တွေရှိမယ်။ လူသားတွေရှိမယ်။ ဒါတွေအကုန်လုံး Eco system ကွင်းဆက်သွားတာ။ တစ်ခုပျက်စီးရင် နောက်တစ်ခုလည်း ထပ်ပြီးတော့ ပျက်စီးတာပဲ။ ဆိုတော့ နောက်ဆုံး လူသားတွေအတွက် တကယ့်အရေးကြီးတဲ့ သဘာဝ သံယံဇာတ အရင်းအမြစ်တွေဆုံးရှုံးသွားတယ်ဆိုရင် ဒါက အခု ကာလမပြောနဲ့ နောက်ထပ်နှစ်ပေါင်းများ စွာလည်း ဒီဒဏ်တွေ ခံလာရမယ်။ ဒါက တကယ့်ဆိုးကျိုးပါ။ သစ်တောတွေပြုန်းတီးလာရင် ပြီးခဲ့တဲ့ မိုးဦးကာလမှာ ရေကြီးတဲ့ပုံစံမျိုးတွေ ကြည့်ပြီးတော့ သိရတာပေါ့။ မိုးရေချိန်တွေ ထိန်းသိမ်းမယ့်သစ်တောတွေ မရှိတော့ဘူး။ ဒါက သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေ ဖြစ်တယ်။ ဒီတစ်ခုတည်းမဟုတ်ပါဘူး။ ကျနော်တို့ တခြားဖက်မှာ ဒီရေတောတွေ ဆုံးရှုံးသွားရင်လည်း ပင်လယ်က မုန်တိုင်းတွေလာတဲ့အခါ ဒီရေလှိုင်းတွေကို ကာကွယ်ဖို့အတွက် ဘာမှမရှိတော့ဘူးဆိုတော့ ဒါက လူသားတွေအတွက် ကြီးမားတဲ့အန္တရာယ်တွေ၊ ဆိုးကျိုး သက်ရောက်မှုတွေကို အများ ကြီးခံစားရမယ်။
DMG - ရခိုင်ပြည်သဘာဝပတ်ဝန်းကျင် အရေးနဲ့ ပတ်သက်လို့ နောက်ထပ်ဘာတွေ ဖြည့်စွက်ပြောချင်လဲ။
လက်ရှိ ကျနော်တို့ ရခိုင်မှာဆိုရင် ULA/AA အစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုယ်တွယ်ရမယ့် အစိတ် အပိုင်းဖြစ်တယ်။ သစ်တောပြုန်းတီးမှုက လူသားတွေ လောဘတက်ပြီးတော့ မတော်မတရား မှောင်ခို ခိုးသွင်း တာတွေ၊ နိုင်ငံခြားကို ခိုးပို့တာတွေကိုတော့ ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်တယ်။ ဉပမာ- တခြား တစ်ဖက်မှာ ကြည့်မယ်ဆိုရင် သစ်တောပြုန်းတီးမှုကတော့ ကျနော်တို့ လူတွေက နေ့စဉ်နေ့တိုင်း သဘာဝ တရားကို တိုက်ရိုက် မှီခိုရတာတွေရှိတယ်။ အခုထမင်းချက်ဖို့ ထင်းလိုနေပြီ၊ ထင်းမရှိလို့ မရဘူး။ ထင်းခုတ်ရတယ်ပေါ့။ ဒါတွေကတော့ တနိုင်တပိုင် မိသားစုအတွက် ရှာဖွေပြီးတော့ စားသောက်ကြတာ။ ဒါတွေကိုတော့ သိပ်မပြော လိုပါဘူး။ တကယ့် ကြီးကြီးမားမား စီးပွားဖြစ်လုပ်တာတွေကိုတော့ ULA/AA အစိုးရအနေနဲ့ ဉပဒေ မူဝါဒတွေ ချပြီးတော့ ထိထိရောက် ရောက် လုပ်ဖို့လိုအပ်တယ်လို့ပဲ ပြောချင်ပါတယ်။
အခုလို DMG ကို အချိန်ပေးဖြေကြားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။