- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
သြစတြေးလျကမ်းခြေမှာ သောင်တင်နေသည့် လင်းပိုင်ကောင်ရေ ၁၅၀ ကျော်ကို သုတ်သင်ရှင်းလင်းမည်
ဩစတြေးလျနိုင်ငံ၊ တက်စ်မေးနီးယားပြည်နယ်ရှိ ဝေးလံခေါင်သီသော ကမ်းခြေတစ်ခု၌ သောင်တင်နေသည့် လင်းပိုင် ၁၅၀ ကျော်အား ရေထဲသို့ ပြန်ချရန် အဆင်မပြေမှုများရှိလာပြီးနောက် သုတ်သင်ရှင်းလင်းတော့မည်ဟု ဩစတြေးလျအာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားလိုသည်။
20 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၀
ဩစတြေးလျနိုင်ငံ၊ တက်စ်မေးနီးယားပြည်နယ်ရှိ ဝေးလံခေါင်သီသော ကမ်းခြေတစ်ခု၌ သောင်တင်နေသည့် လင်းပိုင် ၁၅၀ ကျော်အား ရေထဲသို့ ပြန်ချရန် အဆင်မပြေမှုများရှိလာပြီးနောက် သုတ်သင်ရှင်းလင်းတော့မည်ဟု ဩစတြေးလျအာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားလိုသည်။
ရာသီဥတုဆိုးရွားမှုနှင့် သီးခြားသတ်မှတ်ထားသော နေရာများမှနေ၍ ရေထဲသို့ ပြန်တွန်းချရန် ကြိုးပမ်းမှုများ အဆင်မပြေဖြစ်လာခဲ့ပြီးသည့်နောက်တွင် အာဏာပိုင်များက ယခုကဲ့သို့ ပြောလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခု သောင်တင်နေကြသည်မှာ ဦးခေါင်းဖွဲ့စည်းတည်ဆောက်ထားသည့် ပုံပန်းသဏ္ဍာန်၌ လူသတ်ဝေလငါး (Killer Whale) နှင့်ဆင်တူသည့်အတွက် လူသတ်ဝေလငါးအတု (False Killer Whale) ဟု ခေါ်ဆိုကြသည့် လင်းပိုင်အမျိုးအစား ဖြစ်သည်။
တက်စ်မေးနီးယားပြည်နယ်၏မြို့တော် ဟိုဘတ်မှနေ၍ ကီလိုမီတာ ၄၀၀ ခန့်အကွာတွင်ရှိသော အာသာမြစ်အနီး အနောက်မြောက်ဘက်ကမ်းရိုးတန်းတွင် ဤလင်းပိုင်အကောင်ရေ ၁၅၀ ကျော်ကို ယခုသီတင်းပတ်အတွင်း သောင်တင်လျက် တွေ့ရှိခဲ့ရသည်။
“ဝေလငါးတွေကို ရေထဲပြန်တွန်းချဖို့အတွက် ကျွန်တော့်အသင်း ကြိုးစားအားထုတ်ခဲ့ပေမယ့် ကြုံတွေ့ရတဲ့အခြေအနေတွေက အရမ်းကို စိန်ခေါ်မှု များလွန်းပါတယ်။ အမှန်တကယ် ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေအတွက် အန္တရာယ်ကြီးမားလွန်းပါတယ်” ဟု တက်စ်မေးနီးယား ပန်းခြံများနှင့် တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဝန်ဆောင်မှုတွင် တာဝန်ထမ်းဆောင်နေသော ဘရင်ဒန် ကလပ်ခ်က မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
တိရစ္ဆာန်အရေအတွက် စုစုပေါင်း ၂၇ ကောင်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး ၃၈ ကောင်ကမူ အသက်ရှင်လျက် ရှိသေးသည်ဟု ကလပ်ခ်က ပြောကြားခဲ့သည်။
သုတ်သင်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ကြာသပတေးနေ့နှောင်းပိုင်းတွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထားသည်။
တည်နေရာအခြေအနေ အပေါ်မူတည်၍ လက်လှမ်းမမီနိုင်မှု၊ သမုဒ္ဒရာ ဖြစ်စဉ်အခြေအနေများနှင့် ဝေးလံခေါင်သီသောဒေသသို့ အထူးပြုစက်ကိရိယာများရရှိရေး စိန်ခေါ်မှုများသည် သောင်တင်နေသောဖြစ်စဉ်အပေါ် တုံ့ပြန်မှုကို ရှုပ်ထွေးစေလိမ့်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဤလင်းပိုင်များကို အပူပိုင်းနှင့် အပူပိုင်းဒေသရှိ သမုဒ္ဒရာများအားလုံးတွင် တွေ့ရှိနိုင်ပြီး ယေဘုယျအားဖြင့် ကမ်းလွန်ပင်လယ်ပြင်များတွင် တွေ့ရှိနိုင်သည်ဟု အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏အဆိုအရ သိရသည်။