၂၁ ပင်လုံနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ခရိုင်အလိုက် လူထုတွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်

24 Dec 2017

၂၀၁၈ ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ စီစဉ်ထားတဲ့ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးအတွက် ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်မှာ ခရိုင်အလိုက် လူထုတွေ့ဆုံပွဲ ပြုလုပ်သွားမယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ စောမြရာဇာလင်းက DMG ကို ပြောပါတယ်။

အဲဒီလူထုတွေ့ဆုံပွဲကို လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယအပတ်မှာ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနဲ့ စစ်တွေမြို့တွေမှာ ခရိုင်အလိုက်ပြုလုပ်သွားမှာဖြစ်ပြီး မောင်တောခရိုင်ကိုတော့ စစ်တွေခရိုင်နဲ့ ပေါင်းပြီးကျင်းပသွားမှာဖြစ်သလို ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စောမြရာဇာလင်းက ဆိုပါတယ်။

မပုတ်မသိုးဆရာတော် ဦးကဝိနန္ဒ အထိမ်းအမှတ် ပူဇော်ပွဲကျင်းပသွားမယ်

ဇေယျာလင်း (ငပလီ) 22 Dec 2017

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဇလွန်မဒေးကျေးရွာမှာရှိတဲ့ မပုတ်မသိုးတဲ့ ဆရာတော်နှစ်ပါးထဲက ဆရာတော် ဦးကဝိနန္ဒရဲ့ အထိမ်းအမှတ်ပူဇော်ပွဲကို လာမယ့် ပြာသိုလဆန်း ၁၄ ရက်နေ့နဲ့ ပြာသိုလပြည့်နေ့တွေမှာ ကျင်းပသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဇလွန်မဒေးကျေးရွာ၊ ဓမ္မသစ္စာကျောင်းတိုက်အတွင်းမှာ ဆရာနှစ်ပါးရဲ့ မပုတ်မသိုးရုပ်အလောင်းတွေဟာ အံသြဖွယ်ရှိနေတာဖြစ်ပြီးတော့ ပထမဆရာတော်ဦးသုဇာတ ပျံလွန်တော်မူခဲ့တာနှစ်ပေါင်း ၃၃ နှစ် ကြာခဲ့ပြီဖြစ်သလို ဒုတိယဆရာတော် ဦးကဝိနန္ဒမှာလည်း မပုတ်မသိုးဘဲ ရှိနေတာဖြစ်ပြီးတော့ ဆရာတော်နှစ်ပါးရဲ့ရုပ်ကလပ်တွေနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေကိုတော့ ဇလွန်မဒေးကျေးရွာ၊ ဓမ္မသစ္စာကျောင်းတိုက်ဆရာတော် ဦးပညာစာရ က အခုလို မိန့်ကြားပါတယ်။

ရခိုင်အချိတ်တွေကိုရောင်းချဖို့ ဟောင်ကောင်နဲ့ သြစတြီးယားနိုင်ငံတွေက ကမ်းလှမ်းထား

ပြည့်စုံ 22 Dec 2017

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကပိုင်ရွှေကျားရက္ကန်းလုပ်ငန်းက လက်ရက်ကန်းထည်တွေဖြစ်တဲ့ ရခိုင်အချိတ်တွေကိုရောင်းချပေးဖို့ ဟောင်ကောင်နဲ့ သြစတြီးယားနိုင်ငံတွေက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ငပလီကမ်းခြေကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့ ပုလဲကျွန်းကို သွားရောက်လည်ပတ်သင့်

ဇေယျာလင်း (ငပလီ) 22 Dec 2017

ရခိုင်ပြည်နယ်အတွင်းက ကမ္ဘာကျော် ငပလီကမ်းခြေကို လာရောက်လည်ပတ်သူတွေအနေနဲ့ ငပလီကမ်းခြေအနီးက နာမည်ကျော် ပုလဲကျွန်းဟာ သွားရောက်လည်ပတ်ဖို့ကောင်းတဲ့ နေရာတစ်ဖြစ်ပါတယ်။ ပုလဲကျွန်းဟာ ငပလီမြို့ မြပြင်ရပ်ကွက်ကမ်းခြေအနီးမှာ တည်ရှိပြီးတော့ အပျော်စီးလှေနဲ့ မိနစ် ၂၀ သွားရင် ပုလဲကျွန်းကိုရောက်ရှိနိုင်ပါတယ်။

ရခိုင်အရေးကို အမျိုးသားရေးစိတ်ဓာတ်တစ်ခုတည်းနဲ့ဖြေရှင်းရင် အမှားတွေကျူးလွန်မိနိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

15 Dec 2017

ရခိုင်အရေးကိစ္စနဲ့ပတ်သတ်ပြီး အမှန်တရားကို ဖော်ထုတ်နိုင်ဖို့အတွက် နယ်မြေအနေအထားအရကြည့်ရင် အင်အားရှိတယ်လို့ယူဆနိုင်ပေမယ့် ကမ္ဘာကြီးနဲ့ယှဉ်ရင် ရခိုင့်အရေးသတင်းတွေဟာ အမှန်တရားပျောက်ကွယ်နေတဲ့ အချိန်ဖြစ်တာကြောင့် ရခိုင်အရေးဖြေရှင်းရာမှာ အမျိုးသားရေးစိတ်ဓာတ်တစ်ခုတည်းနဲ့ ဖြေရှင်းရင်

အမျိုးသမီးအကြမ်းဖက်မှု ပပျောက်စေရေး ၁၆ ရက်တာလှုပ်ရှားမှု ရခိုင်မှာ ပြုလုပ်

နေဝင်းစံ 08 Dec 2017

အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုပပျောက်စေရေးအတွက် ဖဲကြိုးဖြူတွေတပ်ဆင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုကို ရခိုင်ပြည်နယ်မှာ ပြုလုပ်လျက်ရှိပါတယ်။

ငပလီကမ်းခြေမှာ ဟိုတယ်အဆောက်အဦးများ တရားမဝင် တိုးချဲ့လုပ်ကိုင်နေဟုဆို

နေဝင်းစံ 07 Dec 2017

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရဲ့ငပလီကမ်းခြေမှာ ဟိုတယ်အဆောက်အဦးတွေ တရားမဝင်တိုးချဲ့လုပ်ကိုင် တာတွေကြောင့် ပြည်သူတွေဟာ ဘက်ပေါင်းစုံကထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ သံတွဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

မာန်အောင်လေယာဉ်ကွင်းတိုးချဲ့ရာမှာ ပါဝင်သွားတဲ့ခြံမြေတွေအတွက် လျော်ကြေးငွေပေးရာမှာ နည်းနေ

အောင်ကောင်းဇော် 07 Dec 2017

မာန်အောင်မြို့နယ် စမုံတဲလေယာဉ်ကွင်းကို ပေ ၇၀၀၀ ကျော် တိုးချဲ့လုပ်ကိုင်ရာမှာ ဒေသခံ ၃၁ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေနဲ့ ခြံမြေတွေ ပါဝင်သွားတဲ့အတွက် ၂၈ ဦးကို လျော်ကြေပေးလိုက်ပြီဖြစ်ပေမယ့် နောက်ထပ် ဒေသခံ ၃ ဦးကို လျော်ကြေးငွေပေးဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

အခက်အခဲဖြစ်နေသည့် အဝေးသင်ကျောင်းသားများကို ကျောင်းစရိတ်ထောက်ပံ့

11 Oct 2017

 

ရခိုင်ပြည်နယ်အတွင်းက စစ်တွေတက္ကသိုလ်တက်ရောက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၅၇ ဦးအတွက် ကျောင်းစရိတ်အပါအဝင် အခြားကျောင်းသုံးပစ္စည်းတွေကို ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့ စစ်တွေမြို့ အာရိယာန်ခန်းမမှာ ပြည်တွင်းပြည်ပ အလှူရှင်တွေက ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ 

ရခိုင်က ရူပဗေဒဘာသာရပ်သင် ဆရာ၊ ဆရာမများကို သင်တန်းပို့ချ

11 Oct 2017

ရခိုင်ပြည်နယ်အတွင်းက အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို ရူပဗေဒဘာသာရပ်မှာ လက်တွေ့သင်ကြားပေးနိုင်ဖို့အတွက် ပြည်နယ်အတွင်းမှာရှိတဲ့ ရူပဗေဒဆရာ၊ ဆရာမတွေကို ရူပဗေဒဘာသာရပ်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို ပို့ချပေးနေပြီး သင်ထောက်ကူပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးအပ်လျက်ရှိပါတယ်။ 

ပါတီညီလာခံ ကျင်းပမည့်ကိစ္စအပါအဝင် လတ်တလောရခိုင်အရေးနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်မည်

09 Oct 2017

လာမယ့် ဒီဇင်ဘာလအတွင်း ပါတီညီလာခံကျင်းပဖြစ်ဖို့၊ မဖြစ်ဖို့ ကိစ္စအပါအဝင် လတ်တလော ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက တစ်ပတ်အတွင်း မျက်နှာစုံညီအစည်းအဝေးတစ်ခု ပြုလုပ်မှာဖြစ်ပါတယ်။

ဝိုင်းခဈေး မြင့်လာသောကြောင့် တက္ကသိုလ်ကျောင်းသားများ အခက်တွေ့

07 Oct 2017

စစ်တွေမြို့မှာ အဝေးသင်တက္ကသိုလ် စာသင်ဝိုင်းကြေးတွေ တစ်နှစ်ထက်တစ်နှစ် ဈေးမြင့်တက်လာတဲ့အပြင် အခြား နေစရိတ်၊ စားစရိတ်တွေပါ ဈေးကြီးနေတဲ့အတွက်ကြောင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ ငွေကြေးမလုံလောက်တဲ့ အခက်အခဲဖြစ်နေတယ်လို့ အဝေးသင်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် မူလွန်ကျောင်းများမှာ သွေးလွန်တုပ်ကွေး ပညာပေးမှုများ လုပ်ဆောင်နေ

20 Jun 2017

နေရာအနှံ့ဖြစ်ပေါ်နေတဲ့ သွေးလွန်တုပ်ကွေး ကင်းဝေးရေးအတွတ် ပုဏ္ဏားကျွန်းမြို့နယ် မူလွန်ကျောင်းတွေမှာ မြို့နယ်ဆရာဝန်ကြီးဦး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကျောက်ဖြူ ဒီရေတော ပြုန်းတီးမှု

17 Jun 2017

ရခိုင်ပြည်နယ်တွင် ဒီရေတောပြုန်တီးနေရခြင်းမှာ ပုဇွန်ကန်နှင့်လယ်မြေများတိုးချဲ့နေခြင်းကြောင့်ဟု တာဝန်ရှိသူမှပြောကြားလိုက်ပါတယ်။

ပညာရေးဆိုင်ရာ ဘုံသဘောတူညီချက်များ ရရှိရန် ရခိုင်ကျောင်းသားများ ဆွေးနွေး

17 Jun 2017

ရခိုင်ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားကိုယ်စားလှယ်တွေ စစ်တွေတက္ကသိုလ်မှာ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ နှစ်ရက်ကြာတွေ့ဆုံပွဲပြုလုပ်နေပါတယ်။ တပြည်နယ်လုံးမှာရှိတဲ့ ကျောင်းသားအရေးနဲ့ ပညာရေးကိစ္စတွေမှာ ဘုံသဘောတူညီချက်တွေ ထုတ်ဖော်နိုင်ဖို့ အခုလိုဆွေးနွေးနေတာပါ။

ဂျိတ္တောရပ်ကွက်က ပိုင်တဲနှင့်ငါးလှန်းကွင်းများကို ဟိုတယ်လုပ်ငန်းရှင်များ ဖယ်ရှင်းခိုင်း

27 May 2017

သံတွဲခရိုင်၊ ငပလီမြို့နယ်၊ ဂျိတ္တောရပ်ကွက်၊ နတ်မှော်ကမ်းခြေ တစ်လျှောက်မှာရှိတဲ့ ကျော့ပိုက်လုပ်ငန်းရှင်တွေရဲ့ ပိုက်တဲနဲ့ငါးလှန်းကွင်းတွေကို ဟိုတယ်တည်းခိုခန်းလုပ်ငန်းရှင်တွေက ဖယ်ရှားခိုင်းနေတဲ့အတွက် ကျော့ပိုက်လုပ်ငန်းရှင်တွေ အခက်တွေ့နေကြပါတယ်။

သံတွဲမြို့အတွင်းက ကျောင်းသား/သူများ ကျောင်းအပ်နှံရေးမြင်ကွင်း

25 May 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ယနေ့ (မတ်လ ၂၅ ရက်နေ့) စတင်ကာ ကျောင်းစတင်အပ်နှံနေကြပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့အတွင်း ကျောင်းအပ်နှံနေတဲ့မြင်ကွင်းဖြစ်ပါတယ်။ ကျောင်းသားမိဘတွေကတော့ ကျောင်းအပ်နှံတဲ့အခါမှာ အခက်အခဲ တစ်စုံတစ်ရာ မရှိဘူးလို့လည်း ပြောဆိုကြပါတယ်။

ဆတ်ရိုးကျစက်မှုရပ်ကွက်က သိမ်းဆည်းခံလယ်ယာမြေ

22 May 2017

စစ်တွေမြို့နယ် ဆတ်ရိုးကျ စက်မှုရပ်ကွက်မှာ ပြီးခဲ့တဲ့အစိုးရလက်ထက်ဝန်ကြီးတွေနဲ့ဌာနဆိုင်ရာ အကြီးအကဲတွေ သိမ်းဆည်းထားတဲ့လယ်ယာမြေတွေနဲ့ ပတ်သတ်ပြီး တစ်ဧကကို ကျပ်ငွေသိန်း၃၀ လျှော်ကြေးပေးအပ်သွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်စုပေါင်းရုံးမှာ လယ်သမားတွေကို တွေဆုံညှိနှိူင်းပြောဆိုလိုက်ပါတယ်။

မြောက်ဦးမှာ ဗုဒ္ဓဘာသာလူငယ်များ ခေါင်းဆောင်မှုသင်တန်းပြုလုပ်

22 May 2017

ထိုင်းနိုင်ငံ ဗုဒ္ဓတက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ဆရာတော် အရှင်ပညာလင်္ကာရက ဦးဆောင်ပြီးေ မောက်ဦးမြို့ ရတနာမာန်အောင် ဘုန်းတော်ကြီးကျောင်းမှာ လူငယ်တွေကို ဗုဒ္ဓဘာသာလူငယ်များ ခေါင်းဆောင်မှူစွမ်းရည်မြှင့် သင်တန်းကို အခမဲ့သင်ကြားပေးနေပါတယ်။ 

ရခိုင်လယ်သမားတွေ လယ်မြေစွန့်ခွာမှုတွေများပြားလာ

19 May 2017

ရခိုင်ပြည်နယ်က လယ်သမားတွေအနေနဲ့ လယ်ယာမြေလုပ်ကိုင်တာဟာ အကျိုးအမြတ်မရှိသလောက် နည်းပါးနေတာကြောင့် နှစ်စဉ် လယ်ယာမြေကို စွန့်ခွါတဲ့နှုန်းထားက တဖြေးဖြေးပိုများလာနေတယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂရဲ့ ထွေထွေအတွင်းရေးမှူး ဦးကျော်ဇံက DMG ကိုပြောပါတယ်။

Showing 301-320 of 349 items.