USDP က ဗဟိုအလုပ်အမှုဆောင်တွေ မာန်အောင်မြို့နယ်က ပါတီဝင်များနှင့်တွေ့ဆုံ

14 Feb 2018

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟာ ပါတီဝင်တွေရဲ့ အောက်ခြေအဆင့် လိုအပ်ချက်တွေသိရှိနိုင်ဖို့အတွက် မာန်အောင်မြို့နယ်က ပါတီဝင်တွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဆန္ဒဖော်ထုတ်

14 Feb 2018

ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ဦးပဋိပက္ခမှာ အရပ်သားတွေကို အင်အားသုံး အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့နဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

တရုတ်မှာအလုပ်သွားလုပ်သည့် ကျောက်ဖြူမြို့နယ်က လူ(၁၃) ဦး ဖမ်းဆီးခံထားရ

13 Feb 2018

ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ကျောက်ဖြူမြို့နယ်၊ ဂြင်ကြီးကျေးရွာ၊ မြို့ချောင်းကျေးရွာနဲ့ မဒေးကျွန်းကျေးရွာတွေကနေ တရုတ်နိုင်ငံကို အလုပ်လုပ်ဖို့သွားရောက်တဲ့ လူ(၁၃) ဦးဟာ တရားမဝင်ဝင်ရောက်မှုကြောင့် တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေး

10 Feb 2018

▪ နိုင်ငံတော်ပုန်ကန်မှု အပါအဝင် ပုဒ်မသုံးခုနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက စစ်တွေခရိုင်တရားရုံးနှင့် မြို့နယ်ရုံးတွေမှာ ဒုတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

စစ်မှုထမ်းဟောင်းအဖွဲ့ပိုင်မြေနေရာကို ဥက္ကဋ္ဌရဲ့ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိဟုဆို

10 Feb 2018

▪ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ စစ်မှုထမ်းဟောင်းပိုင်မြေနေရာတစ်ချို့ကို အရပ်သားတွေထံ ရောင်းချထားမှု၊ စစ်မှုထမ်းဟောင်းတွေက မြေနေရာလျှောက်ထားပေမယ့် ထုတ်ပေးမှုမရှိတာတွေကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌရဲ့ မြေနေရာစီမံဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ တောင်ကုတ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေက ပြောဆိုထားပေမယ့် ဥက္ကဌဖြစ်တဲ့ ဗိုလ်ကြီးတင်အုန်းကတော့ အဲ့ဒါကို ငြင်းဆိုထားပါတယ်။

၂၀၁၆ ဘက်ဂျက်ငွေထဲမှ ပိုလျှံငွေ ၄.၄၂ ဘီလီယံကို ရခိုင်အစိုးရက ပြန်မအပ်ခဲ့ဟု ဒေါက်တာအေးမောင်ဆို

10 Feb 2018

▪ ရခိုင်ပြည်နယ်ရဲ့ ၂၀၁၆ - ၁၇ ဘက်ဂျက်ငွေထဲက ပိုလျှံငွေ ၄.၄၂ ဘီလီယံကို ပြည်နယ်အစိုးရက ပြန်မအပ်ဘူးလို့ ဖမ်းဆီးခံထားရတဲ့ အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မနေ့က ရုံးထုတ်တဲ့အခါ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မြောက်ဦးပဋိပက္ခဖြစ်စဉ်အတွက် ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

29 Jan 2018

မြောက်ဦးပဋိပက္ခဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့အတွက် ရခိုင်ပြည်နယ်လွှတ်တော်က မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့အတွက် မဲခွဲဆုံးဖြတ်ခဲ့တဲ့အခါမှာ အစည်းအဝေးတက်ရောက်လာတဲ့ ကိုယ်စားလှယ် ၄၀ ဦးအနက် ကန့်ကွက်မဲ ၁၆ မဲ၊ ကြားနေမဲ ၄ မဲနဲ့ ထောက်ခံမဲ ၂၀ မဲ ရှိခဲ့ပါတယ်။

လစ်လပ်နေတဲ့ စည်ပင်ဝန်ကြီးနေရာကို စိုက်ပျိုးရေးဝန်ကြီးဦးကျော်လွင်က ပူးတွဲတာဝန်ထမ်းဆောင်နေ

29 Jan 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးနေရာကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပူးတွဲတာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

ရခိုင်မျိုးချစ်ပါတီနှင့် ပေါင်းစည်းရေးကို ပါတီညီလာခံပြီးမှသာ ဆုံးဖြတ်သွားမည်ဟု ALD ဆို

27 Jan 2018

နှစ်ပါတီပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ရခိုင်မျိုးချစ်ပါတီဖက်က ကမ်းလှမ်းလာမှုအပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနှင့် ပါတီညီလာခံပြီးမှသာ အဆုံးအဖြတ်ပေးနိုင်မှာဖြစ်တယ်လို့ အကြောင်းပြန်ကြောင်း ရခိုင်မျိုးချစ်ပါတီက ပြောပါတယ်။

ပြန်လာမယ့်ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားက အဓိကအချက်ဖြစ်တယ်လို့ ဆို

27 Jan 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေ ပြန်လာမယ်ဆိုရင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားက အဓိကအချက်ဖြစ်တယ်လို့ တောင်တောပြိုလက်ဝဲမြို့ လက်ခံရေးစခန်းမှ လဝက အရာရှိတစ်ဦးက ပြောဆိုလိုက်ပါတယ်။

ပိုလျှံရံပုံငွေသုံးစွဲခွင့်နဲ့ပတ်သက်ပြီး ရခိုင်လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူသွားမယ်

27 Jan 2018

 ရခိုင်ပြည်နယ်အတွင်းက ဌာနဆိုင်ရာတွေရဲ့ ပိုလျှံရံပုံငွေကို ပြန်လည်သုံးစွဲခွင့်အတွက် အတည်ပြုချက်ယူနိုင်ဖို့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူထားတယ်လို့ သိရပါတယ်။

ပိုလျှံရံပုံငွေသုံးစွဲခွင့် သုံးစွဲနိုင်ရေးအတည်ပြုချက်အပြင် မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့လည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့စည်းပြီးတော့ အတည်ပြုသွားမှာဖြစ်တယ်လို့ ပြည်နယ်လွှတ်တေ်ာ ဒု-ဥက္ကဌ ဦးမြသန်းကပြောပါတယ်။

သဘာဝအတိုင်း ငါးပုစွန်မွေးမြူရေးလုပ်နေသူတွေ နည်းပညာအထောက်အပံ့ လိုအပ်နေ

26 Jan 2018

ပင်လယ်ပြင်မှာ စက်ကိရိယာတွေနဲ့ ငါးဖမ်းဆီးမှုတွေ များလာတာကြောင့် ရမ်းဗြဲမြို့နယ်က သဘာဝအတိုင်း ငါးပုစွန်မွေးမြူသူတွေမှာ တစ်နှစ်ထက်တစ်နှစ် ငါး၊ ပုစွန်ထွက်နှုန်း နည်းပါးလာတယ်လို့ ငါးပုစွန်မွေးမြူသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

စားသောက်ကုန်လုပ်ငန်းရှင်တွေကို FDA မှာ လုပ်ငန်းလိုင်စင်လျှောက်ပြီးလုပ်ကြဖို့ အသိပညာပေး

26 Jan 2018

အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) မှ ဦးစီးပြီး ကျောက်ဖြူမြို့မှာ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ခုကို ကျောက်ဖြူပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရခိုင်တေးသံရှင် ကိုကိုနိုင်(ဗျာလ) ရဲ့ နောက်ဆုံးခရီး

23 Jan 2018

ရခိုင်အမျိုးသားကိုယ်စားပြု ဗျာလသီချင်းဖြင့် နာမည်ကြီးလူသိများလာတဲ့ ရခိုင်တေးသံရှင် မာန်အောင်ဇာတိ ကိုကိုနိုင်(ဗျာလ)ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်က ရန်ကုန်မြို့ ရေဝေးသုဿန်မှာ သင်္ဂြိုဟ်ခဲ့ပြီး သူ့ရဲ့နောက်ဆုံးခရီးကိုတော့ အနုပညာအသိုင်းအဝိုင်း အပါအဝင် လူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ကိုကိုနိုင် (ခ) ဦးတင်ထွန်းနိုင် (အသက် ၄၇ နှစ်) ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်မြို့ Green Cross Hospital မှာ သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားတာဖြစ်ပြီး သူကွန်လွန်သွားတဲ့အပေါ် အရမ်းစိတ်မကောင်းဖြစ်မိတယ်လို့ ရခိုင်တေးသံရှင်တစ်ဦးဖြစ်တဲ့ မစိမ်းလဲ့လဲ့ က ပြောပါတယ်။

ရခိုင် - ဗမာ မုန်းတီးရေးကို မလုပ်ဆောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရတိုက်တွန်း

23 Jan 2018

မြောက်ဦးမြို့ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး အပြင်လူ့အဖွဲ့အစည်းမှာရော၊ လူမှုကွန်ယက်စာမျက်နှာမှာရော ရခိုင်၊ ဗမာ မုန်းတီးရေးကို သွေးထိုးလှုံ့ဆောင်မှုတွေ၊ ပြောဆိုရေးသားနေတာတွေကို မလုပ်ဆောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ စစ်တွေရှိ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ လတ်တလေဖြစ်နေတဲ့ ရသေ့တောင်ကိစ္စနဲ့ မြောက်ဦးပဋိပက္ခတို့ကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ရခိုင်ဗမာမုန်းတီးရေးကို မလုပ်ကြဖို့ ပြောကြားခဲ့ပါတယ်။

ခေတ်ဟောင်းကလိုမျိုး ကျင့်သုံးတယ်ဆိုရင် ဒီမိုကရေစီဆိုတာဘာထူးသလဲလို့ အစိုးရကိုမေးခွန်းထုတ်

22 Jan 2018

မြောက်ဦးဖြစ်စဉ်အတွင်း အရပ်သား ၇ ဦးအထိ သေဆုံးမှုတွေရှိခဲ့တဲ့အတွက် အခုဖြစ်စဉ်အတွင်း အစိုးရဟာ ငြိမ်ဝပ်ပိပြားရေးကိုဆောင်ရွက်တဲ့အခါမှာ ခေတ်ဟောင်းကကျင့်သုံးသလိုမျိုး လုပ်တယ်ဆိုရင် ဒီမိုကရေစီဘာထူး မလဲလို့ မေးခွန်းထုတ်လိုက်သလို ပြည်သူတွေပေးဆပ်ခဲ့တာ ဘာထူးမလဲလို့လည်း စစ်တွေအရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက အစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။

မှားယွင်းတာတွေရှိခဲ့ရင် အရေးယူခံဖို့ အဆင်အသင့်ရှိကြောင်း ဝန်ကြီးချုပ် ဦးညီပု ဆို

22 Jan 2018

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေအားလုံးဟာ မိမိအပေါ်တာဝန်ရှိပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေအပေါ် တာဝန်ကျေပွန်အောင် လုပ်ဆောင်နေပြီး အကယ်၍ ပျက်ကွက်ခဲ့ပါက အရေးယူခံဖို့ အဆင်အသင့်ရှိတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်ပါတယ်။

မာန်အောင်က ကျောင်းသားမိဘတွေ အစိုးရကျောင်းတွေအပေါ်မှာ ယုံကြည်ချက်ကင်းမဲ့နေတယ်လို့ဆို

21 Jan 2018

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က အစိုးရကျောင်းတွေမှာ ပညာရေးနိမ့်ကျမှုတွေ ရှိနေတာဟာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေက အစိုးရကျောင်းတွေအပေါ်မှာ ယုံကြည်ချက် ကင်းမဲ့နေတာကြောင့် ဖြစ်တယ်လို့ မာန်အောင်ရွှေပန်းထိမ်လူငယ်များအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့ပေမယ့် သက်သေတစ်စုံတစ်ရာမတွေ့ရှိခဲ့

21 Jan 2018

ဒေါက်တာအေးမောင်ကို ဖမ်းဆီးပြီး ၂ နာရီခန့်အကြာမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ လိုအပ်တဲ့ သက်သေအထောက်အထားတွေကို အသိသက်သေတွေနဲ့ အတူ လာရောက်ရှာဖွေခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရမ်းဗြဲမြို့သစ်စီမံကိန်းကို အစိုးရရဲ့ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေ

21 Jan 2018

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့မှာ လူဦးရေထူထပ်လာနေတဲ့အတွက် မြို့သစ်စီမံကိန်းတစ်ခုကို ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလလောက်ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီးတော့ စီမံကိန်းပြီးတဲ့အခါမှာလည်း ပိုလျှံတဲ့မြေတွေကို ပြန်လည်ရောင်းချပေးသွားမယ်လို့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က DMG ကို ပြောဆိုလိုက်ပါတယ်။

Showing 261-280 of 349 items.