၂၁ ပင်လုံနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ခရိုင်အလိုက် လူထုတွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်
24 Dec 2017
၂၀၁၈ ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ စီစဉ်ထားတဲ့ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးအတွက် ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်မှာ ခရိုင်အလိုက် လူထုတွေ့ဆုံပွဲ ပြုလုပ်သွားမယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ စောမြရာဇာလင်းက DMG ကို ပြောပါတယ်။
အဲဒီလူထုတွေ့ဆုံပွဲကို လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယအပတ်မှာ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနဲ့ စစ်တွေမြို့တွေမှာ ခရိုင်အလိုက်ပြုလုပ်သွားမှာဖြစ်ပြီး မောင်တောခရိုင်ကိုတော့ စစ်တွေခရိုင်နဲ့ ပေါင်းပြီးကျင်းပသွားမှာဖြစ်သလို ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စောမြရာဇာလင်းက ဆိုပါတယ်။