ရခိုင်မှာ နှစ်လအတွင်း တရားမဝင်ခိုးထုတ်တဲ့ သစ်တန်ချိန် ၁၈၀ ကျော်ဖမ်းဆီးရမိ

ခိုင်ရိုးလ 24 May 2018

dtv news - ရခိုင်ပြည်နယ်မှာ ၂ လအတွင်း တရားမဝင်ခိုးထုတ်တဲ့ သစ်တန်ချိန် ၁၈၀ ကျော်ကို သစ်တောဦးစီးဌာနက ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်သစ်တောဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးကပြောပါတယ်။

ရာမောင်ကြိုးတံတား ဖြတ်သန်းခွင့် သတ်မှတ်တန်ချိန်ထက် လျော့ချဖို့ ညွှန်ကြား

စိမ်းကိုကို 24 May 2018

dtv news - ရန်ကုန်-စစ်တွေကားလမ်းမှာရှိသည့် ရာမောင်ကြိုးတားတံတားမှာ ကြိုးများရေဝင်ကာ ပျက်စီးနေသည့်အတွက် ဖြတ်သန်းသွားလာနေသည့် ယာဉ်များအား ယခင်သတ်မှတ်တန်ချိန်လျော့ချ မောင်းနှင်းရန် ရခိုင်ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားလိုက်သည်ဟု သိရသည်။

ကျေးရွာသားများကိုယ်တိုင် စီမံကိန်းရေးဆွဲလုပ်ကိုင်နိုင်စေရန် သင်ကြားပို့ချ

ခိုင်ရိုးလ 23 May 2018

ကျေးရွာတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကျေးရွာသားတွေကိုယ်တိုင် စီမံကိန်းရေးဆွဲပြီးလုပ်ကိုင်နိုင် စေဖို့အတွက် စစ်တွေမြို့နယ်အတွင်းက ကျေးရွာ ၇ ရွာရဲ့ကိုယ်စားပြုသူ ၁၄ ဦးကို စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သင်တန်းပို့ချပေးလျက်ရှိပါတယ်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က ဦးဆောင်ပြီး စာသင်ကျောင်းဆောက်လုပ်လှူဒါန်း

ခင်သရဖီဦး 23 May 2018

dtv news - မင်းပြားမြို့နယ်၊ လိပ်ကျောက်ရကျေးရွာမှာ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က ဦးဆောင်ပြီး စာသင်ကျောင်း ဆောင်တစ်ခုကို မေလ ၂၂ ရက်နေ့ စတင်ဆောက်နေပါတယ်။

သတင်း - ခင်သရီဖီဦး

မာန်အောင်လေကြောင်းလိုင်းကို မေလ ၃၀ ရက်ကနေ ၄ လကြာ ရပ်နားမည်

အောင်ကောင်းဇော် 23 May 2018

dtv news - မာန်အောင်လေကြောင်းလိုင်းကို မေလ ၃၀ ရက်နေ့ကနေ ဇွန်၊ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေအထိ ရပ်နားသွားမယ်လို့ အဲဒီလေကြောင်းလိုင်းကို တာဝန်ယူထားတဲ့ မာန်အောင် အများပိုင်ကုမ္ပဏီရဲ့ တာဝန် ရှိသူတွေဆီက သိရပါတယ်။

တရားလိုမရောက်လာတဲ့အတွက် ဖမ်းဆီးခံထားရသူတွေနဲ့ မိသားစုဝင်တွေက မေးခွန်းထုတ်

ခိုင်ရိုးလ 22 May 2018

dtv news - စစ်တွေပေါက်ကွဲမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူနှစ်ဦးကို မေလ ၂၁ ရက်နေ့ ရုံးထုတ်မှာ တရားလို မရောက်လာတဲ့အပေါ် ဖမ်းဆီးခံထားရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက အမှုကိုအချိန်ကြန့်ကြာအောင် ဆွဲထားတယ်ဆိုပြီး ပြောဆိုနေ ကြတာဖြစ်ပါတယ်။

ရှေးဟောင်းမြောက်ဦးမြို့သန့်ရှင်းရေး လူငယ်များ ကမ်ပိန်းပြုလုပ်

ခင်သရဖီဦး 22 May 2018

ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်ယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့သန့်ရှင်းသာယာရေးအတွက် အမှိုက်နဲ့ပတ်သက်တဲ့ Keep Mrauk Oo Clean ကမ်ပိန်းတစ်ခုကို မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ မြောက်ဦးလူငယ်တွေစုပေါင်း လုပ်ဆောင်နေကြပါတယ်။

ဂွမြို့နယ်မှာ ဆင်ရိုင်းဝင်ရောက်မှုအန္တရာယ်ကို ဆိုးဝါးစွာကြုံတွေ့နေရ

22 May 2018

ရခိုင်ပြည်နယ်ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့နယ်ခွဲ ဘဝင်ကျေးရွာမှာ ဆင်ရိုင်းဝင်ရောက်မှုအန္တရာယ်ကို ဆိုးဝါးစွာကြုံတွေ့နေရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

စစ်တွေမှာကျင်းပမည့် အနုပညာစုံညီပွဲတော် ရက်ရွေ့ဆိုင်းလိုက်ရ

စိမ်းကိုကို 22 May 2018

ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ် တိုင်းရင်းသားစာပေယဉ်ကျေးမှုဦးစီးဌာနတို့က ကြီးမှူးပြီးကျင်းပမယ့် တိုင်းရင်းသားလူမျိုးစုများ စုံညီပွဲတော်ကို ရက်ရွေ့ဆိုင်းလိုက်ပြီး ထပ်မံညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

စာချုပ်ပါစည်းကမ်းအတိုင်း မလိုက်နာတဲ့ ရခိုင်ကဆောက်လုပ်ရေးလုပ်ငန်းတွေကို တရားစွဲမယ်

21 May 2018

dtv news - စာချုပ်ပါစည်းကမ်းအတိုင်း မလိုက်နာတဲ့ ရခိုင်ပြည်နယ်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရားစွဲဆိုမယ့်အဆင့်ထိ အစီအစဉ်တွေရှိတယ်လို့ ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက DMG ကို ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားကျေးရွာတွေ ပြန်လည်ထူထောင်ရေး မောင်တောမှာ အစည်းအဝေးပြုလုပ်

21 May 2018

dtv news - မောင်တောခရိုင်အတွင်း တိုင်းရင်းသားကျေးရွာတွေ ရေရှည်တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားကျေးရွာတွေ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို မေလ ၁၉ ရက်နေ့က မောင်တောမြို့ မြို့မကျောင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - ဝံသ (မောင်တော)

ထင်းအစား လောင်စာတောင့်ကို အသုံးပြုခြင်းအားဖြင့် သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်

စိမ်းကိုကို 21 May 2018

dtv news - စပါးခွံကနေ ထုတ်လုပ်တဲ့ လောင်စာတောင့်တွေကို ထင်းအစား အသုံးပြုနိုင်ပါက ရခိုင်ပြည်နယ်မှာ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်တယ်လို့ လောင်စာတောင့်ထုတ်လုပ်သူတွေဆီက သိရပါတယ်။

လေးမြို့မြစ်အတွင်း ကျောက်ထုတ်လုပ်မှုကြောင့် ကိုင်းမြေများ ပျက်စီးလာ

ခိုင်ရိုးလ 21 May 2018

ရခိုင်ပြည်နယ်အတွင်းက လေးမြို့မြစ်အထက်ပိုင်းတစ်လျောက်မှာ ကျောက်ထုတ်လုပ်မှုတွေ များလာနေပြီးတော့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ကမ်းပါးပြိုကျမှုတွေရှိလာပြီး ကိုင်းမြေတွေ ပျက်စီးဆုံးရှုံးနေတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

မြောက်ဦး- ကျောက်တော် ရထားလမ်းပိုင်းကို ဖျက်သိမ်းပြီး တောင်သူတွေအတွက် မြေညှိပေး

စိမ်းကိုကို 21 May 2018

dtv news - စစ်တွေ - မင်းဘူးရထားလမ်းမှာ ပါဝင်တဲ့ ကျောက်တော်- မြောက်ဦးရထားလမ်းပိုင်းအဖြစ် သိမ်းယူထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေဆီပေးအပ်ပြီး လမ်းမြေသားတွေကို ပြန်လည်မြေညှိပေးတာတွေ ဆောင်ရွက်နေတယ်လို့ ရထားလမ်းစီမံကိန်းရံုံးက သိရပါတယ်။

သတင်း - စိမ်းကိုကို

ရခိုင်ဘဏ္ဍာရေးဝန်ကြီးကို အချက် ၆ ချက်ဖြင့် စွဲချက်တင်စစ်ဆေး

21 May 2018

dtv news - ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးရဲ့ လက်မှတ်ရေးထိုးတိုင်ကြားမှုကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို အချက် ၆ ချက်နဲ့ စွဲချင်တင်ပြီး မနေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာခေါ်ယူ စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သတင်း - နေဝင်းစံ

ရခိုင်ဆားလုပ်ငန်း နည်းပညာအဆင့်မမြှင့်နိုင်သည့်အတွက် စားသုံးသူအကြိုက် မလုပ်နိုင်သေး

စိမ်းကိုကို 21 May 2018

dtv news - ရခိုင်ပြည်နယ်အတွင်းက ထုတ်လုပ်တဲ့ဆားတွေဟာ နည်းပညာအဆင့်မမြှင့်နိုင်သေးတဲ့အတွက်၊ ဆားထုတ်လုပ်မှုအပိုင်းမှာလည်း အရည်အသွေးမကောင်းသလို စားသုံးသူအကြိုက် မလုပ်နိုင်သေး တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။

သတင်း - စိမ်းကိုကို

ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေ လိုင်စင်ရရှိရေးကို လိုလားနေကြ

19 May 2018

ရခိုင်ပြည်နယ်အတွင်းက သံတွဲခရိုင်၊ ငပလီမြို့အပါအဝင် ဘေးတွဲဆိုင်ကယ်ရှိတဲ့မြို့နယ်တစ်ချို့က ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေဟာ လိုင်စင်မရှိတဲ့အတွက် လွတ်လပ်စွာမောင်းနှင်ခွင့်မရှိဘဲ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြတဲ့အတွက် လိုင်စင်ရရှိရေးကို လိုလားနေကြတာဖြစ်ပါတယ်။

လယ်ယာထွက်ကုန်တွေကို ပုံမှန်တင်ပို့နိုင်မယ့် ဈေးကွက်တွေ ဖော်ဆောင်ပေးဖို့ လိုအပ်

19 May 2018

dtv news - ရခိုင်ပြည်နယ်အတွင်းက လယ်ယာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက်ဆိုရင် လယ်ယာထွက်ကုန်တွေကို ပုံမှန်တင်ပို့နိုင်မယ့်ဈေးကွက်တွေ ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ရခိုင်ပြည်နယ်ဘဏ်ခွဲမန်နေဂျာက

ရခိုင် နှင့် မျိုးနွယ်စုဝင်များပါဝင်သည့် အနုပညာစုံညီပွဲတော် ကျင်းပမည်

ခိုင်ရိုးလ 19 May 2018

ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေပေါင်းစုံပါဝင်တဲ့ စုံညီပွဲတော်တစ်ခုကို လာမယ့် မေလ ၂၆ ရက်နေ့မှာ စစ်တွေမြို့ပေါ်၌ ကျင်းပသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာက သိရပါတယ်။

စစ်တွေရေပြတ်လပ်မှု နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်ပေးနေ

စိမ်းကိုကို 19 May 2018

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်မှာ ရေရှားပါးမှုကြုံတွေ့နေရတဲ့ ရပ်ကွက်တွေကို သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ကနေ နည်းလမ်းသုံးမျိုးဖြင့် စီစဉ်ကာ ရေရရှိရေး ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

Showing 161-180 of 349 items.