- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်များ အလှူခံစားသောက်မှုများလာ
“အလှူခံရနေရတဲ့ စစ်ဘေးရှောင်တွေက အကုန်ဖြန့်ပြီးသွားနေကြတာဆိုတော့ ဘယ်လောက်များ တယ်ဆိုတာတော့ ခန်းမှန်းဖို့ခက်တယ်။ ကျနော်တို့အိမ်ကိုတော့ တစ်ရက်ကိုအလှူခံတဲ့သူ ၂၀ လောက်ရောက်တယ်။ ကလေးတွေက အများဆုံးပါတယ်” ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသည့် သံတွဲမြို့ခံတစ်ဦးက ပြောသည်။
22 Apr 2025

DMG ၊ ဧပြီ ၂၂
စစ်ဘေးရှောင်နေရချိန် တစ်နှစ်ကျော်ထိ ကြာလာသည်နှင့် စားဝတ်နေရေး ကျပ်တည်းမှု၊ အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် သံတွဲမြို့နယ်တွင် အလှူခံစားသောက်သူ များပြားလာကြောင်း သိရသည်။
စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်ရှိသည့် သံတွဲမြို့နယ်တွင် အဓိကလုပ်ငန်းဖြစ်သည့် ငါးဖမ်းလုပ်ငန်းများမှာ စစ် ကောင်စီ၏ နေဗီများကြောင့် မလည်ပတ်နိုင်သေးပေ။
ထို့အတူ ဟိုတယ်ခရီးသွားနှင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း ရပ်တန့်နေခြင်းတို့ကြောင့် ဒေသတွင်းတွင် အလုပ်အကိုင်ရှားပါးမှုကို ခံစားနေကြရပြီး ငတ်မွတ်မှုဒဏ်ကိုဖြေရှင်းရေး ယခုကဲ့သို့ အလှူခံစားသောက် လာကြခြင်းဖြစ်သည်။
“အလှူခံရနေရတဲ့ စစ်ဘေးရှောင်တွေက အကုန်ဖြန့်ပြီးသွားနေကြတာဆိုတော့ ဘယ်လောက်များ တယ်ဆိုတာတော့ ခန်းမှန်းဖို့ခက်တယ်။ ကျနော်တို့အိမ်ကိုတော့ တစ်ရက်ကိုအလှူခံတဲ့သူ ၂၀ လောက်ရောက်တယ်။ ကလေးတွေက အများဆုံးပါတယ်” ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသည့် သံတွဲမြို့ခံတစ်ဦးက ပြောသည်။
အသက်အရွယ်မရွေး ကလေးငယ်များမှအစ သက်ကြီးရွယ်အိုများအထိ မြို့တွင်းလှည့်လည် အလှူခံခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
“ကျနော်တို့ ဆိုင်ကယ်နဲ့ သံတွဲမြို့ကိုဝင်တော့ မြို့အဝင်အနီးကနေ ဈေးတန်းရောက်တဲ့အထိ ငါးနှစ်လောက်ရှိမယ့် ကလေးတွေကအစ သက်ကြီးအရွယ်အိုတွေအထိ တန်းစီးပြီး တောင်းရမ် နေတာကို မြင်ခဲ့ရတယ်။ တော်တော် သနားဖို့ကောင်းတယ်။ ရင်နာဖို့လည်းကောင်းတယ်။ ယုံတောင်မယုံနိုင်ဘူး။ ရင်ကွဲရတယ်” ဟု သံတွဲမြို့သို့ရောက်ခဲ့သည့် ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်တွင် လူမှုကူညီရေးအဖွဲ့များနည်းပါးမှု၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်မှုနှင့်အတူ အလှူငွေရရှိမှုနည်းပါးမှုတို့ကြောင့် စစ်ဘေးရှောင်များနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုပိုင်းမှာလည်း အားနည်းသည်။
ယခုကဲ့သို့ စစ်ဘေးရှောင်များတောင်းရမ်းစားသောက်နေရမှုအပေါ် ဖြေရှင်းနိုင်ရန်အတွက် နေရပ်ပြန်ခွင်ရရေးနှင့် ပြန်လည်နေရာချထားရေးတို့ကို ULA/AA ကစီစဥ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ထောက်ပြပြောဆိုမှုများရှိနေသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီနှင့် လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးတို့ကြား ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများသည် နေရာအနှံ့ရှိနေပြီး လူဦးရေ ၃.၅သန်းကျော်သည် အိုးအိမ်စွန့်ခွာနေရဆဲ ဖြစ်ကြောင်း UNOCHA Myanmar ကပြောထားသည်။