- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဟိမဝန္တာရှိ တရုတ်နှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် အိန္ဒိယတပ်များ နေရာချထား
နိုင်ငံအရှေ့ပိုင်းရှိ တရုတ်နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ဇွန်လမှစတင်၍ မိမိတို့တပ်ဖွဲ့များ ရွှေ့ပြောင်းနေရာချထားမှုများရှိကြောင်း အိန္ဒိယက ပြောကြားလိုက်သည်။
02 Sep 2020
နိုင်ငံအရှေ့ပိုင်းရှိ တရုတ်နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ဇွန်လမှစတင်၍ မိမိတို့တပ်ဖွဲ့များ ရွှေ့ပြောင်းနေရာချထားမှုများရှိကြောင်း အိန္ဒိယက ပြောကြားလိုက်သည်။
အိန္ဒိယစစ်တပ် အရာရှိများ အပါအဝင် နှစ်နိုင်ငံအစိုးရများက လတ်တလော ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားရန် စီစဉ်ထားသော်လည်း အာရွန်အာချာပရာဒက်ရှ် ပြည်နယ်ရှိ အန်ဂျောခရိုင် အရှေ့ပိုင်းသို့ တပ်ဖွဲ့များ ရွေ့ပြောင်းမှုသည် နှစ်ဘက်အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပေါ်ပေါက်လာနိုင်သည့် အနေအထားသို့ တွန်းပို့လျက်ရှိသည်။
တရုတ်က တိဘက်တောင်ပိုင်းဒေသဟု ခေါ်ဆိုသည့် အာရွန်ချာပရာဒက်ရှ် ပြည်နယ်သည် ၁၉၆၂ အိန္ဒိယနှင့် တရုတ်တို့အကြား နယ်စပ်စစ်ပွဲ ဖြစ်ပွားစေခဲ့သည့် အဓိကနေရာဖြစ်သည်။ အဆိုပါဒေသ၌ ယခုအခါ တစ်ကျော့ပြန် ပြဿနာ ထပ်ဖြစ်လာနိုင်ခြေ ရှိနေကြောင်း လေ့လာသူများက သတိပေးထားသည်။
အိန္ဒိယစစ်တပ် ပြောရေးဆိုခွင့်ရှိသူကမူ အဆိုပါဒေသ၌ တပ်ဖွဲ့များ ရောက်ရှိလာမှုသည် လုပ်ရိုးလုပ်စဉ်အရ ပုံမှန် ရောက်လာခြင်းသာဖြစ်ပြီး စိုးရိမ်စရာမလိုကြောင်း ပြောကြားသည်။
နယ်စပ်ဒေသ အနောက်ဘက်ပိုင်း လာဒါ့ခ်ဒေသတွင် ဇွန်လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် အာရှအင်အားကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြားတွင် အဆိုးဝါးဆုံး ဖြစ်ရပ်ဖြစ်သည်။
အဆိုပါဖြစ်ရပ်နောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှုများ လျော့ကျမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေသလို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်ရေးလှုပ်ရှားမှုများလည်း ပိုမိုတွေ့မြင်လာနေရသည်။