- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အင်ဒိုနီးရှားတွင် ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်ချက်များအား သြဂုတ် ၂ ရက်အထိ တိုးမြှင့်
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကန့်သတ်ချက်များအား သြဂုတ်လ ၂ ရက်နေ့အထိ တစ်ပတ်ကြာ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
27 Jul 2021
ဇူလိုင် ၂၇ | DMG
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကန့်သတ်ချက်များအား သြဂုတ်လ ၂ ရက်နေ့အထိ တစ်ပတ်ကြာ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
လက်ရှိ စည်းကမ်းများအောက်တွင် အစိုးရအနေဖြင့် အကန့်အသတ် အချို့ကို ဖြည်းဖြည်းချင်း ဖြေလျှော့ ပေးသွားမည် ဖြစ်သလို ဈေးများနှင့် လေဟာပြင် စားသောက်ဆိုင်များကိုလည်း ကန့်သတ်ချက်အချို့ဖြင့် ခွင့်ပြုပေးသွားမည်ဟု ဝီဒိုဒိုက ပြောကြားသည်။
လူဦးရေ သန်း ၂၇၀ ခန့်ရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှုနှုန်း တစ်ဟုန်ထိုး မြင့်တက်လျှက်ရှိပြီး အာရှ၏ ကိုဗစ်ကူးစက်မှု ဗဟိုချက်မ ဖြစ်သည့် အိန္ဒိယနိုင်ငံပြီးလျှင် ကိုဗစ်ဒဏ် အခံရဆုံးနိုင်ငံ ဖြစ်လာလျှက်ရှိသည်။
လူဦးရေ အထူထပ်ဆုံး နေရာများဖြစ်သည့် ဂျာဗားနှင့် ဘာလီကျွန်းဆွယ်တို့တွင် အောက်ဆီဂျင် ထောက်ပံ့ပေးနိုင်မှု နည်းပါးလာနေပြီး ဆေးရုံများတွင်လည်း လူနာများဖြင့် ပြည့်လျှံနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း ပြီးခဲ့သော သီတင်းပတ်အတွင်း ကိုဗစ်ကြောင့် သေဆုံးမှုသည် လေးရက်တိတိ စံချိန်တင် မြင့်တက်ခဲ့ပြီး ပြီးခဲ့သော သောကြာနေ့ တစ်ရက်တည်းတွင် သေဆုံးသူစုစုပေါင်း ၁၅၆၆ ဦးရှိခဲ့သည်။
လက်ရှိအချိန်အထိ အင်ဒိုနီးရှားတွင် တရားဝင် မှတ်တမ်း ရယူထားသည့် ကိုဗစ်ကူးစက်မှုစုစုပေါင်း ၃.၁ သန်း၊ သေဆုံးသူစုစုပေါင်း ၈၃၀၀၀ ကျော် ရှိသွားပြီဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသူ အရေအတွက်သည့် စုစုပေါင်း လူဦးရေ၏ ၇ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။ အင်ဒိုနီးရှားသည် တရုတ်လုပ် ဆီနိုဗက် ကိုဗစ်ကာကွယ်ဆေးကို အဓိက အသုံးပြုနေခြင်း ဖြစ်သည်။