- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စင်္ကာပူတွင် ရွေးကောက်ပွဲ၌ ပြည်ပစွက်ဖက်မှုမရှိစေရေး Facebook ပေါ်၌ နိုင်ငံရေးနှီးနွှယ်သော ကြော်ငြာများကို ကြပ်မတ်သွားမည်
စင်္ကာပူရွေးကောက်ပွဲဌာနက လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ပထမအဆင့် တရားဝင်စီမံဆောင်ရွက်မှု တစ်ရပ်အနေဖြင့် လက်ရှိရွေးကောက်ပွဲ သက်ရောက်မှုနယ်နမိတ်များကို ပြန်လည်သုံးသပ်မည့် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဟု ကြေညာပြီးတစ်လမပြည့်မီ...
26 Sep 2019
ကမ္ဘာတဝန်း လူသုံးအများဆုံး ဆိုရှယ်မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော Facebook သည် စင်္ကာပူနိုင်ငံတွင် လူမှုရေး-နိုင်ငံရေး နှီးနွှယ်သောကြော်ငြာများကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေမည့် အစီအမံတစ်ရပ်ကို ကြာသပတေးနေ့တွင် မိတ်ဆက်လိုက်ကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။
စင်္ကာပူရွေးကောက်ပွဲဌာနက လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ပထမအဆင့် တရားဝင်စီမံဆောင်ရွက်မှု တစ်ရပ်အနေဖြင့် လက်ရှိရွေးကောက်ပွဲ သက်ရောက်မှုနယ်နမိတ်များကို ပြန်လည်သုံးသပ်မည့် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဟု ကြေညာပြီးတစ်လမပြည့်မီမှာပင် Facebook ၏ ယခုအစီအမံပေါ်ထွက်လာခြင်း ဖြစ်သည်။
Facebook က ယခုမိတ်ဆက်လိုက်သောအစီအမံထဲတွင် စင်္ကာပူ၌ လူမှုရေး၊ ရွေးကောက်ပွဲနှင့်နိုင်ငံရေးဆိုင်ရာ အရေးကိစ္စများအား Facebook တွင်ဖြစ်စေ၊ Instagram တွင်ဖြစ်စေ အခကြေးငွေပေး၍ ကြော်ငြာလိုသည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို နိုင်ငံသားအထောက်အထားကဒ်၊ နိုင်ငံကူးလက်မှတ်တို့ကဲ့သို့သော အထောက်အထား စာရွက်စာတမ်းများနှင့် ၎င်းတို့၏ လက်ရှိတည်နေရာတို့ကို ပြသကာ ၎င်းတို့သည်စင်္ကာပူအတွင်း နေထိုင်လျက် ရှိသူများဖြစ်ကြောင်း အတည်ပြုရန်လိုအပ်မည့် အစီအမံတစ်ရပ် ပါဝင်သည်။
ထို့ပြင်ကြော်ငြာရှင်များသည် ၎င်းတို့၏ကြော်ငြာအတွက် မည်သူကတာဝန်ယူသည် ဆိုသည်ကိုလည်း ထုတ်ဖော်ပြောဆိုရန်လိုအပ်ပြီး အမည်၊ အဖွဲ့အစည်းအမည် သို့မဟုတ် ကြော်ငြာပို့စ်တင်သော Facebook Page တို့ကိုလည်း အသိပေးကြေညာချက်တွင် ဖော်ပြရမည်ဖြစ်သည်။
အသိပေးကြေညာချက်တွင် ဖုန်းနံပါတ်၊ Email နှင့် Website လိပ်စာတို့ကဲ့သို့သော ဆက်သွယ်ရန်သတင်းအချက် အလက်များကိုလည်း ထည့်သွင်းဖော်ပြပေးရမည်ဟု Facebook ၏ ထုတ်ပြန်ချက်အရ သိရသည်။
"ဒီအချက်တွေက ကြော်ငြာရှင်တွေကို Facebook နဲ့ Instagram ပေါ်က သူတို့ရဲ့ကြော်ငြာတွေအတွက် ပိုပြီး တာဝန်ယူမှုရှိစေမှာဖြစ်ပါတယ် " ဟု Facebook ၏ ကမ္ဘာတဝန်းရွေးကောက်ပွဲများအတွက် အများပြည်သူ မူဝါဒရေးရာ ဒါရိုက်တာ ကေတီဟာဘာ့သ်က ပြောကြားသည်။
ယခုစင်္ကာပူတွင် မိတ်ဆက်လိုက်သော အစီအမံကဲ့သို့သော ရွေးကောက်ပွဲတွင် ပြည်ပစွက်ဖက်မှုကို ဟန့်တားသော အစီအမံများမှာ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနှင့် ဥရောပသမဂ္ဂအပါအဝင် Facebook လည်ပတ်လုပ်ကိုင် လျက်ရှိသည့် ဈေးကွက် ၄၀ ခန့်တွင် လိုအပ်လျက်ရှိသည်။
ဆိုရှယ်မီဒီယာပေါ်တွင် ပြည်ပဝင်ရောက်စွက်ဖက် နှောက်ယှက်သည့် ကမ်ပိန်းများမှာ ကမ္ဘာတဝန်းရှိရွေးကောက်ပွဲများတွင် အကြိမ်ရေမနည်း ပေါ်ပေါက်ခဲ့ဖူးပြီး လူသိအများဆုံးမှာ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲနှင့် ဗြိတိန်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေး ဆန္ဒခံယူပွဲ တို့တွင် ပေါ်ပေါက်ခဲ့သော ဝင်ရောက်စွက်ဖက်မှုများပင် ဖြစ်သည်။
Facebook သည် ယခုနှစ်အစောပိုင်းကလည်း ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရွေးကောက်ပွဲမတိုင်မီကာလ၌ ပြည်ပနိုင်ငံရေးကြော်ငြာများကို ယာယီကန့်သတ်မှုများ ထုတ်ပြန်ကြေညာခဲ့သည်။