- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
အမ်းတွင် အဝေးပြေး ကုန်တင်ယာဉ်မောင်း ၈ ဦး၌ ကိုဗစ်ရောဂါပိုးတွေ့ရှိ
အမ်းမြို့တွင် ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကုန်စည်စီးဆင်းနေသည့် ဝင်/ထွက်ကားများကို အောက်တိုဘာ ၉ ရက် နေ့မှ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့အထိ စစ်ဆေးရာ ကုန်တင်ယာဉ်မောင်းနှင့် နောက်လိုက် ၈ ဦးတွင် ရောဂါပိုး တွေ့ရှိကြောင်း အမ်းမြို့နယ် (COVID-19)ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ထံမှ သိရသည်။
12 Oct 2020
ဉာဏ်ဟိန်း | DMG
အောက်တိုဘာ ၁၂ ၊ စစ်တွေ
အမ်းမြို့တွင် ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကုန်စည်စီးဆင်းနေသည့် ဝင်/ထွက်ကားများကို အောက်တိုဘာ ၉ ရက် နေ့မှ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့အထိ စစ်ဆေးရာ ကုန်တင်ယာဉ်မောင်းနှင့် နောက်လိုက် ၈ ဦးတွင် ရောဂါပိုး တွေ့ရှိကြောင်း အမ်းမြို့နယ် (COVID-19)ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ (COVID-19)ကူးစက်ရောဂါပိုး ရှိ/မရှိ ချက်ချင်းသိရှိနိုင်ရန် (Rapid Antigen Test Kit)စက်ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး ဝင်/ထွက်ကား ၁၄၄ စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်စုစုပေါင်း၂၉၃ ဦးကို စစ်ဆေးခဲ့ရာ ၈ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း အမ်းမြို့နယ် (COVID-19)ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုမြတ်က DMG သို့ ပြောသည်။
ရောဂါပိုးတွေ့ရှိသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ကျောက်တော်၊ မင်းဘူး၊ ပဒါန်း၊ ဂန့်ဂေါ၊ မန္တလေးနှင့် ရေနံချောင်းမြို့နယ်တို့တွင် နေထိုင်သူများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“လက်ရှိမှာတော့ ရောဂါးပိုးတွေ့တဲ့သူတွေကို အမ်းဆေးရုံမှာ ဆေးကုသနေတယ်။ အဲဒီထဲမှာ ကျောက်တော်က တစ်ယောက်ပါတယ်။ သူ့ကိုတော့ ကျောက်တော်ဆေးရုံကို ပို့ပေးလိုက်တယ်။ အဲဒီ ကုန်ကားတွေမှာတော့ ခရီးသည်တွေမပါဘူး။ လက်ရှိမှာတော့ ကျွန်တော်တို့မြို့မှာခရီးသည်ကားတွေနဲ့ ကိုယ်ပိုင်ကားတွေနဲ့လာတဲ့ လူစီးကားတွေကို အကုန်လုံးပိတ်ထားတယ်” ဟု ၎င်းကရှင်းပြသည်။
အလားတူ စစ်တွေအဝေးပြေးကားဂိတ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၇၃ ဦးအား စစ်ဆေးရာတွင် ၄ ဦး ပိုးတွေ့ပြီး ကျောက်ဖြူမြို့ အဝေးပြေးကားဂိတ်တွင်လည်း ၃၀ ကျော်ကိုစစ်ဆေးရာတွင် ၄ ဦးတွင် ပိုးတွေ့ရှိ ထားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၁၁ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၁၉၈၁ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၆၃၉ ဦးနှင့် လက်ရှိဆေးကုသမှုခံယူနေသူ ၃၄၂ ဦးရှိကြောင်းနှင့် သေဆုံးသူ ၉ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။