- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
စစ်ကောင်စီနှင့် ရုရှား ပူးပေါင်း၍ စစ်ရေးဆောင်ရွက်ချက်များ အကြိမ်ရေ ၅၀ ကျော် ပြုလုပ်သွားရန်ရှိ
ရုရှားနှင့် မြန်မာစစ်တပ်တို့သည် ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ အကြိမ်ရေ ၅၀ ကျော် ပြုလုပ်သွားရန်ရှိသည်ဟု ရုရှား ကာကွယ်ရေးဒုတိယဝန်ကြီး အယ်လက်ဇန်ဒါဖိုမင်က ပြောကြားကြောင်း တက်စ် (TASS) ရုရှားသတင်းဌာနက ဖော်ပြသည်။
29 Mar 2024
“ရုရှားနဲ့ မြန်မာစစ်တပ်တို့အကြား ဆက်ဆံရေးတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့အတွက် ခိုင်မာတဲ့ အကြောင်းရင်းခံတွေ ရှိပါတယ်။ ဒီနှစ်ထဲမှာ နှစ်ဘက်အပြန်အလှန် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အကြိမ်ရေ ၅၀ ကျော် ကျင်းပသွားဖို့ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ဖိုမင်က ပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်ဘက်တပ်ဖွဲ့များ၏ စစ်ဆင်ရေးနှင့် စစ်ရေးလေ့ကျင့်မှု လုပ်ငန်းစဉ်များ ပါဝင်မည်ဟု ရုရှားသတင်းဌာန RIA ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာသည် ယခုနှစ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကျင်းပလျက်ရှိသည့် အခမ်းအနားများကိုလည်း ရာထူးကြီးကိုယ်စားလှယ်များ ပုံမှန် တက်ရောက်လေ့ရှိသည်ကို မော်စကိုက အသိအမှတ်ပြုသည်ဟုလည်း လက်ထောက်ဝန်ကြီးက ပြောကြားကြောင်း တက်စ်တွင် ဖော်ပြထားသည်။
နေပြည်တော်သို့ ရောက်ရှိနေသည့် ဒုဝန်ကြီးဖိုမင်သည် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားက ချီးမြှင့်သည့် ‘နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ဆုတံဆိပ်’ ကို ပေးအပ်ခဲ့သည်ဟုလည်း မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည့် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်ခေါင်းဆောင်များကို ရုရှားက ထောက်ခံအားပေးနေခြင်းသည် လက်ခံနိုင်ဖွယ်ရာ မရှိသလို လက်နက်များ ထောက်ပံ့နေခြင်းသည် မြန်မာ့ပဋိပက္ခကို မီးလောင်ရာလေပင့် ဖြစ်စေလျက်ရှိသည်ဟု အမေရိကန်အစိုးရက သတိပေးထားသည်။
မြန်မာစစ်တပ် ရုရှားထံမှ Su-30SME တိုက်လေယာဉ် ခြောက်စီးဝယ်ယူရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စာချုပ်ချုပ်ဆိုခဲ့သည်ဟု RIA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဝယ်ယူထားသည့်ထဲက ပထမအသုတ်အဖြစ် Su-30 နှစ်စီးကို ၂၀၂၃ စက်တင်ဘာလတွင် မြန်မာက လက်ခံရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။