- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
- "လူ ၂၆ ယောက် သေနတ် တစ်လက်နဲ့ စခဲ့တဲ့ ၁၆ နှစ်တာ တော်လှန်ရေး ခရီး"
- ပနားမား သဘောတူညီချက်၌ တူးမြောင်းတွင် အမေရိကန်တပ်များ နေရာချထားခွင့် ပါဝင်
- ဌာနဆိုင်ရာဝန်ထမ်း အိမ်ထောင်သည်များကို ULA က ငွေကြေး ထောက်ပံ့ပေးမည်
- ဒုက္ခသည်နေရပ်ပြန်ရေး စစ်ကောင်စီ၊ AA တို့နှင့် ဆက်သွယ်ဆောင်ရွက်နေဟု ဘင်္ဂလားဒေ့ရှ်ပြော
ပါတီစုံဒီမိုကရေစီစနစ်အတွက် အားလုံးပူးပေါင်းပေးကြရန် စစ်ခေါင်းဆောင်ပြော
"ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်လို့ ကျနော်တို့ ပြောခဲ့တာ ရှိတယ်။ ဒါ ကျနော်တို့ ခိုင်ခိုင်မာမာ လုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်။ အဲဒါလုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျာ၊ ကျနော် ဒါပြောရဲပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
10 Mar 2025

DMG ၊ မတ် ၁၀
ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့ (မတ် ၉ ရက်)က ရုရှားနှင့် ဘီလာရုစ်နိုင်ငံ ခရီးစဉ်မှ မြန်မာနိုင်ငံသို့ ပြန်လာချိန် လေယာဉ်ပေါ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
"ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်လို့ ကျနော်တို့ ပြောခဲ့တာ ရှိတယ်။ ဒါ ကျနော်တို့ ခိုင်ခိုင်မာမာ လုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်။ အဲဒါလုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျာ၊ ကျနော် ဒါပြောရဲပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယင်းအပြင် မြန်မာပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လျှင် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြပါရန်ဟုလည်း စစ်ခေါင်းဆောင်က ထပ်လောင်းပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်သည် မတ် ၃ ရက်မှ မတ် ၉ ရက်နေ့အထိ တစ်ပတ်ကြာခရီးစဉ်အဖြစ် ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံများသို့ သွားရောက်ကာ အဆိုပါနိုင်ငံများ၏ သမ္မတများနှင့် တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ဘီလာရုစ်နိုင်ငံ ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
နိုင်ငံတဝန်းတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ် ၂၄၀ တွင် တိုက်ပွဲများဖြစ်ပွားနေ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိသည့် မြို့နယ်မှာ ၁၀၀ ထက်ပင် လျော့နည်းနိုင်သဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် နယ်မြေ ၂၇ ရာခိုင်နှုန်းသာရှိကြောင်း BNI ၏ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတွင် သုံးသပ်ထားသည်။