- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
သြစတြေးလျတွင် မြင်းရိုင်းများကို ဝေဟင်မှ ပစ်ခတ်နှိမ်နင်းရေး အစီအစဉ် အစိုးရ အတည်ပြု
Kosciuszko အမျိုးသားဥယျာဉ်တွင် မြင်းရိုင်းကောင်ရေ ၁၉၀၀၀ ခန့်ရှိနေပြီး အဆိုပါမြင်းများကို ဒေသခံများက ဘရွမ်ဘီ (Brumbies) ဟု ခေါ်ဆိုကြသည်။
28 Oct 2023
သြစတြေးလျတွင် အကြီးအကျယ် ပေါက်ဖွားနှုန်းမြင့်တက်လျက်ရှိသည့် မြင်းရိုင်းများအား ဝေဟင်မှ သုတ်သင်ရှင်းလင်းရေး အစီအစဉ် တစ်ရပ်ကို အစိုးရက အောက်တိုဘာလ ၂၇ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Kosciuszko အမျိုးသားဥယျာဉ်တွင် မြင်းရိုင်းကောင်ရေ ၁၉၀၀၀ ခန့်ရှိနေပြီး အဆိုပါမြင်းများကို ဒေသခံများက ဘရွမ်ဘီ (Brumbies) ဟု ခေါ်ဆိုကြသည်။ ဘရွမ်ဘီအရေအတွက်ကို ၂၀၂၇ တွင် ၃၀၀၀ အထိလျှော့ချရန် နယူးဆောက်ဝေးပြည်နယ် အာဏာပိုင်များက ဆန္ဒရှိနေကြသည်။
အမျိုးသားဥယျာဉ်တွင် လက်ရှိ၌လည်း အဆိုပါမြင်းရိုင်းများကို ဖမ်းဆီးခြင်း၊ နေရာပြောင်းရွှေ့ချထားခြင်းနှင့် မြေပြင်၌ ပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်နေသော်လည်း ဤမျှဖြင့် မလုံလောက်ကြောင်း ပြည်နယ် သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ပင်နီရှာပီက ပြောကြားသည်။
“ပျောက်ကွယ်လုနီး ဖြစ်နေတဲ့ ဒေသခံမျိုးစိတ်တွေကို ခြိမ်းခြောက်မှုရှိနေသလို ပတ်ဝန်းကျင် ဂေဟစနစ်အတွက်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်” ဟု သူမက ပြောကြားသည်။
“လွယ်လွယ်ချခဲ့တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ မြင်းရိုင်းတွေကို ဘယ်သူမှ မသတ်လိုကြပါဘူး” ဟုလည်း သူမက ဆိုသည်။
ကောင်ရေများပြားလာသော အဆိုပါမြင်းရိုင်းများသည် ဒေသခံမျိုးရင်း အပင်များကို စားသောက်ခြင်း၊ နင်းခြေခြင်းများ ရှိနေသလို ၎င်းတို့ကြောင့် မြေသားများ ပိုပွလာခြင်း၊ ရေထွက်ပေါက်များ ညစ်ညမ်းခြင်းတို့လည်း ရှိနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြောကြားကြသည်။ အဆိုပါမြင်းများသည် အခြားတိရစ္ဆာန်များနှင့်အပြိုင် အစာရေစာ ရှာဖွေမှု၊ နေရာယူမှုတို့လည်း ရှိလာနေသည်ဟု သူတို့က ပြောကြားသည်။
သြစတြေးလျ မြင်းရိုင်းများအား ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်နှိမ်နင်းမှုကို ၂၀၀၀ ခုနှစ်အတွင်းကလည်း တစ်ကြိမ် ပြုလုပ်ခဲ့ဖူးသည်။ ထိုစဉ်က သုံးရက်အတွင်း မြင်းကောင်ရေ ၆၀၀ အထိ ပစ်ခတ်ခဲ့သည်။ ပြည်သူလူထုက အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်ခဲ့သည့်အတွက် အဆိုပါနည်းလမ်းကို ပြန်လည် တားမြစ်ခဲ့သည်။