- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
အစ္စရေး-ဟာမားစ်စစ်ကြောင့် ဒေသတွင်းစီးပွားရေး ထိခိုက်နေပြီဟု IMF အကြီးအကဲ ပြော
အစ္စရေးနှင့် ဟာမားစ်အကြား စစ်ပွဲအရှိန် မြင့်လာသည့်အတွက် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးအခြေအနေ ထိခိုက်နေပြီဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ညွှန်ကြားရေးမှူးက ပြောကြားလိုက်သည်။ ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံရေးဖိုရမ်၌ အောက်တိုဘာလ ၂၅ ရက်နေ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Oct 2023

DMG ၊ အောက်တိုဘာ ၂၆
အစ္စရေးနှင့် ဟာမားစ်အကြား စစ်ပွဲအရှိန် မြင့်လာသည့်အတွက် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးအခြေအနေ ထိခိုက်နေပြီဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ညွှန်ကြားရေးမှူးက ပြောကြားလိုက်သည်။ ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံရေးဖိုရမ်၌ အောက်တိုဘာလ ၂၅ ရက်နေ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“အိမ်နီးချင်းနိုင်ငံတွေကို ကြည့်လိုက်ပါ။ အီဂျစ်၊ လက်ဘနွန်၊ ဂျော်ဒန်တို့မှာ အကျိုးသက်ရောက်မှု လမ်းကြောင်းတွေ မြင်နေရပါပြီ” ဟု ညွှန်ကြားရေးမှူး ခရစ္စတာလီနာ ဂျော်ဂျီဗာက အနာဂတ် ရင်းနှီးမြှုပ်နှံမှု အစီအမံ (FII) ဖိုရမ်တွင် ပြောကြားသည်။
ရှေ့တစ်ရက်ကလည်း ဝေါစထရိမှ စီးပွားရေးလုပ်ငန်းရှင်များက ယခုစစ်ပွဲသည် ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ် ထိုးနှက်နိုင်ခြေရှိနေပြီး အထူးသဖြင့် အခြားနိုင်ငံများပါ ဝင်ပါလာပါက ဖြစ်နိုင်ခြေပိုများမည်ဟု ပြောကြားထားသည်။
“နဂိုတည်းက သောကရောက်နေတဲ့ ကမ္ဘာကြီးမှာ ပိုလို့ အထိတ်အလန့် ဖြစ်လာရတာပဲ မြင်နေရပါတယ်” ဟု ဂျော်ဂျီဗာက ပြောသည်။
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဖြစ်သော ဟာမားစ်သည် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ရုတ်ချည်းတိုက်ခိုက်မှု တစ်ရပ်ပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း လူပေါင်း ၁၄၀၀ ထက်မနည်း သေဆုံးခဲ့သလို ဟာမားစ်တို့သည် ဓားစာခံ ၂၂၂ ဦးအထိ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အစ္စရေးအာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။
“ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ နိုင်ငံတွေမှာက မသေချာမှုဆိုတာ ခရီးသွားဝင်ရောက်မှုကို သတ်ပစ်လိုက်နိုင်ပါတယ်” ဟု ဂျော်ဂျီဗာက ဆိုသည်။
ရင်းနှီးမြှုပ်နှံသူများသည် အဆိုပါနေရာသို့ သွားရောက်ရန် လက်တွန့်နေကြတော့မည်ဟု သူမက ပြောသည်။
“ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်မယ်ဆိုရင် စရိတ်စခက မြင့်တက်သွားပြီ။ ဒုက္ခသည် အရေအတွက်ဟာလည်း အခု သူတို့ကို လက်ခံပေးနေတဲ့ နိုင်ငံတွေဆီကို ခုထက်ပိုများတဲ့ ပမာဏနဲ့ ဝင်လာကြတော့မယ်” ဟု သူမက ဆိုသည်။
အစ္စရေးသည် ဟာမားစ်တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသကို နေရာစုံမှ ပိတ်ဆို့ကာ အကြီးအကျယ် ဗုံးကြဲလျက်ရှိသည်။ ဂါဇာတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၅၇၉၁ ဦးရှိနေပြီဟု ပါလက်စတိုင်း အာဏာပိုင်များက ပြောကြားထားသည်။