- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
မြန်မာဘက် ကုန်းလမ်းကြောင်း မငြိမ်သက်မှုကြောင့် ထိုင်း ရနောင်းဆိပ်ကမ်း ကုန်စည်ပို့ဆောင်မှု မြင့်တက်
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မငြိမ်မသက်မှုများအပြင် မြဝတီနှင့် တာချီလိတ်မြို့တို့ကို အွန်လိုင်းငွေလိမ်ဂိုဏ်းများက ၎င်းတို့၏အခြေစိုက်စခန်းအဖြစ် အသုံးပြုလာသည့် သတင်းများကြောင့် ရနောင်းဆိပ်ကမ်းကို ယခုကဲ့သို့ တိုးမြှင့်မှုများ ဆောင်ရွက်ရန် စီမံလိုက်ရခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးလက်ထောက်ဝန်ကြီး မာနာပွန်း ချာရိုအန်ဆရီက ပြောကြားသည်။
10 Mar 2025

DMG ၊ မတ် ၁၀
ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနသည် ရနောင်းဆိပ်ကမ်း၌ မကြာသေးမီကာလအတွင်း သွင်းကုန်-ပို့ကုန်ပမာဏ မြင့်တက်လာပြီးသည့်နောက်၌ ဆိပ်ကမ်း၏ အဆောက်အဦနှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန် စီစဉ်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မငြိမ်မသက်မှုများအပြင် မြဝတီနှင့် တာချီလိတ်မြို့တို့ကို အွန်လိုင်းငွေလိမ်ဂိုဏ်းများက ၎င်းတို့၏အခြေစိုက်စခန်းအဖြစ် အသုံးပြုလာသည့် သတင်းများကြောင့် ရနောင်းဆိပ်ကမ်းကို ယခုကဲ့သို့ တိုးမြှင့်မှုများ ဆောင်ရွက်ရန် စီမံလိုက်ရခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးလက်ထောက်ဝန်ကြီး မာနာပွန်း ချာရိုအန်ဆရီက ပြောကြားသည်။
ထို့ကြောင့် အကျိုးဆက်အဖြစ် တာ့ခ်ခရိုင်ရှိ မဲဆောက်စစ်ဆေးရေးဂိတ်နှင့် ချင်းရိုင်မြို့ရှိ မယ်ဆိုင်စစ်ဆေးရေးဂိတ်တို့မှတဆင့် ကုန်းလမ်းဖြင့် ပို့ဆောင်မည့် ကုန်စည်များသည် ယခုအခါ ရေကြောင်းပို့ဆောင်ရေးမှတဆင့် ရနောင်းမြို့သို့ လမ်းကြောင်းပြောင်းလဲသွားခဲ့ပြီး ယင်းကတဆင့် မြန်မာနိုင်ငံဆီသို့ သွင်းကုန်နှင့် ပို့ကုန်များအဖြစ် စီးဆင်းနေပြီဖြစ်သည်။
"ရနောင်းဆိပ်ကမ်းဟာ တောင်ပိုင်းမှာရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုတွေအတွက် အလားအလာကောင်းတစ်ခု ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီး ဒီဆိပ်ကမ်းဟာ ကပ္ပလီကမ်းရိုးတန်းမှာရှိတဲ့ ရေကြောင်းပို့ဆောင်မှုအတွက် စီးပွားရေးအခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ တောင်ပိုင်းစီးပွားရေးစင်္ကြံကို မြှင့်တင်ဖို့အတွက် ဆိပ်ကမ်းရဲ့ စီးပွားရေးတိုးတက်မှုကို အစိုးရရဲ့မူဝါဒနဲ့အညီ ဆောင်ရွက်သွားပါမယ်" ဟု ပို့ဆောင်ရေးလက်ထောက်ဝန်ကြီး မာနာပွန်း ချာရိုအန်ဆရီက စနေနေ့တွင် ပြောကြားသည်။
ထိုင်းနိုင်ငံ ဆိပ်ကမ်းအာဏာပိုင် (PAT)၏ ကြီးကြပ်မှုအောက်တွင်ရှိသော ရနောင်းဆိပ်ကမ်းကို ကွန်တိန်နာခြံဧရိယာများ တိုးချဲ့ရန်နှင့် လက်ရှိကာလအတွင်း တင်ပို့မှုတိုးတက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုကောင်းမွန်သော သင်္ဘောဝန်ဆောင်မှုများအတွက် အဆောက်အဦများ အဆင့်မြှင့်တင်ရန် ညွှန်ကြားထားသည်။
ထိုင်းနိုင်ငံ ဆိပ်ကမ်းအာဏာပိုင် (PAT)၏ညွှန်ကြားရေးမှူးချုပ် ကရင်းကရိုင် ချိုင်းဆီရီဝေါင်းဆပ်ခ် က ရနောင်းဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက သွင်းကုန်နှင့် တင်ပို့ကုန်များ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် တိရစ္ဆာန်ကိုကျွေးမွေးသော တိရစ္ဆာန်အစာ ပြောင်းဖူးတင်သွင်းမှုနှင့် ဘိလပ်မြေတင်ပို့မှုတွင် တိုးမြင့်လာကြောင်း ပြောကြားခဲ့သည်။
ရလဒ်အားဖြင့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း (၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ရည်ညွှန်းခြင်းဖြစ်သည်) သင်္ဘောဆိုက်ကပ်မှု ၂၈၁ စင်း ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၆၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။
ရနောင်းဆိပ်ကမ်းသည် ကွန်တိန်နာစုစုပေါင်း ၂,၇၉၆ ခုကို ကိုင်တွယ်ထိန်းသိမ်းပေးခဲ့ပြီး ယင်းမှာ ရာခိုင်နှုန်းအားဖြင့် ၁၁၁ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ ဆိပ်ကမ်းကတဆင့် ကုန်စည် ကုန်တင်ကုန်ချ တန်ချိန်ပမာဏသည် ၃၂၄,၉၃၃ တန်ခန့် ရှိခဲ့ပြီး ယမန်နှစ်ကထက် ၂၅၁ ရာခိုင်နှုန်း တိုးလာသည်ဟု ထိုင်းနိုင်ငံ ဆိပ်ကမ်းအာဏာပိုင် (PAT)၏ညွှန်ကြားရေးမှူးချုပ် ကရင်းကရိုင် ချိုင်းဆီရီဝေါင်းဆပ်ခ် က ပြောကြားခဲ့သည်။