မြန်မာနိုင်ငံသို့ ရေနံတင်ပို့မှု ရပ်ဆိုင်းရန် အသင့်ရှိဟု ထိုင်း PTT ကုမ္ပဏီဆို

ထိုင်းနိုင်ငံ၏ ရေနံကုန်သွယ်မှု အကြီးဆုံးလုပ်ငန်းစုဖြစ်သော PTT ရေနံနှင့် လက်လီရောင်းချမှု လုပ်ငန်းစု(OR) သည် အိမ်နီးချင်းနိုင်ငံအတွင်း လှုပ်ရှားလျက်ရှိသော ရာဇဝတ်ဂိုဏ်းများကို ကိုင်တွယ်ရန် အစိုးရ၏ မူဝါဒနှင့်အညီ မြန်မာနိုင်ငံသို့ သန့်စင်ပြီး ရေနံတင်ပို့မှုကို ရပ်ဆိုင်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 07 Feb 2025

ဓာတ်ပုံ - Phnom Penh Post
ဓာတ်ပုံ - Phnom Penh Post

DMG ၊ ဖေဖော်ဝါရီ ၇

ထိုင်းနိုင်ငံ၏ ရေနံကုန်သွယ်မှု အကြီးဆုံးလုပ်ငန်းစုဖြစ်သော PTT ရေနံနှင့် လက်လီရောင်းချမှု လုပ်ငန်းစု(OR) သည် အိမ်နီးချင်းနိုင်ငံအတွင်း လှုပ်ရှားလျက်ရှိသော ရာဇဝတ်ဂိုဏ်းများကို ကိုင်တွယ်ရန် အစိုးရ၏ မူဝါဒနှင့်အညီ မြန်မာနိုင်ငံသို့ သန့်စင်ပြီး ရေနံတင်ပို့မှုကို ရပ်ဆိုင်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

SET စာရင်းဝင် PTT ရေနံနှင့် လက်လီရောင်းချမှု လုပ်ငန်းစု(OR) သည် အစိုးရ၏ လုပ်ငန်းစဉ်များကို ပူးပေါင်းပါဝင်ရန် အဆင်သင့်ရှိကြောင်းနှင့် အမျိုးသားလုံခြုံရေးကောင်စီ (NSC) က ထုတ်ပြန်သော နယ်စပ်စစ်ဆေးရေးဂိတ် ၅ ခုက ရေနံတင်ပို့မှုကို ရပ်ဆိုင်းရန် တရားဝင်အမိန့်ကို စောင့်ဆိုင်းနေကြောင်း နိုင်ငံတကာစီးပွားရေးလုပ်ငန်း OR ၏ အမှုဆောင်ဒုတိယဥက္ကဋ္ဌ ရာချာအူထိုင်းချန် က ပြောကြားသည်။

NSC က သံသယရှိသော ဒေသများသို့ ရေနံတင်ပို့မှုနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရပ်တန့်ရန်အတွက် စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် မှုခင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်ရေး အစီအမံများကို အတည်ပြုခဲ့ကြောင်း မီဒီယာများက ဖော်ပြထားသည်။

OR သည် မြန်မာနိုင်ငံဆီသို့ တစ်လလျှင် ဓာတ်ဆီနှင့် ဒီဇယ်လီတာ ၁၅ သန်းမှ သန်း ၂၀ သို့ တင်ပို့လျက်ရှိသည်။ ကုမ္ပဏီ၏ ဖောက်သည်များသည် မြဝတီ၊ တာချီလိတ်၊ မြိတ်နှင့် ကော့သောင်းမြို့များရှိ ဓာတ်ဆီဆိုင်များသို့ သန့်စင်ပြီး ဓာတ်ဆီများကို ပြန်လည်ရောင်းချနေခြင်း ဖြစ်သည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဖမ်သမ်း ဝီချာယာချိုင်းက မြန်မာအစိုးရမှနေ၍ ၎င်းတို့၏ လုပ်ငန်းများကို လည်ပတ်ရန် ရာဇဝတ်ဂိုဏ်းများကို အသုံးချနေသည်ဟု သံသယရှိသော ဒေသများဆီသို့ လျှပ်စစ်ပံ့ပိုးမှု ၅၀ ရာခိုင်နှုန်း လျှော့ချမည်ဟု အစောပိုင်းကတည်းက ပြောကြားထားခဲ့သည်။

NSC ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ခရိုင်လျှပ်စစ်ဓာတ်အား ပေးဝေမှု လျှော့ချရေး အစီအစဉ် တာဝန်ရှိသူများသည် တရားမဝင်လုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် ဒေသများသို့ လျှပ်စစ်ပေးဝေ ထောက်ပံ့မှု လျှော့ချရေး အစီအမံကို ဖေဖော်ဝါရီလ ၃ ရက်နေ့က အစည်းအဝေးထိုင်ကာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဖမ်သမ်း၏ အဆိုအရ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်း - မြန်မာ နယ်စပ်တစ်လျှောက်ရှိ မြန်မာနိုင်ငံတွင်း မြို့များဖြစ်သော မြဝတီရှိ ရွှေကုက္ကိုလ်ကဲ့သို့သော နေရာများသို့ သက်ရောက်မှုရှိစေမည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်သို့ အကြောင်းကြားမည်ဟု သိရသည်။

အဆိုပါ ဒေသများသည် အွန်လိုင်း လိမ်လည်လှည့်ဖြားမှု အစုအဖွဲ့များကို လက်ခံဆောင်ရွက်ပေးနေသည်ဟု ယူဆရဖွယ်ရှိသည်။