- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
အလောင်းလဲလှယ်မှုအတွက် ဟားမားစ်တို့ ပေးဆပ်ရမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
ဘီဘတ်စ်မိသားစု၏ ဆွေမျိုးများကမူ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် သေဆုံးမှုများအတွက်တာဝန်ရှိကြောင်း အသိပေးလိုက်ပြီး ၎င်းတို့ ရင်ဆိုင်ကြုံဆုံခဲ့ရသည့် ဖြစ်စဉ်အတွင်း ဘီဘတ်စ်နှင့် သူမ၏ သားသမီးများကို စွန့်ပစ်ထားခဲ့ခြင်းအတွက် ခွင့်မလွှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
22 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၂
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးကလေးငယ်နှစ်ဦးကို ဟားမတ်စ်များက သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲလိုက်ပြီးနောက် စစ်သွေးကြွများဘက်က ကလေးနှစ်ဦး၏မိခင် ရှီရီဘီဘတ်စ်ကို ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုအတွက် ပြန်ပေးရလိမ့်မည်ဖြစ်ကြောင်းနှင့် ဟားမတ်စ်ဘက်က ဖြစ်နိုင်ခြေရှိသော ရုပ်အလောင်းများကို ရောထွေးထားရှိလိုက်မှုအပေါ် အပြစ်တင်လိုက်ကြောင်း AFP က ဖော်ပြထားသည်။
ပါလက်စတိုင်း စစ်သွေးကြွများသည် ဘီဘတ်စ်၏ကလေးများကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ကြောင်း ကြွင်းကျန်ရစ်ခဲ့သော ရုပ်အလောင်းများကို စစ်ဆေးပြီးသည့်နောက်တွင် အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်လ် ဟာဂါရီက ပြောကြားလိုက်ပြီး ဟားမတ်စ်သည် အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုကို ကာလအတန်ကြာ ထိန်းသိမ်းထားသော်လည်း စစ်ပွဲအတွင်း ဘီဘတ်စ်နှင့် ဘီဘတ်စ်၏ ကလေးငယ်များကို သတ်ဖြတ်လိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘီဘတ်စ်မိသားစု၏ ဆွေမျိုးများကမူ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် သေဆုံးမှုများအတွက်တာဝန်ရှိကြောင်း အသိပေးလိုက်ပြီး ၎င်းတို့ ရင်ဆိုင်ကြုံဆုံခဲ့ရသည့် ဖြစ်စဉ်အတွင်း ဘီဘတ်စ်နှင့် သူမ၏ သားသမီးများကို စွန့်ပစ်ထားခဲ့ခြင်းအတွက် ခွင့်မလွှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပါလက်စတိုင်း စစ်သွေးကြွများက အစ္စရေးကိုတိုက်ခိုက်ကာ သိမ်းပိုက်လိုက်သောဖြစ်စဉ်ပြီးနောက် ၁၅ လကျော်ကြာ စစ်ပွဲဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပြီးတွင် ဓားစာခံ ၆၇ ဦး ဂါဇာတွင် ကျန်ရှိခဲ့ကြောင်းနှင့် ယင်းအနက်မှနေ၍ အယောက် ၃၀ ကျော်မှာ သေဆုံးသွားခဲ့ရကြောင်း အစ္စရေးစစ်တပ်က ပြောကြားထားသည်။
ကြာသပတေးနေ့က လက်ကျန်ရုပ်အလောင်းများ လွှဲပြောင်းပေးအပ်မှုအပေါ်တွင် တင်းမာမှုများရှိနေသည့်တိုင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးအကျဉ်းထောင်များရှိ ပါလက်စတိုင်း အကျဉ်းသားများကို ဓားစာခံများနှင့် လဲလှယ်ပေးမည့်အစီအစဉ်ကို စနေနေ့တွင် ဆက်လက်ဆောင်ရွက်ရန် မျှော်လင့်ထားဆဲဖြစ်သည်။
ကြာသပတေးနေ့က လွှဲပြောင်းပေးအပ်လိုက်သော ရုပ်အလောင်း ၄ လောင်းအနက်တွင် ပြန်ပေးဆွဲခံ၊ ထိန်းသိမ်းခံထားရသော ဘီဘတ်စ်နှင့် သူမ၏သားနှစ်ယောက်ဖြစ်သော အေရီရယ်လ်နှင့် ကီဖာရ်တို့ပါဝင်ကြောင်း ဟားမတ်စ်က ပြောကြားခဲ့ပြီး အသက် ကိုးလသာရှိသေးသော ကီဖာရ်မှာ အသက်အငယ်ဆုံး ဓားစာခံလည်း ဖြစ်ခဲ့သည်။
သို့သော်လည်း သောကြာနေ့က လုပ်ဆောင်ခဲ့သော မှုခင်းဆေးပညာ စစ်ဆေးမှုများအပြီးတွင် ရှီရီဘီဘတ်စ်ဟုဆိုကာ ပေးပို့လာသော ရုပ်အလောင်းသည် ရှီရီဘီဘတ်စ် မဟုတ်ကြောင်း အစ္စရေးဘက်က ပြောကြားခဲ့ပြီး နေတန်ယာဟုကလည်း ဟားမတ်စ်တို့သည် "ဂါဇာအမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ခေါင်းတလားတွင် ထည့်ပေးလိုက်သည်" ဟု ပြောကြားခဲ့သည်။