- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
သံတွဲတွင် ကိုဗစ်ကာလ ညမထွက်အရအမိန့်ဖောက်ဖျက်သူ ၂၆ ဦး ထောင်ဒဏ် ၁ လချမှတ်ခံရ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်) ဖောက်ဖျက်သူ ၂၆ ဦးကို ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ကြောင်း သံတွဲမြို့နယ်တရားရုံးမှ သိရသည်။
13 Oct 2020
မျိုးမြင့်ဇော် | DMG
အောက်တိုဘာ ၁၃ ၊ သံတွဲ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်) ဖောက်ဖျက်သူ ၂၆ ဦးကို ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ကြောင်း သံတွဲမြို့နယ်တရားရုံးမှ သိရသည်။
အဆိုပါမြို့နယ်အတွင်း၌ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဒေသန္တရ ညမထွက်ရအမိန့်ကို စက်တင်ဘာ ၂ ရက်နေ့မှစ၍ ထုတ်ပြန်ထားပြီဖြစ်ရာ ထုတ်ပြန်သောနေ့မှ အောက်တိုဘာ ၁၁ ရက်နေ့အထိ အရေးယူခံရသူ ၂၆ ဦးရှိခဲ့ခြင်းဖြစ်သည်။
“ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို ကျနော်တို့စခန်းက စိစစ်ကြပ်မတ်တာပဲရှိတယ်။ ထွေ/အုပ်ကပဲ တရားလိုလုပ်တာဖြစ်တယ်” ဟု သံတွဲမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးရဲမင်းစိုးကရှင်းပြသည်။
အလားတူ စက်တင်ဘာနှင့် အောက်တိုဘာ ၁၂ ရက်နေ့အထိ အများပြည်သူသွားလာရာ နေရာတို့တွင် ဝိုင်းဖွဲ့ကာ အရက်သေစာသောက်စားသူ ၁၀ ဦးကျော်ကိုလည်း မြန်မာနိုင်ငံရဲအက်ဥပဒေ ပုဒ်မ-၄၇ ဖြင့် အရေးယူထားရှိကြောင်း သံတွဲမြို့မရဲစခန်းမှသိရသည်။
ရဲအက်ဥပဒေပုဒ်မ-၄၇ တွင် ငွေဒဏ် ၅၀ ဖြစ်စေ၊ ထောင်ဒဏ် ၈ ရက်ဖြစ်စေချမှရမည်ဖြစ်ကြောင်း ပြဌာန်း ထားသည်။ ထို့ပြင် စက်တင်ဘာလအတွင်းက ရန်ကုန်တိုင်းမှ သံတွဲမြို့နယ်အတွင်းသို့ သက်ဆိုင်ရာမှ ထောက်ခံချက်တစ်စုံတစ်ရာမပါရှိဘဲ လူနာတင်ယာဉ်ဖြင့် ဝင်ရောက်လာသည့် လူငယ် ၅ ဦးမှာလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ ၊ ၃၀(ဃ)ဖြင့် တရားစွဲဆိုခံထားရသည်။