- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
- "လူ ၂၆ ယောက် သေနတ် တစ်လက်နဲ့ စခဲ့တဲ့ ၁၆ နှစ်တာ တော်လှန်ရေး ခရီး"
ဆားဘီးယားအမတ်များ လွှတ်တော်ထဲ၌ မီးပန်းများနှင့် မျက်ရည်ယိုဗုံးများ ပစ်ဖောက်ပြီး ဆန္ဒပြပွဲများကို ထောက်ခံမှုပြသ
အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ထောက်ခံအားပေးသည့် အနေဖြင့် ဆားဘီးယားအတိုက်အခံ လွှတ်တော်အမတ်များသည် ပြီးခဲ့သည့် အင်္ဂါနေ့က လွှတ်တော်တွင်း၌ မီးရှူးမီးပန်းများနှင့် မျက်ရည်ယိုဗုံးဟု သံသယဖြစ်ဖွယ်ရာရှိသည့် အရာများကို အသုံးပြု ပစ်ဖောက်ခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် အများအပြား ဒဏ်ရာရသွားကြောင်း AFP က ဖော်ပြထားသည်။
05 Mar 2025

DMG ၊ မတ် ၅
အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ထောက်ခံအားပေးသည့် အနေဖြင့် ဆားဘီးယားအတိုက်အခံ လွှတ်တော်အမတ်များသည် ပြီးခဲ့သည့် အင်္ဂါနေ့က လွှတ်တော်တွင်း၌ မီးရှူးမီးပန်းများနှင့် မျက်ရည်ယိုဗုံးဟု သံသယဖြစ်ဖွယ်ရာရှိသည့် အရာများကို အသုံးပြု ပစ်ဖောက်ခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် အများအပြား ဒဏ်ရာရသွားကြောင်း AFP က ဖော်ပြထားသည်။
အွန်လိုင်းပေါ်တွင် မျှဝေထားသော ဗီဒီယိုဖိုင်များတွင် အတိုက်အခံအဖွဲ့ဝင်များက အရောင်စုံ မီးရှူးမီးပန်းများကို ကိုင်ဆောင်ထားပြီး လွှတ်တော်ရာသီ စတင်ဖွင့်လှစ်ချိန်ကာလ၌ မီးခိုးဗူးဟု ယူဆရဖွယ်ရှိသောအရာများကို ပစ်ပေါက်လိုက်ကြောင်း ဖော်ပြပါရှိလာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သော Live ဗီဒီယိုတစ်ခုတွင် ပါလီမန်ဥက္ကဌ အေနာ ဘာနာဗစ် က အတိုက်အခံများ၏ ဆန္ဒပြမှုကို အော်ဟစ်ဟန့်တားခဲ့ပြီး အတိုက်အခံများမှာ အစည်းအဝေးပွဲအတွင်း မျက်ရည်ယိုဗုံးများကို သုံးစွဲခဲ့ကြောင်း သူမက စွပ်စွဲခဲ့သည်ကို မြင်တွေ့ကြရသည်။
"မင်းတို့ရဲ့ရောင်စုံတော်လှန်ရေးက ကျရှုံးသွားပြီ။ ဒီတိုင်းပြည်က ရှင်သန်နေလိမ့်မယ်၊ ဒီတိုင်းပြည်က ဆက်လက် လည်ပတ် လုပ်ကိုင်နေလိမ့်မယ်၊ ဒီတိုင်းပြည်က ဆက်ပြီး အောင်မြင်နေလိမ့်မယ်" ဟု ဆိုဗီယက်ခေတ်လွန်နိုင်ငံများကို တုန်လှုပ်စေသော အနောက်လိုလားသည့် တော်လှန်းများကို ရည်ညွှန်းသူများကို သူမက ပြောကြားခဲ့သည်။
ဆားဘီးယားနိုင်ငံတွင် ယမန်နှစ်က လူ ၁၅ ဦး သေဆုံးခဲ့သော ရထားအမိုးပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ကျောင်းသားများ ဦးဆောင်သော အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့ပြီး ယင်းဆန္ဒပြမှုများကြောင့် ဆားဘီးယားနိုင်ငံတွင် လပေါင်းများစွာ လှုပ်ခတ်သွားခဲ့ရသည်။
အဆိုပါလှုပ်ရှားမှုသည် ဇန်နဝါရီလအတွင်း၌ ဆားဘီးယားဝန်ကြီးချုပ်နှင့် အခြားသော အဆင့်မြင့်အရာရှိများကို ရာထူးက နှုတ်ထွက်စေသည်အထိ လှုံ့ဆော်မှု အားကောင်းပြင်းထန်ခဲ့ကာ ဆားဘီးယား အစိုးရနှင့် သမ္မတ အလက်ခ်ဆန်ဒါး ဗူဆစ် တို့ကိုလည်း ဖိအားများ တိုးသွားစေခဲ့သည်။
အင်္ဂါနေ့က ကျင်းပခဲ့သော အစည်းအဝေးပွဲသည် ဝန်ကြီးချုပ် မီလော့စ် ဗူစီဗစ် ရာထူးက ဆင်းသွားခဲ့ခြင်းနှင့် ပါလီမန်ဘက်က ၎င်း၏ရာထူးနုတ်ထွက်မှုကို တရာဝင်ထုတ်ပြန်ရန် စီစဉ်လိုက်ပြီးသည့်နောက်၌ ပထမဆုံးအကြိမ်ကျင်းပခဲ့သော အစည်းအဝေးဖြစ်သည်။
ဆန္ဒပြသူများ၏ အဓိကတောင်းဆိုချက်တစ်ခုဖြစ်သော တက္ကသိုလ်ကျောင်းသားများအတွက် ကျူရှင်ခများ လျှော့ချပေးရေးဆိုင်ရာ အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကိုလည်း ၎င်းတို့က အချေအတင် ဆွေးနွေးခဲ့ကြသည်။
သို့သော် ဖရိုဖရဲဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့ပြီး ဖြစ်စဉ်အတွင်း အတိုက်အခံများက ၎င်းတို့၏ဆန္ဒပြမှုကို စတင်ခဲ့ကာ အာဏာရ ဆားဘီးယားတိုးတက်ရေးပါတီ၏ အဖွဲ့ဝင်များကို ကြက်ဥများ၊ ရေများဖြင့် ပစ်ပေါက်ခဲ့ကြသည်။