- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယားလေယာဉ် ဗုံး ၈ လုံး မှားယွင်းကြဲချမိ၍ လူ ၁၅ ဦး ဒဏ်ရာရ
"လေတပ်ရဲ့ KF-16 လေယာဉ်ဆီက MK-82 ဗုံး ၈ လုံးဟာ သတ်မှတ်ထားတဲ့ ပစ်ခတ်မှုအကွာအဝေးရဲ့ အပြင်ဘက်ဆီကို ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်နဲ့ ကျရောက်သွားခဲ့ပါတယ်" ဟု လေတပ်က ပြောကြားခဲ့သည်။
06 Mar 2025

DMG ၊ မတ် ၆
လေ့ကျင့်မှုတစ်ခုအတွင်း တိုက်လေယာဉ်များအနက်က တစ်စီးသည် နေရာမှားယွင်း၍ ဗုံး ၈ လုံး မတော်တဆ ပြုတ်ကျသွားခဲ့သည့်အတွက် အရပ်သားများ ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း တောင်ကိုရီးယားလေတပ်က ကြာသပတေးနေ့ (မတ်လ ၆ ရက်) တွင် ပြောကြားခဲ့သည်ဟု Agencies/rl က ဖော်ပြထားသည်။
"လေတပ်ရဲ့ KF-16 လေယာဉ်ဆီက MK-82 ဗုံး ၈ လုံးဟာ သတ်မှတ်ထားတဲ့ ပစ်ခတ်မှုအကွာအဝေးရဲ့ အပြင်ဘက်ဆီကို ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်နဲ့ ကျရောက်သွားခဲ့ပါတယ်" ဟု လေတပ်က ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် ပိုချွန်းတွင် နံနက် ၁၀ နာရီ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်နေရာ၏ တောင်ဘက် ၂၅ ကီလိုမီတာအကွာတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ဗုံးတွေ မလိုလားအပ်ဘဲ ပြုတ်ကျသွားခဲ့ပြီး အရပ်သားတွေကို ထိခိုက်မှုဖြစ်စေခဲ့ရလို့ ကျွန်တော်တို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။ ဒဏ်ရာရရှိသူတွေ အမြန်ဆုံးပဲ ပြန်လည်သက်သာလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် လေတပ်က ပြောကြားခဲ့သည်။
မတော်တဆမှု တုံ့ပြန်ရေး ကော်မတီကို ဖွဲ့စည်း၍ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန်ရှိကြောင်းနှင့် ပျက်စီးဆုံးရှုံး ထိခိုက်မှုများအတွက် လျော်ကြေးပေးခြင်းအပါအဝင် လိုအပ်သည့် အစီအမံအားလုံးကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လေတပ်က ပြောကြားခဲ့သည်။
စစ်တပ်ဂျက်လေယာဉ်သည် လေတပ်နှင့်ကြည်းတပ်တို့ ပူးတွဲဆောင်ရွက်သော တိုက်ရိုက်ပစ်ခတ် လေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်ဟု လေတပ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် ကြာသပတေးနေ့က ပိုချွန်းတွင် အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲ၍ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ဗုံးများသည် ရွာတစ်ရွာကို ကျရောက်သွားခဲ့သည်ဟု ယူဆရကြောင်း တောင်ကိုရီးယား အမျိုးသား မီးသတ်အေဂျင်စီက ပြောကြားခဲ့သည်။
Gyeonggi-do Bukbu မီးသတ်ဌာနက လူ ၁၅ ဦး ဒဏ်ရာရခဲ့ပြီး ယင်းအနက်မှ နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘုရားကျောင်း အဆောက်အအုံတစ်လုံးနှင့် အိမ်နှစ်အိမ်၏ အစိတ်အပိုင်းများလည်း ပျက်စီးခဲ့ကြောင်း အမျိုးသားမီးသတ်အေဂျင်စီက ဖော်ပြထားသည်။