ယွန်းဆတ်ခ်ယိုးအပေါ် စွဲချက်တင်ထားထော နိုင်ငံတော်ပုန်ကန်မှုကို ခုခံချေပသွားမည်ဟု သမ္မတရှေ့နေပြော

တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုး၏ လုပ်ငန်းတာဝန်များကို လွှတ်တော်က ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပြီး နိုင်ငံအတွင်း၌ နိုင်ငံရေးမငြိမ်သက်မှုများ ဖြစ်ပေါ်စေခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ စွပ်စွဲပြစ်တင်မှုဆိုင်ရာ မဲခွဲဆုံးဖြတ်ခဲ့ရသည့် သမ္မတယွန်း၏ ဒီဇင်ဘာ ၃ ရက်နေ့က ကြေငြာချက်အတွက် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီလည်းဖြစ်သည်။

By Admin 17 Dec 2024

ရာထူးခေတ္တဆိုင်းငံ့ထားသော တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးလ် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ဆိုးလ်မြို့ရှိ လျှပ်စစ်ပစ္စည်း ဆိုင်တန်းတစ်ခုတွင် ပြသထားသည့် မြင်ကွင်းဖြစ်သည်။ (ဓာတ်ပုံ - AFP)

တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးသည် စစ်အုပ်ချုပ်ရေးကို ကြေညာခြင်းဖြင့် ဆန့်ကျင်ပုန်ကန်သည့် အပြုအမူမျိုးကို ကျူးလွန်ခဲ့ခြင်း မဟုတ်ကြောင်းနှင့် ယခုကိစ္စရပ်အတွက် တရားရုံးတွင် စွဲချက်တင်ထားခြင်းကို ခုခံတိုက်ပွဲဝင်သွားမည်ဟု ၎င်း၏ ကာကွယ်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြထားသည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုး၏ လုပ်ငန်းတာဝန်များကို လွှတ်တော်က ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပြီး နိုင်ငံအတွင်း၌ နိုင်ငံရေးမငြိမ်သက်မှုများ ဖြစ်ပေါ်စေခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ စွပ်စွဲပြစ်တင်မှုဆိုင်ရာ မဲခွဲဆုံးဖြတ်ခဲ့ရသည့် သမ္မတယွန်း၏ ဒီဇင်ဘာ ၃ ရက်နေ့က ကြေငြာချက်အတွက် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီလည်းဖြစ်သည်။

သမ္မတယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ချမှတ်မှုသည် ဆန့်ကျင်ပုန်ကန်သည့် အပြုအမူမျိုးဟု စွပ်စွဲရန်အတွက် လိုအပ်ချက်များနှင့် မကိုက်ညီကြောင်း၊ မိမိတို့အနေနှင့် ထိုအချက်ကို ကိုင်စွဲကာ တရားရုံတွင် ခုခံတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သမ္မတယွန်း၏ ဥပဒေရေးရာအဖွဲ့ဝင် ပါဝင်သူ ဆွတ်ခ် ဒေါင်-ယွန်းက Yonhap သတင်းအေဂျင်စီသို့ ပြောကြားသည်။

“ဆန့်ကျင်ပုန်ကန်တဲ့ အပြုအမူမျိုးဆိုတဲ့ စွဲချက်တွေကို တရားဥပဒေကြောင်းအရ တရားဝင်တယ်လို့ မယူဆပေမယ့် စုံစမ်းစစ်ဆေးမှုတွေကိုတော့ ပူးပေါင်းလိုက်နာ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သမ္မတ ယွန်းသည် အရပ်သားအုပ်ချုပ်ရေးကို ဆိုင်းငံ့ထားရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ မေးခွန်းများဖြေကြားရန် စနေနေ့၌ တရားရုံးဆီသို့ ရောက်ရှိမလာခဲ့ပါက ဖမ်းဆီးထိန်းသိမ်းခံရနိုင်ဖွယ် ရှိသည်ဟု Yonhap သတင်းအေဂျင်စီထံသို့ စုံစမ်းစစ်ဆေးမှူးများက အကြောင်းကြားပြီးနောက် နာရီပိုင်းအကြာတွင် မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။

ယွန်းကို တောင်ကိုရီးယား အစိုးရရှေ့နေများ အပါအဝင် ရဲ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးသူများ ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

သမ္မတနှင့် ၎င်း၏အတွင်းစည်းတွင် ပါဝင်နေသူအချို့သည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်တစ်သက် သို့မဟုတ် သေဒဏ်အထိ ချမှတ်ခံရနိုင်ဖွယ်ရှိသည်။ လက်ရှိတွင် သမ္မတယွန်းသည် ခရီးသွားလာခွင့် ပိတ်ပင်ခံထားလိုက်ရပြီဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖုန်းမှတ်တမ်းများကို ရယူနိုင်ရန်အတွက် သမ္မတယွန်း၏ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းစဉ်ကို အင်္ဂါနေ့အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းဌာနက ပြောကြားခဲ့သည်။

ရာထူးဆိုင်းငံ့ထားသော သမ္မတကို မေးခွန်းများ ဖြေကြားပေးရန် ဗုဒ္ဓဟူးနေ့တွင် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က တောင်းဆိုခဲ့သော်လည်း သမ္မတ၏ရုံးဘက်က ငြင်းဆန်ပယ်ချခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။