- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
၂၀၁၈ နောက်ပိုင်း ဝေဟင်တွင် အသေအပျောက် အများဆုံးအဖြစ် ၂၀၂၄ ခုနှစ် ဖြစ်လာ
မကြာသေးမီကဖြစ်ပွားခဲ့သော အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်စဉ် နှစ်ခုကြောင့် ယခုနှစ်အတွင်း ခရီးသည်တင် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးရသူအရေအတွက်မှာ ၃၁၈ ဦးအထိ မြင့်တက်ခဲ့ကြောင်း Cirium က ပြုစုထားသော အချက်အလက်များအရ သိရှိရသည်။
02 Jan 2025
DMG ၊ ဒီဇင်ဘာ ၃၁
တောင်ကိုရီးယားတွင်ဖြစ်ပွားခဲ့သော ဂျီဂျူးလေကြောင်းလိုင်း ဘေးအန္တရာယ်ကပ်ဆိုးနှင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အဇာဘိုင်ဂျန် လေကြောင်းလိုင်း၏ လေယာဉ်တစ်စီး ပျက်ကျမှုတို့သည် ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် စီးပွားဖြစ်လေကြောင်းလိုင်းများ၏ လူသေဆုံးမှု အများဆုံးနှစ်ကို ကြုံတွေ့ဖြစ်ပေါ်စေခဲ့ကြောင်း ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မကြာသေးမီကဖြစ်ပွားခဲ့သော အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်စဉ် နှစ်ခုကြောင့် ယခုနှစ်အတွင်း ခရီးသည်တင် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးရသူအရေအတွက်မှာ ၃၁၈ ဦးအထိ မြင့်တက်ခဲ့ကြောင်း Cirium က ပြုစုထားသော အချက်အလက်များအရ သိရှိရသည်။
ယခုအခြေအနေသည် ၂၀၁၈ ခုနှစ်၌ Boeing 737 Max လေယာဉ်ပျက်ကျမှု နှစ်ခုကြောင့် ပထမဆုံအကြိမ်အဖြစ် လူ ၅၀၀ ကျော် သေဆုံးခဲ့ရပြီးသည့်နောက်တွင် လူသေဆုံးမှုအမြင့်ဆုံး ဖြစ်လာခဲ့သည်။
ယခုနှစ်အတွင်း အန္တရာယ်ဖြစ်စဉ်များနှင့် ရင်ဆိုင်ခဲ့ရသော လေယာဉ်ပျံသန်းမှုများသည် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်စဉ်များဖြင့် ဂျပန်နိုင်ငံတွင် အစပြုခဲ့ကာ တောင်ကိုရီးယားနိုင်ငံတွင် အဆုံးသတ်သွားခဲ့သည်။
ပြင်းပြင်းထန်ထန် ဖြစ်ပွားတတ်သော လေကြောင်းမတော်တဆမှုများသည် လွန်စွာ ရှားရှားပါးပါး ဖြစ်ပေါ်တတ်လေ့ရှိပြီး ကြီးကြီးမားမားဖြစ်ပေါ်သော မတော်တဆဖြစ်ရပ်တစ်ခုသည် စာရင်းညွှန်းကိန်းများတွင် ဘေးကင်းလုံခြုံသောနှစ် အဖြစ် ရှိနေသည်ကို ရုတ်ချည်းဆိုသကဲ့သို့ပင် အဆိုးရွားဆုံးနှစ် အဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။
Max ၏ရှေ့ပြေးဖြစ်သော Jeju Air Boeing 737-800 သည် မည်သည့်အတွက်ကြောင့် တနင်္ဂနွေနေ့ နံနက်အစောပိုင်း၌ မူအန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ချိန်တွင် ဆင်းသက်ဂီယာကို ထုတ်မသုံးနိုင်ခဲ့ဘဲ ကွန်ကရစ်နံရံကို ဝင်တိုက်မိခဲ့သည်ဆိုခြင်းကို စုံစမ်းစစ်ဆေးရေးမှူးများက စုံစမ်းနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် မချမှတ်နိုင်သေးပေ။
ပျက်ကျသွားခဲ့သော ဂျက်လေယာဉ်သည် မီးလုံးကြီး လိမ့်တက်သည်အထိ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာခဲ့သူများအနက်မှ နှစ်ဦးသာ အသက်ရှင်ကျန်ရစ်ပြီး ၁၈၁ ဦး သေဆုံးသွားခဲ့သည်။
အခြားသော Jeju လေယာဉ်တစ်စင်းသည်လည်း ဆင်းသက်ရာတွင် ဂီယာပြဿနာနှင့် ကြုံတွေ့ခဲ့ရပြီးသည့်နောက်၌ တနင်္လာနေ့တွင် ကိုရီးယားအာဏာပိုင်များက ပြည်တွင်းလေကြောင်းလိုင်းများတွင် ဝင်ရောက်လည်ပတ်ကာ အလုပ်,လုပ်နေသော အခြား 737-800s လေယာဉ် ၁၀၁ စီး၏ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးရန် အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
ယခုဖြစ်စဉ်များ ဖြစ်ပွားခဲ့အပြီးတွင် အမေရိကန်ပြည်ထောင်စုရှိ အစောပိုင်း ကုန်သွယ်မှုလုပ်ငန်းစဉ်များ၌ ဘိုးအင်း၏ရှယ်ယာများ ကျဆင်းသွားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဂျပန်လေကြောင်းလိုင်းပိုင် ဂျက်လေယာဉ်ကြီးသည် တိုကျိုမြို့ ဟာနီဒါလေဆိပ်တွင် ကမ်းခြေစောင့်လေယာဉ်နှင့် ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။
စီးပွားဖြစ် ဂျက်လေယာဉ်ပျံထက်တွင် စီးနင်းလိုက်ပါလာသူ အားလုံး အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း လေယာဉ်ငယ်ပေါ်တွင် ရှိနေခဲ့သူ ငါးဦးကမူ အသက်ဆုံးရှုံးသွားခဲ့ရသည်။
မြန်မာနိုင်ငံကို ဖြတ်ကျော် ပျံသန်းလာခဲ့သည် စင်ကာပူလေကြောင်းလိုင်း ဂျက်လေယာဉ်သည် ပြင်းထန်သော လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့ရသော အသက်ဆုံးရှုံးခဲ့ရမှုသည်လည်း တစ်နှစ်တာအတွင်း ပျက်စီးမှုများတွင် ပါဝင်ခဲ့သည်။
ဇူလိုင်လအတွင်း၌ နီပေါနိုင်ငံ၏ Saurya လေကြောင်းလိုင်းသည် ခတ္တမန္တူမှနေ၍ ပျံသန်းထွက်ခွာပြီးနောက် လေယာဉ်ပျက်ကျခဲ့ရာတွင် လူ ၁၈ ဦး သေဆုံးခဲ့ရသည်။
ဩဂုတ်လတွင် ဘရာဇီးလေကြောင်းလိုင်း VoePass ၌ ဝင်ရောက်လည်ပတ်လုပ်ကိုင်နေသော လေယာဉ်တစ်စင်းသည် အေးခဲတိုက်ခိုက်ဖွယ်ရာ ရာသီဥတုအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရပြီး သည့်နောက်၌ ကောင်းကင်ထက်ဆီသို့ ပျံသန်းနေရာမှနေ၍ အောက်သို့ ထိုးဆင်းပြုတ်ကျကာ ယင်းဖြစ်စဉ်၌ လူ ၆၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ကမ္ဘာလုံးဆိုင်ရာတွင် ဖြစ်ပွားနေသော ပဋိပက္ခဖြစ်စဉ်များသည်လည်း ယခုနှစ်အတွင်း လေကြောင်းဆိုင်ရာဖြစ်စဉ်များကြောင့် အသက်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်း Embraer SA 190 က လေယာဉ်သည် ဒီဇင်ဘာ ၂၅ ရက်နေ့က အဇာဘိုင်ဂျန်နိုင်ငံ၏မြို့တော် ဘာကူးမြို့မှနေ၍ ရုရှားနိုင်ငံ၏မြို့တစ်မြို့ဖြစ်သော ဂရော့ဇ်နီသို့ ပျံသန်းထွက်ခွာစဉ်တွင် ပျံသန်းမှုပြီးဆုံးခါနီး၌ ကက်စ်ပီယံပင်လယ်ကို ဖြတ်ပြီး လမ်းကြောင်းပြောင်းလဲမှု ရုတ်တရက်ဖြစ်ပေါ်ခဲ့အပြီး၌ ပျက်ကျသွားခဲ့သည်။
ပျက်စီးသွားသော လေယာဉ်သည် ကာဇက်စတန်နိုင်ငံ၊ အာ့ခ်တာအူမြို့မှနေ၍ ၃ ကီလိုမီတာ (၁ ဒသမ ၉ မိုင်) အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ အဇာဘိုင်ဂျန်သမ္မတက အဆိုပါ လေယာဉ်ပျက်ကျမှုသည် ရုရှားဘက်က မတော်တဆ ပစ်ချလိုက်ခြင်းကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။