- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
အမှုရင်မဆိုင်ဘဲ ရှောင်တိမ်းနေသော တောင်ကိုရီးယားသမ္မတကို စုံစမ်းစစ်ဆေးရေးအာဏာပိုင်များ ဖမ်းဆီး
ရာထူးဆိုင်းငံ့ခံထားရသော တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးလ်သည် ၎င်း၏ မအောင်မြင်သော စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခံရမှုများကို ဖြေကြားမပေးဘဲ နှုတ်ဆိတ်မှုကို ကျင့်သုံးနေဆဲဖြစ်သည်ဟု စုံစမ်းရေးမှူးများက ပြောကြားခဲ့သည်။
15 Jan 2025
.jpg)
DMG ၊ ဇန်နဝါရီ ၁၅
တောင်ကိုရီးယားအာဏာပိုင်များသည် တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးလ်ကို ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုနှင့် ဆက်နွှယ်ပတ်သက်၍ နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်များဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
စွပ်စွဲပြစ်တင်ခံရမှုများနှင့် ရင်ဆိုင်ရုန်းကန်နေရသော တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးလ်က သွေးထွက်သံယိုဖြစ်ပွားမှုများကို ရှောင်ရှားနိုင်စေရန်အတွက် ၎င်းဘက်က တရားမဝင်စုံစမ်းစစ်ဆေးမှုဟု ခေါ်ဝေါ်သုံးနှုန်းထားသော စုံစမ်းမှုကိုပူးပေါင်းလိုက်နာရန် လိုက်လျောပေးလိုက်သည်ဟု ဆိုသည်။
ရာထူးဆိုင်းငံ့ခံထားရသော တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးလ်သည် ၎င်း၏ မအောင်မြင်သော စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခံရမှုများကို ဖြေကြားမပေးဘဲ နှုတ်ဆိတ်မှုကို ကျင့်သုံးနေဆဲဖြစ်သည်ဟု စုံစမ်းရေးမှူးများက ပြောကြားခဲ့သည်။
.jpg)
တိုင်းပြည်ရှိ ခေါင်းဆောင်ဟောင်းများကို တရားစွဲထောင်ချခဲ့ဖူးသော ရာဇဝင်သမိုင်းကြောင်းရှိသည့် တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ ယွန်းဆတ်ခ်ယိုးလ်ကို ဖမ်းဆီးလိုက်မှုသည် လက်ရှိသမ္မတကို ဖမ်းဆီးထိန်းသိမ်းသည့် ပထမဆုံးသောဖြစ်စဉ်ဖြစ်လာခဲ့သည်။
ယခုဖြစ်စဉ်သည် အာရှတိုက်၏ အတက်ကြွဆုံးသော ဒီမိုကရေစီနိုင်ငံများအနက်တွင် တစ်ခုအပါအဝင်ဖြစ်သော တောင်ကိုရီးယားအတွက် နောက်ဆုံးပေါ် ခေါင်းဆောင်မှု ချိန်ခွင်လျှာ အလှည့်အပြောင်းညှိခြင်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တစ်ရပ် အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။
ဒီဇင်ဘာ ၃ ရက်နေ့တွင် တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးလ်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ၎င်းကို ရာထူးကရပ်စဲရန် လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ခဲ့ပြီး ယင်းနောက်တွင် အစောပိုင်းက ယွန်းဆတ်ခ်ယိုးလ်ကိုဖမ်းဆီးရန် တားမြစ်ခဲ့သော ၎င်း၏ တစ်ကိုယ်ရည် တပ်ဖွဲ့ငယ်က ယွန်းဆတ်ခ်ယိုးလ်ကို တောင်စောင်းရှိ ၎င်း၏နေအိမ်၌ ကာကွယ်စောင့်ရှောက်ပေးထားခဲ့သည်။
jpg.jpg)
ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်း၌ ရဲအရာရှိ ၃,၀၀၀ ကျော်က ၎င်းကို ဖမ်းဆီးရန် ၎င်း၏နေအိမ်ရှိရာဆီသို့ ချီတက်လာခဲ့ပြီးနောက် အကြမ်းဖက်မှုတွေကို ရှောင်လွှဲရန်အတွက် အဖမ်းခံလိုက်ခြင်းဖြစ်သည်ဟု ယခုဖြစ်စဉ်ကို အံတုရင်ဆိုင်နေသော သမ္မတ ယွန်းဆတ်ခ်ယိုးလ် က ပြောကြားသွားခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးလ်ကို စစ်ဆေးမေးမြန်းရန်အတွက် အာဏာပိုင်များသည် ၄၈ နာရီ အချိန်ရပြီး ယင်းနောက်တွင် ရက်ပေါင်း ၂၀ အထိ ထိန်းသိမ်းထားရန် သို့မဟုတ် လွှတ်ပေးရန် ဖမ်းဝရမ်းတောင်းခံရမည်ဖြစ်သည်။