- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မိုးမကျမီ နေအိမ်များဆောက်လုပ်နိုင်ရေး စစ်ဘေးရှောင်များ လိုလားနေ
ရခိုင်ပြည်အနှံ့က စစ်ဘေးရှောင်အချို့မှာ တောတောင်များတွင် တာပေါ်လင်စများနှင့် တဲထိုးနေထိုင်လျက်ရှိသလို စခန်းအတွင်းနေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်များမှာလည်း အမိုးအကာများပေါက်ပြဲ ဟောင်းနွမ်းနေသဖြင့် အကူအညီလိုအပ်နေခြင်းဖြစ်သည်။
23 Apr 2025

DMG ၊ ဧပြီ ၂၃
မကြာမီအချိန်ကာလ မိုးတွင်းရာသီရောက်တော့မည် ဖြစ်သောကြောင့် လုံခြုံသော အမိုးအကာအောက် ရောက်ရှိနိုင်ရေးအတွက် စစ်ဘေးရှောင်များက လိုလားနေကြသည်။
ရခိုင်ပြည်အနှံ့က စစ်ဘေးရှောင်အချို့မှာ တောတောင်များတွင် တာပေါ်လင်စများနှင့် တဲထိုးနေထိုင်လျက်ရှိသလို စခန်းအတွင်းနေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်များမှာလည်း အမိုးအကာများပေါက်ပြဲ ဟောင်းနွမ်းနေသဖြင့် အကူအညီလိုအပ်နေခြင်းဖြစ်သည်။
“အိမ်ကလည်း ပြိုနေပြီးတက်နေစရာကို မရှိတော့ဘူး။ ဒီအခြေအနေမှာက ပိုက်ဆံမပေးဘဲ ဘယ်သူမှ မလုပ်ပေးဘူး။ အိမ်လုပ်ဖို့ကလည်း ပိုက်ဆံမရှိဘူး။ အိမ်လုပ်ပေးမဲ့သူလည်း မရှိဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာ စစ်ဘေးရှောင်စခန်းမှ ဒေါ်သာနှင်းအေးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများအပြင် ကားလမ်းနံဘေးများတွင် ယာယီတဲထိုးနေထိုင်သည့် စစ်ဘေးရှောင်းများလည်း ရှိနေသည်။
လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည့် ကျောက်ဖြူမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ ယာယီတဲများနှင့် နေထိုင်လျက်ရှိပြီ မိုးတွင်းရာသီကို ဖြတ်သန်းရန် စိတ်ပူနေကြသည်။
“မိုးရာသီအတွက်က လုံးဝ ခိုင်ခိုင်လုံလုံ မဟုတ်ရင်တောင်မှ မိုးရာသီကို ခံနိုင်ရည်ရှိမဲ့ နေအိမ်တွေ ဖြစ်ဖို့လိုအပ်တယ်” ဟု ကျောက်ဖြူ ဒေသခံ အမျိုးသာတစ်ဦးက ပြောသည်။
အလားတူ မောင်တောမြို့နယ်တွင်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များရှိနေသေးပြီး နေအိမ်များပြုပြင်ရန် အကူအညီများ လိုအပ်နေကြသည်။ ယင်းသို့မဟုတ်လျင် လာမည့်မိုးရာသီ နေထိုင်ရန်ပိုပြီး ဆိုးရွားလာနိုင်ကြောင်း ကူညီကယ်ဆယ်လုပ်နေသူများက ပြောသည်။
“အခုနေကြရတာလည်း တာပေါ်လင်စတွေနဲ့ ဖြစ်တယ်။ နွေရာသီမှာတောင် အမိုးအကာတွေမလုံတာကြောင့် နေထိုင်ရတာ အဆင်မပြေကြဘူး။ မိုးရာသီဆိုပိုဆိုးလာနိုင်တယ်” ဟု မောင်တောခရိုင်အတွင်း ကူညီကယ်ဆယ်ရေးလုပ်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
တစ်ဖက်တွင်လည်း အာရက္ခတပ်တော်သည် စစ်ဘေးရှောင်များကို ဝါး၊ ဓနိများ ကူညီပေးနေသော်လည်း လိုအပ်ချက်များရှိနေပြီး နိုင်ငံတကာအဖွဲ့ အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ ဝင်ရောက်ကူညီပေးဖို့ လိုအပ်ကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြ ကြသည်။
ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်ဦးရေ ၅ သိန်းနီးပါးရှိပြီး မကြာမီး ရောက်ရှိလာမည့် မိုးတွင်းရာသီကို ဖြတ်သန်းရန် လုံခြုံသောအမိုးအကာအောက်သို့ ရောက်ရှိရန်လိုအပ်နေသည်။