- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီကို စင်ကာပူ ကုမ္ပဏီတစ်ခုက ရေနံစည်ပေါင်း ၂ သန်းကျော်ထောက်ပံ့ခဲ့
အဆိုပါ ရေနံများကို မကွေးတိုင်းရှိ Goldpetrol ၏ ကုန်းတွင်းရေနံမြေ ၂ ခုဖြစ်သော ချောက်နှင့် ရေနံချောင်းတို့မှ ထုတ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းရေနံများဖြင့် စစ်ကောင်စီက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကိုကျူးလွန်ခဲ့ကြောင်း Justice For Myanmar က ဆိုသည်။
29 Jan 2025
DMG ၊ ဇန်နဝါရီ ၂၉
၂၀၂၁ ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ်ကုန်အထိ စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများသည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိသော ရေနံစည်ပေါင်း ၂ သန်းကျော်ကို စစ်ကောင်စီထံ ထောက်ပံ့ခဲ့ကြောင်း Justice For Myanmar ၏ ယနေ့ (ဇန်နဝါရီ ၂၉) ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
အဆိုပါ ရေနံများကို မကွေးတိုင်းရှိ Goldpetrol ၏ ကုန်းတွင်းရေနံမြေ ၂ ခုဖြစ်သော ချောက်နှင့် ရေနံချောင်းတို့မှ ထုတ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းရေနံများဖြင့် စစ်ကောင်စီက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကိုကျူးလွန်ခဲ့ကြောင်း Justice For Myanmar က ဆိုသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Interra Resources က အကြမ်းဖက် စစ်အုပ်စုဆီ ရေနံတွေဆက်လက်ရောင်းချပြီး မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက် နေပါတယ်။ MOGE နဲ့ အဲဒီကုမ္ပဏီရဲ့ စီးပွားဆက်နွှယ်မှုက ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဖျက်ဆီးခဲ့ပြီး လူပေါင်း ၃ သန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့တဲ့ စစ်အုပ်စုက တိုးမြှင့်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုက်ရိုက်ပံ့ပိုးကူညီနေပါတယ်” ဟု ပြောသည်။
လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်အပေါ် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်နေရသော စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများကျူးလွန်နိုင်ရန် လောင်စာဆီရှာဖွေရေးအတွက် အသည်းအသန် ကြိုးပမ်းနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် စင်ကာပူစတော့အိတ်ချိန်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ထားသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် စီးပွားရေး ဆက်လက်လုပ်ဆောင်မှု၊ စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သတ်မှုများအတွက် Interra Resources အား စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် Justice for Myanmar က တိုက်တွန်းထားသည်။
“စင်ကာပူ အပါအဝင် အစိုးရတွေအနေနဲ့ ရှေ့ထွက်ပြီး စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရပါမယ်။ စစ်အုပ်စုရဲ့ မသမာစီးပွားရေးလုပ်ငန်းတွေမှာ သူတို့ ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေပါဝင်မှုကို အဆုံးသတ်ရပါမယ်” ဟု မရတနာမောင်က ဆိုသည်။
၎င်းတို့အနေဖြင့် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများတွင် Interra Resources ၏ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ရန်အတွက် အရေးယူဆောင်ရွက်ရမည် ဖြစ်သည်။
ယင်းအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံ စင်ကာပူသည် ၎င်း၏ပိုင်နက်အတွင်းရှိ ကုမ္ပဏီများနှင့် နိုင်ငံသားများအား စစ်အုပ်စုထံ ရုပ်ဝတ္ထုပိုင်းဆိုင်ရာပစ္စည်းများ ထောက်ပံ့ကူညီပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ရှည်ကြာနေခြင်းမှ ကာကွယ်တားဆီးရန် အထူးတာဝန်ရှိကြောင်း Justice For Myanmar က ဆိုသည်။
နိုင်ငံတဝန်းတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းပစ် ခတ်မှုများပြုလုပ်နေပြီး လူ့အခွင့်အရေးကို ချိုးဖောက်မှုများလည်း နေ့စဉ်ရှိနေသည်။
ရခိုင် လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက “ အခု စစ်ကောင်စီက သူတို့ ဆုံးရှုံးလိုက်တဲ့ မြို့တွေကို အချိန်အခါ မရှိဗုံးကြဲတယ်။ ပြည်သူတွေရှိတဲ့နေရာတွေကို ဗုံးချတယ်။ ဒါတွေဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်။ ဒါတွေကို နိုင်ငံတကာကလည်း အရေးယူဆောင်ရွက် သင့်တယ် ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၉၅ မြို့ အထိရှိပြီး အဆိုပါနေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ နေ့စဉ်နှင့်အမျှရှိနေသည်။
BNI၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁,၀၅၄ ခုအထိပြုလုပ်ခဲ့ပြီး အရပ်သားသေဆုံးသူ ၁,၀၀၁ ဦးထိရှိခဲ့ကြောင်း သိရသည်။