- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ ထောက်ပံ့မှုများကို ၄ နှစ်ကြာ ရပ်ဆိုင်းလိုက်၍ ရခိုင်ပြည်အတွင်း ကျန်းမာရေးနှင့် ပတ်သက်၍ မြေပြင်၌ အလုပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်းများမှာ လုပ်ငန်းရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။
12 Mar 2025

DMG၊ မတ် ၁၂
အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ ထောက်ပံ့မှုများကို ၄ နှစ်ကြာ ရပ်ဆိုင်းလိုက်၍ ရခိုင်ပြည်အတွင်း ကျန်းမာရေးနှင့် ပတ်သက်၍ မြေပြင်၌ အလုပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်းများမှာ လုပ်ငန်းရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။
ထိုသို့ ရပ်တန့်မှုကြောင့် ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများအပြင် ဆေးအခမဲ့ ကုသမှုများအား ဆက်မလုပ်နိုင်တော့ကြောင်း အဖွဲ့အစည်းများထံမှ သိရသည်။
"သက်ရောက်မှုတွေကတော့ အများကြီးပဲ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စီမံကိန်းလုပ်မယ့် ရွာတွေမှာဆိုရင် ရွာသားတွေအတွက် အဓိက အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့။ ကျမတို့ ရုံးကဆိုရင် ဝန်ထမ်း နှစ်ဆယ်လောက် အလုပ်နားလိုက်ရတယ်" ဟု ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ NGO အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် (USAID) အနေဖြင့် အမေရိကန်၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိဘဲ ငွေကြေးများကို လိမ်လည်ထုတ်ယူကာ ဖြုန်းတီးနေသည်ဟု ပြောဆိုပြီး ကူညီထောက်ပံ့မှုများအား ရက် ၉၀ ကြာ ဆိုင်းငံ့ခဲ့သည်။
ယင်းနောက် ပြန်လည်စိစစ်ကာ ၄ နှစ်ကြာ ရပ်တန့်လိုက်ကြောင်း မတ်လ ၄ ရက်နေ့တွင် Human Rights Myanmar က ထုတ်ပြန်ခဲ့သည်။
ထိုသို့ ကျန်းမာရေးပရောဂျက်များ ရပ်တန့်သွား၍ ပရောဂျက်အတွက် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းရာနှင့်ချီမှာလည်း အလုပ်လက်မဲ့ဖြစ်သွားသည်ဟု အဖွဲ့အစည်းများထံမှ သိရသည်။
နောက်ထပ် NGO ဝန်ထမ်းတစ်ဦးက "ငှက်ဖျား ပရောဂျက်တွေ အရေးပေDMG DMGNews DevelopmentMediaGroup ရခိုင်ပြည် ရခိုင်ပြည်နယ် ရခိုင်သတင်း ရခိုင်သတင်းများ ရခိုင်တိုက်ပွဲ ရခိုင်စစ်ပွဲ ယနေ့သတင်း ရခိုင်သတင်း၂၀၂၄ ရခိုင်သတင်း2024 ရခိုင်သတင်းထူး ရခိုင်သတင်းစုံ စစ်သတင်းများ ရခိုင်ပြည်ကြောင်း ဒီအမ်ဂျီ DMGသတင်း DMGသတင်းများ ဒီအမ်ဂျီသတင်း အာရက္ခတပ်တော် အေအေ AA ရခိုင်ဒေသ ရခိုင် အာရက္ခဒေသ ပြည်သိမ်းတိုက်ပွဲ တိုက်ပွဲ တိုက်ပွဲသတင်း တိုက်ပွဲပြင်းထန် မြန်မာနိုင်ငံ မြန်မာပြည်တွင်းစစ် စစ်ရေးပဋိပက္ခ
ါ် ငွေကြေးထောက်ပံ့တာတွေ ရပ်လိုက်ရတယ်။ ရုံးက ဝန်ထမ်းတွေလည်း အများကြီး နားလိုက်ရတယ်" ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံတကာအကူအညီပေးရေး စီမံကိန်းများဖြစ်သည့် ဖွံ့ဖြိုးရေး စီမံကိန်း၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုအကူညီပေးရေး အစီအစဉ်များ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။
တစ်ဘက်တွင်လည်း ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်နေသည့် ပရောဂျက်များအနေဖြင့်လည်း ရုတ်တရက် ရပ်နားလိုက်ရ၍ ဖွံ့ဖြိုးမှုအပိုင်းတွင် နစ်နာမှုများရှိသည်ဟု အဖွဲ့အစည်းများထံမှ သိရသည်။
ယခင်က ရခိုင်၌ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များတွင် NGO နှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ကျန်းမာရေးပရောဂျက်များ အနေဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများ၊ ကိုယ်ဝန်ဆောင်အား ကျန်းမာရေးစစ်ဆေးခြင်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းများ ပြုလုပ်နိုင်ခဲ့သည်။
မြောက်ဦးမြို့ခံတစ်ဦးက "အဖွဲ့အစည်းတွေ ပုံမှန်အလုပ်လုပ်နေချိန်ကတောင် အထောက်အပံ့ မလုံလောက်တဲ့ အခြေအနေမှာ အခုလို အဖွဲ့အစည်းတွေ ရပ်သွားတော့ အခက်အခဲရှိသူတွေမှာ ပိုပြီး အခက်အခဲဖြစ်သွားမယ်" ဟု ပြောသည်။
ယင်းအပြင် ကျေးလက်ဒေသများတွင် ငွေကြေးအနည်းငယ်နှင့် ရင်းနှီးလုပ်ကိုင်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများအတွက်လည်း နစ်နာမှုများရှိသည်ဟု အဖွဲ့အစည်းများထံမှ သိရသည်။
လက်ရှိတွင် ပရောဂျက်များရပ်ဆိုင်းသွား၍ ပြည်သူများအတွက် ထိခိုက်နစ်နာမှုများရှိနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။