မြောက်ဦးပဋိပက္ခနဲ့ပတ်သက်ပြီး ရခိုင် ၁၇ မြို့နယ်မှာ လုံခြုံရေးတိုးမြှင့်ချထား

21 Jan 2018

မြောက်ဦးမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့နယ် ၁၇ မြို့နယ်မှာ လုံခြုံရေးကိုတိုးမြှင့်ချထားတယ်လို့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း နေရာ ၁၀ ခုကို ဖြန့်ခွဲပြီးတော့ လုံခြုံရေးတိုးမြှင့်ချထားတာဖြစ်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာအေးမောင်ကို ပုဒ်မ ၃ ခုနဲ့ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းချုပ်ထား

18 Jan 2018

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဇန်နဝါရီလ ၁၈ ရက် နေ့လည် ၁ နာရီက စစ်တွေမြို့ အိုးတန်းရပ်ကွက်မှာရှိတဲ့ သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားပြီး စစ်တွေမြို့အမှတ်(၁)ရဲစခန်းကို ခေါ်ဆောင်သွားကာ စစ်ဆေးမှုတစ်ချို့ပြုလုပ်ခဲ့ပြီးတော့ စစ်တွေအကျဉ်းထောင်မှာထိန်းချုပ်ထားဖို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် အထိမ်းအမှတ်စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ ဒေါက်တောအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင် တို့နှစ်ဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ မတရားအသင်းဆက်နွယ်မှုတွေနဲ့ ရသေ့တောင်မြို့နယ် ရဲစခန်းက တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသွားသူတွေအတွက် ပြည်နယ်အစိုးရအနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ မိသားစုဝင်တွေတောင်းဆို

17 Jan 2018

မြောက်ဦးမြို့မှာ ရဲတွေနဲ့ မြို့လူထုတွေ ပဋိပက္ခဖြစ်ပွားရာမှာ ရဲတွေ သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားတဲ့ ဒေသခံ ၇ ဦးအတွက် သက်ဆိုင်တဲ့သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ပေးစေချင်တယ်လို့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနားမှာ ဒေါက်တာအေးမောင် စာပေဟောပြောမယ်လို့ သိရတဲ့အတွက် ဗဟုသုတရအောင်ဆိုပြီး နားထောင်ဖို့ လာရောက်တဲ့အခါမှာ ဟောပြောခွင့်မပြုတဲ့အတွက် ဆန္ဒပြရာကနေ လူအုပ်စုကို ရဲတွေက သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် သေဆုံးရာမှာ မောင်တစ်ဦးပါဝင်သွားတယ်လို့ အစ်မဖြစ်သူက DMG ကို ပြောပါတယ်။

မောင်တောမြို့နယ်မှာ တပ်မတော်သားတွေကို တင်ဆောင်လာတဲ့ကားတစ်စီး ဆွဲမိုင်းဖောက်ခွဲခံရ

05 Jan 2018

နယ်စပ်ခြံစည်းရိုးအနီးမှာရှိတဲ့ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ကနေ တပ်မတော်သားတွေကို တင်ဆောင်လာတဲ့ တေဘာကားတစ်စီးမှာ တရိန်းကျေးရွာနဲ့ ကျွန်းပေါက်ကျေးရွာကြားတွင် ဒီကနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆွဲမိုင်းဖောက်ခွဲခံရပြီး စစ်ဗိုလ်ကြီးတွေ ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ တရိန်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နယ်စပ်ခြံစည်းရိုးကို တည်ဆောက်နေတဲ့ GE တပ်သားတွေဟာ စစ်ဗိုလ်အရာရှိတစ်ဦးကို ဆေးကုဖို့ လုပ်ငန်းခွင်အတွင်းက သဲ၊ ကျောက်သယ်ဆောင်နေတဲ့ တေဘာကားတစ်စီးနဲ့ မောင်တောမြို့သို့ လာရောက်ရာမှာ ဆွဲမိုင်းဖောက်ခွဲခံခဲ့ရတာပါ။

ဒေါက်တာအေးမောင်ရဲ့နုတ်ထွက်စာအပေါ် ရခိုင်အမျိုးသားပါတီဝင်တွေဆီက အမြင်သုံးမျိုးထွက်ပေါ်လာ

နေဝင်းစံ 05 Jan 2018

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ရဲ့ နုတ်ထွက်စာအပေါ်မှာ ရခိုင်အမျိုးသားပါတီဝင်တွေဆီက အမြင်သုံးမျိုး ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

ဒေါက်တာအေးမောင်ကို ပါတီကနှုတ်ထွက်ခွင့်ပေးသင့်တယ်ဆိုတဲ့အမြင်၊ ပါတီမှာ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင် ဖို့အတွက် ရဟန်း၊ လူ့ပုဂ္ဂိုလ်တွေပါဝင်တဲ့ကြားခံအဖွဲ့တစ်ခုဖွဲ့ပြီးတော့ သွားရောက်ဆွေးနွေးသင့်တယ်ဆိုတဲ့အမြင်နဲ့ ဒေါက်တာအေးမောင်ရဲ့နှုတ်ထွက်စာတင်မှုအပေါ် ပြန်လည်စဉ်းစားဖို့ အချိန်ပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ထွက်ပေါ် လာတာဖြစ်ပါတယ်။

မောင်တောဒေသသို့ မိသားစုအလိုက် ပြောင်းရွှေ့အခြေချနေထိုင်သူ များလာ

03 Jan 2018

အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ မျှော်လင့်ချက်နဲ့ မောင်တောဒေသကို မိသားစုအလိုက် ပြောင်းရွှေ့အခြေချနေထိုင်လာမှုဟာ တစ်ဖြည်းဖြည်းများလာနေတာကို တွေ့ရပါတယ်။

မောင်တောဒေသက တိုင်းရင်းသားကျေးရွာတွေမှာ ရေချိုငါးမွေးမြူရေးကန်တွေ ပြုလုပ်ပေးဖို့စီစဉ်ထား

03 Jan 2018

ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းက တိုင်းရင်းသားကျေးရွာတွေမှာ အစိုးရအစီအစဉ်နဲ့ ရေချိုငါးမွေးမြူရေးကန်တွေ ပြုလုပ်ပေးဖို့ စီစဉ်ထားတယ်လို့ မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

မောင်တောဒေသဟာ ရေခံမြေခံလည်းကောင်းပြီး မိုးရေချိန်လက်မလည်း မြင့်တဲ့အတွက် ရေချိုငါးမွေးမြူလို့ရှိရင် ဒေသစားသုံးမှုဖူလှုံပြီးတော့ နိုင်ငံတကာကိုလည်းတင်ပို့နိုင်မှာဖြစ်တာကြောင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင် က DMG ကိုပြောပါတယ်။

စည်ပင်ဝန်ကြီး ဦးမင်းအောင်အား စွတ်စွဲပြစ်တင်မှုမှန်ကန်ကြောင်း ရခိုင်လွှတ်တော်က အတည်ပြု

နေဝင်းစံ 02 Jan 2018

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးရဲ့ စွတ်စွဲပြစ်တင်ချက်တွေဟာ မှန်ကန်ကြောင်းကို ဒီကနေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စွတ်စွဲပြစ်တင်မှုအပေါ် စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဒီကနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာပြုလုပ်တဲ့ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ လျှို့ဝှက်မဲစနစ်နဲ့ ဆုံးဖြတ်ခဲ့ပြီး မဲပေးခွင့်ရှိတဲ့ ကိုယ်စားလှယ် ၄၅ ဦးအနက် စွတ်စွဲပြစ်တင်မှုမှန်ကန်ကြောင်း ထောက်ခံမဲ ၃၇ မဲနဲ့ ကန့်ကွက်မဲ့ ၈ မဲ ရှိခဲ့ပါတယ်။

မောင်တောဒေသမှာ သွေးအားနည်းတဲ့ရောဂါတွေ အများဆုံးတွေ့နေရတယ်လို့ ဆရာဝန်ကြီးတွေပြောဆို

01 Jan 2018

ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ မောင်တောမြို့နယ်မှာ မြန်မာနိုင်ငံ ဆရာဝန်များအသင်း (ဗဟို)မှ အထူးကုဆရာဝန်ကြီး ၁၈ ဦး၊ ကျန်းမာရေးဆရာမ ၁၂ ဦးနဲ့ ကျန်းမာရေး ကျွမ်းကျင်လုပ်သား ၆ ဦးတို့က အခမဲ့ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

မောင်တောမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က စပြီး သုံးရက်တာ ဆေးကုသပေးနေတာ ဖြစ်ပြီး ဆေးလာကုတဲ့ဒေသခံတွေမှာ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေကို အများဆုံးတွေ့နေရတယ်လို့ မြောက်ဥက္ကလာ ဆေးရုံကြီးက သွေးရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ အေးအေးကြီးက ပြောပါတယ်။

၂၁ ပင်လုံညီလာခံမှာ ရခိုင်လူမျိုး ခွဲခြားဆက်ဆံခံနေရတယ်လို့ AASYC ထုတ်ပြန်

31 Dec 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းဝေးမှာ ရခိုင်လူမျိုးတွေ ခွဲခြားဆက်ဆံခြင်း ခံနေရတယ်လို့ ၂၃၃ နှစ်ပြည့် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က သဘောထား ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အစိုးရအနေနဲ့ NCA စာချုပ်ပါကတိအတိုင်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးနွေးပွဲတွေ ပြုလုပ်ခွင့်ရှိပေမယ့် ရခိုင်ပြည်နယ်မှာ ပြုလုပ်မှာကို အကြောင်းအမျိုးမျိုးပြကာ ငြင်းပယ်ခံနေရတဲ့အတွက် နိုင်ငံရေးအရ နစ်နာမှူတွေရှိနေပြီး ရခိုင်လူမျိုးတွေ ခွဲခြားဆက်ဆံခြင်းခံနေရတာဖြစ်တယ်လို့ AASYC က ထုတ်ပြန်ပါတယ်။

တရိန်းကျေးရွာသားတွေ မကြာခဏသတ်ဖြတ်ခံနေရတဲ့အတွက် ကျေးရွာပြောင်းရွေ့ချင်နေကြ

30 Dec 2017

မောင်တောမြို့နယ်၊ တရိန်းကျေးရွာမှာ မကြာခဏဆိုသလို ဒေသခံတိုင်းရင်းသားတွေ သတ်ဖြတ်ခံနေကြရတဲ့အတွက် လက်ရှိနေထိုင်တဲ့ကျေးရွာမှာ နေထိုင်ဖို့မသင့်တော်တော့တာကြောင့် လုံခြုံတဲ့နေရာတစ်ခုမှာ ပြောင်းရွေ့နေထိုင်ချင်တယ်လို့ တရိန်းကျေးရွာသားတွေက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်းက ရခိုင်နှင့်တခြားတိုင်းရင်းသားတွေဟာ အလိုက်အငိုက်တွေမှာ သတ်ဖြတ်ခံတာတွေကို မကြာခဏကြုံတွေ့နေရပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ငါးရှာပြီးပြန်လာတဲ့ တရိန်းကျေးရွာက မြိုတိုင်းရင်းသားတစ်ဦး သတ်ဖြတ်ခံခဲhရတာနှင့်ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူမှုကို ဆိုင်းငံ့ထားဖို့ ရခိုင်ဝန်ကြီးချုပ် ညှိနှိုင်းစာပို့

မောင်ဇော်ခိုင် 30 Dec 2017

 ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးကိစ္စကို လွှတ်တော်အတွင်း ဆွေးနွေးနိုင်ရန်အတွက် ဇန်နဝါရီလ ၂ ရက် နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအခေါ်ယူမှုကို ဆိုင်းငံ့ထားပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်ဥက္ကဌထံ ညှိနှိုင်းစာတစ်စောင် ပေးပို့လိုက်တယ်လို့ သိရပါတယ်။

စည်ပင်ဝန်ကြီး ဦးမင်းအောင်ဟာ ဥပဒေအရပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာမထမ်းဆောင်နိုင်တဲ့အတွက် နိုင်ငံတော်နှင့်ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတယ်လို့ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက တိုင်ကြားခဲ့တဲ့အပေါ် ပြည်နယ်လွှတ်တော်ကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးပြီး ဥက္ကဌထံသို့ တင်ပြထားတဲ့အပေါ် ဥပဒေအရ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်အစည်ဝေး ခေါ်ယူရတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးမြသန်း က ပြောပါတယ်။

BXT ကုမ္ပဏီကဖော်ဆာင်နေတဲ့ စစ်တွေမြို့သစ်စီမံကိန်းမြေနေရာတွေကို ဇန်နဝါရီလမှာ ရောင်းချပေးသွားမယ်

30 Dec 2017

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မိဇံရပ်ကွက်မြစ်ကမ်းဘေးမှာ မြေသားတွေဖို့ပြီး မြို့သစ်စီမံကိန်းမြေနေရာအဖြစ် ကိုးရီးယားကုမ္မဏီတစ်ခုဖြစ်တဲ့ BXT ကုမ္မဏီက အကောင်အထည်ဖေါ်နေတဲ့ မြေနေရာတွေကို ဇန်နဝါရီလ ၆ ရက်နေ့ကနေ စတင်ရောင်းချပေးတော့မှာဖြစ်ပါတယ်။

အဆိုပါမြေနေရာဟာ စစ်တွေမြို့အရှေ့ဖက် ကုလားတန်မြစ်ကမ်းဘေးမှာရှိတဲ့ ဒီရေရောက် မြေဧက ၉၀ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုးရီးယား BXT ကုမ္မဏီတို့က Waterfront Project စီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ စီမံကိန်းမိတ်ဆက်စာနယ်ဇင်းရှင်းပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ Centra Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂ နှစ်အတွင်း ပညာရေးဝန်ထမ်း ၉၆ ဦးကို အရေးယူ

နေဝင်းစံ 30 Dec 2017

ရခိုင်ပြည်နယ်မှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ ပညာရေးဝန်ထမ်း ၉၆ ဦးကို အရေးယူမှုတွေ  ပြုလုပ်ခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

အခုလို အရေးယူမှုတွေဟာ အဓိကအားဖြင့် ကျောင်းမတက်တာတွေအပြင် ငွေကြေးနဲ့ပတ်သက်တဲ့ ပညာရေး ဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့၊ ကျောင်းတက်မှန်ဖို့နဲ့ ကလေးတွေကို စာတတ်အောင် သင်ကြားပေးဖို့အပါအဝင် ကျောင်းထောက်ပံ့ကြေးငွေတွေကို သက်ဆိုင်ရာဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ စနစ်တကျ ကိုင်တွယ်သုံးစွဲလို့ရှိရင် ပြဿနာမရှိဘူးလို့လည်း ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ငါး/ပုစွန်ထုတ်လုပ်မှုကျဆင်းသွားတာကြောင့် ပြည်ပသို့တင်ပို့မှုနည်းပါး

နေဝင်းစံ 30 Dec 2017

၂၀၁၇ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်ရဲ့ ငါး/ပုစွန်ထုတ်လုပ်မှု ကျဆင်းသွားတာကြောင့် ပြည်ပနိုင်ငံသို့တင်ပို့ ရောင်းချတဲ့ ငါး/ပုစွန်တင်ပို့မှုဟာလည်း ယခင်နှစ်တွေထက် နည်းပါးသွားတယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ မောင်တောပြဿနာဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ရဲ့ငါးထုတ်လုပ်မှုဟာ ထက်ဝက်ခန့် နီးပါးကျဆင်းသွားခဲ့ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာလည်း ပိတ်ထားခဲ့ရပါတယ်။ လက်ရှိမှာ တိုင်းရင်းသား အနည်းငယ်သာ ငါးဖမ်းဆီးမှုတွေရှိပြီး ပြည်ပတင်ပို့မှုဟာလည်း အနည်းအကျဉ်းမျှသာ ရှိတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးဇာတ်ကားမှာပါဝင်တဲ့ ရဲဝန်ထမ်းဇာတ်ရုပ်အတွက် ခွင့်ပြုချက်မရရှိသေး

နေဝင်းစံ 27 Dec 2017

ရခိုင်ပြည်နယ်တွင်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်လို့ ရိုက်ကူးနေတဲ့ ရခိုင်ဗွီဒိယိုဇာတ်ကားမှာ ရဲဝန်ထမ်းဇာတ်ရုပ်တွေကို ရိုက်ကူးဖို့အတွက် ရဲဌာနရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရတာကြောင့် အချိန်ကြံကြာပြီး ရိုက်ကူးရေးပိုင်းမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ ဇာတ်ကားဒါရိုက်တာက ပြောပါတယ်။

“ အလိဇီ ” လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ ရဲပါဝင်တဲ့ရုပ်ကွက်တွေကို ရိုက်ကူးဖို့စောင့်ဆိုင်းနေရကာ အချိန် ၂ လခန့်ကြာတဲ့အထိ ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတဲ့အဖြေကို မရရှိသေးဘူးလို့ အလိဇီဇာတ်ကားရဲ့ ဒါရိုက်တာ မင်းစုစံက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မသမာမှုကင်းရှင်းရေးကို အဓိကဆောင်ရွက်မယ်

မောင်ဇော်ခိုင် 27 Dec 2017

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ပြည်နယ်လုံးက ကျောင်းသား၊ ကျောင်းသူပေါင်း ၂၂၆၀၇ ဦးက ကျောင်းတွင်းကနေ ဝင်ရောက်ဖြေဆိုမှာဖြစ်ပြီးတော့ စာမေးပွဲကာလမှာ မသမာမှုကင်းရှင်းရေးကို အဓိကဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မသမာမှုကင်းရှင်းရေးအစီအစဉ်ကို ပြီးခဲတဲ့နှစ်ကနေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီးတော့ ဒီနှစ်မှာလည်း မသမာမှုတွေကင်းရေးအတွက် အဓိထားဆောင်ရွက်နေကာ အပြင်ဖြေကျောင်းသားအရေအတွက်ဟာလည်း လျော့ကျသွားနိုင်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်က DMG ကို ပြောပါတယ်။

ALD ပါတီနှစ်ရက်တာအစည်းအဝေးမှာ မြို့နယ်ကော်မတီတွေ ဖွဲ့စည်းမယ့်ကိစ္စကို အဓိကဆွေးနွေး

မောင်ဇော်ခိုင် 25 Dec 2017

တောင်ကုတ်မြို့ပေါ်မှာ ဒီဇင်ဘာလ ၂၃ ၊ ၂၄ နှစ်ရက်တာကျင်းပခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကနေ မြို့နယ်ကော်မတီတွေကို အဓိကဖွဲ့စည်းနိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အရင်ကရှိခဲတဲ့ မြို့နယ်အလိုက်ကော်မတီတွေကို ပါတီဆိုင်းဘုတ်တွေတင်ပြီး ရုံးတွေဖွင့်လှစ်ဖို့နဲ့ ပါတီစည်းရုံးရေးခရီးစဉ်တစ်လျှောက်မှာ ကျောက်ဖြူ၊ ရမ်းဗြဲစတဲ့မြို့နယ်တွေမှာ မြို့နယ်ပါတီရုံးခွဲတွေဖွင့် လှစ်သွားဖို့ရှိတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောပါတယ်။

မောင်တောမြို့မှာ အင်တာနက်သုံးစွဲသူတွေ အခက်တွေ့နေ

25 Dec 2017

မြန်မာနိုင်ငံတစ်ခုလုံးရှိ မြို့တွေမှာ 4G ကွန်ယက်များနဲ့ Internet အသုံးပြုနေချိန်မှာ အနောက်ဖက်နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မောင်တောမြို့မှာတော့ MPT 3 G / Telenor 2G ကွန်ယက်များဖြင့်သာ ချိတ်ဆက်အသုံးပြုနေရတာကြောင့် အင်တာနက်သုံးစွဲသူတွေ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တိုင်းရင်းသားများ အခက်အခဲမျိုုးစုံနှင့် ရင်ဆိုင်နေရ

မောင်ဇော်ခိုင် 25 Dec 2017

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးပိုင်းတွေမှာ အများဆုံးနိမ့်ကျနေပြီးတော့ ဒေသတွင်းအခက်အခဲမျိုးစုံနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Showing 281-300 of 349 items.