- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
AA ထိန်းချုပ်ပြီးနောက် ဝမ်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှု လျော့နည်းသွား
ဝမ်ဖိုက်ဒီရေတောသည် အာရှတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်စဉ်က ထင်း၊ မီးသွေး၊ အုတ်ဖုတ်ထင်းအတွက် စက်လှေကြီးများဖြင့် တစ်နေ့လျှင် အစီးရေ ၅ စီးထက်မနည်း သစ်ခုတ်ယူမှုများရှိခဲ့သော်လည်း ယခုအခါ လုံးဝမရှိသလောက် လျော့နည်းသွားသည်။
23 Sep 2024
DMG ၊ စက်တင်ဘာ ၂၃
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဝမ်ဖိုက်ဒီရေတောမှ တရားမဝင်သစ်ခိုးထုတ်မှုများမှာ သိသိသာသာ လျော့နည်းသွားကြောင်း ဒီရေတော ထိန်းသိမ်းစောင့်ရှောက်သူများထံမှ သိရသည်။
ဝမ်ဖိုက်ဒီရေတောသည် အာရှတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်စဉ်က ထင်း၊ မီးသွေး၊ အုတ်ဖုတ်ထင်းအတွက် စက်လှေကြီးများဖြင့် တစ်နေ့လျှင် အစီးရေ ၅ စီးထက်မနည်း သစ်ခုတ်ယူမှုများရှိခဲ့သော်လည်း ယခုအခါ လုံးဝမရှိသလောက် လျော့နည်းသွားခဲ့ခြင်းဖြစ်သည်။
“တစ်ပတ်နေလို့ ဘုတ်တစ်စီးမတွေ့ရတော့ဘူး။ အခုက လျှပ်စစ်မီးလည်းမရတော့ ပုံမှန်ဆို ထင်းခုတ်ရမှာလေ။ ဒါပေမဲ့ ULA က ထိန်းချုပ်ထားတော့ သစ်ခိုးမထုတ်ကြတော့ဘူး” ဟု ဝမ်ဖိုက်ဒီရေတော ထိန်းသိမ်းသူတစ်ဦးက ပြောသည်။
ဝမ်ဖိုက်ဒီရေတောမှ တစ်နှစ်လျှင် သစ်တန်ချိန် ၂၀၀ ခန့်အထိ ခိုးယူခုတ်လှဲမှုများရှိခဲ့ပြီး ကာကွယ်ထိန်းသိမ်းမှု အားနည်းခဲ့သဖြင့် ဒီရေတော ပျက်စီးဖြုန်းတီးမည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
လက်ရှိ ULA/AA ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဝမ်ဖိုက်ဒီရေတောမှ သစ်ခိုးမထုတ်ရန်၊ ဒီရေတောပင်များ မပျက်စီးရေး ဆောင်ရွက်နေသော်လည်း ရေရှည်အတွက် အစီအစဉ်များ စနစ်တကျရေးဆွဲကာ ထိန်းသိမ်းရန်လိုအပ်ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ထောက်ပြကြသည်။
ဝမ်ဖိုက်ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုထွန်းနိုင်က “အခုက လျော့နည်းသွားတယ် ဆိုပေမဲ့ ဒေသလိုအပ်ချက်အရတော့ အနည်းအကျဉ်း သစ်ခုတ်တာတွေတော့ တွေ့ရသေးတယ်။ သစ်ထုတ်လုပ်မှု လျော့နည်းသွားတာက အများကြီး ကောင်းကျိုးရှိသွားတယ်။ ဒါတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့တော့ လိုတယ်။ ဒါကြောင့် စနစ်တကျနဲ့ အစီအစဉ်တွေဆွဲပြီးတော့ သီးသန့်ဌာနတစ်ခုအနေနဲ့ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်” ပြောသည်။
ဒီရေတောပင်များသည် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၊ ငါးသယံဇာတရှားပါးမှုများ မဖြစ်အောင် လုပ်ဆောင်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများစွာရှိနေ၍ ဒေသခံများကလည်း ပူးပေါင်းရန်လိုအပ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက တိုက်တွန်းထားသည်။
“ဒေသခံတွေကို ဒီရေတော ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေ အများကြီး လုပ်ဖို့လိုအပ်ပါတယ်။ အခုဆိုရင် ဝမ်ဖိုက်ဒီရေတောမှာ ကျေးငှက်၊ သားငါးတွေ အပါအဝင် လိပ်မျိုးစိတ်တွေလည်း အများကြီး တွေ့လာရတယ်လို့ သိရပါတယ်” ဟု ရမ်းဗြဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဝမ်ဖိုက်ဒီရေတောသည် ဧက ၁၅၀,၀၀၀ ကျော်ခန့်ရှိပြီး ရခိုင်ပြည် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်း တည်ရှိကာ ဇီဝမျိုးစုံမျိုးကွဲများစွာ ရှင်သန်ကျက်စားရာ နေရာတစ်ခုလည်းဖြစ်သည်။