- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
တာလီဘန်များက မိန်းကလေးများကို အထက်တန်းကျောင်းတက်ရောက်ခွင့်ပိတ်ပင်ပြီးနောက် ကမ္ဘာ့ဘဏ်က အာဖဂန်နစ္စတန်ရှိ စီမံကိန်းများအား ရပ်ဆိုင်း
မိန်းကလေးများအား အစိုးရအထက်တန်းကျောင်းပြန်လည်တက်ရောက်ခွင့် ပိတ်ပင်သည့် နိုင်ငံ၏အာဏာရ အစ္စလာမ္မစ်ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်သော စိုးရိမ်မှုများကြောင့် အာဖဂန်နစ္စတန်တွင် အမေရိကန်ဒေါ်လာသန်း ၆၀၀ တန်ကြေးရှိသော စီမံကိန်းလေးခုကို ဆိုင်းငံ့ထားလိုက်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားလိုက်သည်။
01 Apr 2022
DMG ၊ ဧပြီ ၁
မိန်းကလေးများအား အစိုးရအထက်တန်းကျောင်းပြန်လည်တက်ရောက်ခွင့် ပိတ်ပင်သည့် နိုင်ငံ၏အာဏာရ အစ္စလာမ္မစ်ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်သော စိုးရိမ်မှုများကြောင့် အာဖဂန်နစ္စတန်တွင် အမေရိကန်ဒေါ်လာသန်း ၆၀၀ တန်ကြေးရှိသော စီမံကိန်းလေးခုကို ဆိုင်းငံ့ထားလိုက်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားလိုက်သည်။
ထိုစီမံကိန်းများသည် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အသက်ရှင်နေထိုင်ရေး ကိစ္စရပ်များအား ကုလသမဂ္ဂအေဂျင်စီများက အကောင်အထည်ဖော်ရန်အတွက် အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေး ယုံကြည်မှုရန်ပုံငွေ (ARTF) အောက်တွင် ရန်ပုံငွေထောက်ပံ့ရန် အဆင်သင့်ဖြစ်နေသော စီမံကိန်းများ ဖြစ်ကြသည်။
သို့သော မိန်းကလေးများအား အထက်တန်းကျောင်းတက်ခြင်းကို တာလီဘန်တို့ တားမြစ်ပိတ်ပင်ခြင်းအား အလွန်အမင်းစိုးရိမ်ပူပန်မှုအပေါ် အခြေခံ၍ ARTF မှ ငွေကြေးထောက်ပံ့သည့် လုပ်ငန်းစဉ်များအားလုံး အနေဖြင့် အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးများအား အခွင့်အရေးများ သာတူညီမျှမှုရရှိရေးအတွက် ကူညီ်ထောက်ပံ့ခွင့်ရရှိရန် လိုအပ်ကြောင်းကို ဘဏ်၏လမ်းညွှန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာမိတ်ဖက်များသည် အခြေအနေများကို ပိုမိုသိရှိနားလည်လာ၍ ပရောဂျက်များ၏ ရည်မှန်းချက်များ ပြည့်မီနိုင်မည်ဟု ယုံကြည်ချက်ရှိမှသာလျှင် စီမံကိန်းလေးခုကို ARTF အလှူရှင်များထံ တင်ပြသွားမည်ဖြစ်ကြောင်း ဘဏ်က ပြောကြားသည်။
မည်သည့်အချိန်တွင် ထိုကဲ့သို့သော အခြေအနေ ရောက်ရှိနိုင်မည်ကိုမူ ချက်ချင်း ရှင်းလင်းစွာမသိရှိနိုင်သေးပေ။
တာလီဘန်များက မိန်းကလေးများအား အလယ်တန်းကျောင်းတက်ရန် တားမြစ်သော ဆုံးဖြတ်ချက်ကြောင့် အမေရိကန်တာဝန်ရှိသူများသည် ပြီးခဲ့သည့် သီတင်းပတ်က ဒိုဟာတွင် စီစဉ်ထားသည့် အစည်းအဝေးများကို ဖျက်သိမ်းခဲ့သည်။
တာလီဘန်အာဏာပိုင်များကို ရှောင်လွှဲကာ ကုလသမဂ္ဂအေဂျင်စီများနှင့် အကူအညီပေးရေး အဖွဲ့အစည်းများမှတစ်ဆင့် အရေးပေါ်လိုအပ်နေသော ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် မိသားစုများအတွက် အစီအစဉ်များကို ငွေကြေးထောက်ပံ့ရန်အတွက် ARTF ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အသုံးပြုရန် ကမ္ဘာ့ဘဏ်၏ အမှုဆောင်ဘုတ်အဖွဲ့က မတ် ၁ ရက်တွင် အတည်ပြုခဲ့သည်။
အစိုးရအသုံးစရိတ် ရ၀ ရာခိုင်နှုန်းကျော် ပါဝင်သော ငွေကြေးအကူအညီများကိုလည်း နိုင်ငံခြားအစိုးရများက ရပ်ဆိုင်းခဲ့ခြင်းက တိုင်းပြည်၏ စီးပွားရေးပြိုလဲမှုကို အရှိန်မြှင့်စေခဲ့သည်။
ကုလသမဂ္ဂအေဂျင်စီများ အကောင်အထည်ဖော်မည့် ပရောဂျက်အသစ်များအတွက် ARTF ရန်ပုံငွေကို ဖြေလျော့ပေးရန် သဘောတူညီမှုတွင် "အဆိုပါ ထောက်ပံ့ကူညီမှုများမှ မိန်းကလေးများနှင့် အမျိုးသမီးများအတွက် ပံ့ပိုးမှုများနှင့် အကျိုးခံစားခွင့်ရှိစေရေး" ကို ခိုင်မာစွာလုပ်ဆောင်မည်ဟု မျှော်လင့်ထားကြောင်း ကမ္ဘာ့ဘဏ်က ပြဌာန်းထားသည်။