- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
- တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ တည်ဆောက်သွားမည်ဟု စစ်ခေါင်းဆောင်ပြော
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီလောင်မှု လူ ၂ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
လေကြောင်းဗုံးကြဲမှုကြောင့် တစ်ရက်လျှင် အရပ်သား ၂ ဦးနှုန်း သေဆုံးနေ
မြန်မာနိုင်ငံတွင် ယခုလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် တစ်ရက်လျှင် အရပ်သား ၂ ဦးနှုန်း သေဆုံးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ သိရသည်။
22 Nov 2024
DMG ၊ နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံတွင် ယခုလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် တစ်ရက်လျှင် အရပ်သား ၂ ဦးနှုန်း သေဆုံးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၁ ရက်မှ ၂၁ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား အမျိုးသမီး ၂၀ ဦးနှင့် အမျိုးသား ၂၉ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့ရသည်။ ရခိုင်တွင် ၁၄ ဦးဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတွင် သေဆုံးသူ ၁၁ ဦးရှိသည်။ သေဆုံးသူများထဲမှ ၃၄ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး ဥက္ကဌ ကိုပြည့်ဖြိုးနိုင်က “စစ်ကောင်စီလုပ်ရပ်တွေကတော့ ကြွက်မနိုင်ကျီ မီးရှို့နေတာလို့ပဲ မြင်ပါတယ်။ စစ်ကိုစစ်နဲ့တူအောင်မတိုက်ဘဲ အရပ်သားတွေကို ပစ်မှတ်ထားနေတာကတော့ သမိုင်းထဲက ဘိုးတော်မောင်ဝိုင်း ရခိုင်လူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့သလို အခုလည်း အဲလိုပုံစံမျိုး တိုက်ခိုက်နေတာ” ဟု ပြောသည်။
နိုဝင်ဘာ ၁၃ ရက်က ရခိုင်ပြည်၊ ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ရသည်။ နိုဝင်ဘာ ၁၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့သည်။
ရခိုင်ဒေသခံတစ်ဦးက “သူတို့(စစ်ကောင်စီနဲ့AA)အချင်းချင်းပဲ တိုက်စေချင်တယ်။ အပြစ်မရှိတဲ့ အရပ်သားတွေ၊ စစ်ရှောင်စခန်းတွေ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အပေါ်မှာတော့ ကျနော်တို့အနေနဲ့ စိတ်မကောင်းလည်း ဖြစ်မိတယ်” ဟု ပြောသည်။
နိုဝင်ဘာ ၁၉ ရက်က တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်းကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစကာ ယခုအချိန်ထိ စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၅,၉၇၄ ဦးထိ ရှိနေပြီဖြစ်ကြောင်း AAPP စာရင်းအရ သိရသည်။