- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
မြန်မာနိုင်ငံ၏လုပ်ရပ်များသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကိုအခြေခံသည့် အဓိကမူကို အားနည်းသွားစေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်ဟု CNA က ဖော်ပြထားသည်။
21 Nov 2024
မြန်မာနိုင်ငံ၏လုပ်ရပ်များသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကိုအခြေခံသည့် အဓိကမူကို အားနည်းသွားစေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်ဟု CNA က ဖော်ပြထားသည်။
စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန (MINDEF) က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာလ ၂၀ ရက်) တွင် ထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်၌ ဒေါက်တာ Ng Eng Hen က “မြန်မာနိုင်ငံရဲ့ အပြုအမူတွေဟာ ဆယ်စုနှစ် နှစ်ခုတာကာလအတွင်း (ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု) မှာ ကြိုးကြိုးစားစား တည်ဆောက်ခဲ့တဲ့ အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်ပျက်စီးသွားနိုင်လောက်တဲ့အထိ အန္တရာယ်များပါတယ်” ဟု ပြောကြားခဲ့သည်။
လာအိုနိုင်ငံတွင်ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) တွင် ဒေါက်တာ Ng Eng Hen က ADMM သည် ဒေသတွင်း ကာကွယ်ရေးအဖွဲ့၏ အမြင့်ဆုံး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည်ဟူသော ဂုဏ်အင်္ဂါနှင့် ပူးပေါင်းဆောင်ရွက်ရေးယန္တရား ဟူသည့် ယုံကြည်စိတ်ချရမှုကို ဆုံးရှုံးနိုင်ကြောင်း ထပ်လောင်း ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်တပ်က အာဏာထိန်းချုပ်လိုက်ကာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချခဲ့ချိန်မှစ၍ မငြိမ်မသက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းနှင့်အတူ စစ်အစိုးရမှာ အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် ရုန်းကန်နေခဲ့ရသည်။
ဒေါက်တာ Ng Eng Hen ၏မှတ်ချက်များသည် မြန်မာနိုင်ငံ၏ ငြင်းဆန်မှုကြောင့် ရပ်ဆိုင်းနေသော ကိစ္စရပ်များအပေါ် တုံ့ပြန်ရှင်းလင်းလိုက်ခြင်းဟု စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန (MINDEF) က ပြောသည်။ မည်သည့်ကိစ္စများ ဆိုသည်ကိုမူ အသေးစိတ်ရှင်းပြခြင်း မရှိခဲ့ပေ။
အာဆီယံအချက်အချာကျမှု ဆိုသည်မှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် သံခင်းတမန်ခင်း လုပ်ငန်းစဉ်တို့တွင် အာဆီယံ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ဆက်လက်ထားရှိသင့်သည့်မူကို ရည်ညွှန်းခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏အပြုအမူများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် အကောင်အထည်ဖော်မှုဆိုင်ရာ ဆုံးဖြတ်ချက် ပဋိညာဉ်အချက် ၅ ချက်နှင့် ကိုက်ညီခြင်းမရှိဟု ဒေါက်တာ Ng Eng Hen က မှတ်ချက်ပြုသည်။ အဆိုပါပဋိညာဉ်တွင် မြန်မာ့ ပြည်တွင်းပဋိပက္ခက အာဆီယံ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်ခြင်း မရှိစေရဟု တောင်းဆိုထားသည်။