- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
မြန်မာ့ပဋိပက္ခအပေါ် အာဆီယံ၏ ချဉ်းကပ်ပုံကို ပြည်လည်သုံးသပ်သင့်ဟု ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော
အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာနှင့် ထိတွေ့ဆက်ဆံမှုပုံစံကို ပြည်လည်သုံးသပ်သင့်သလို ရန်လိုမှုများကို အဆုံးသတ်ရေးအတွက် တိကျသောတောင်းဆိုမှုများကို အချိန်ကာလတစ်ခု သတ်မှတ်တောင်းဆိုသင့်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဇွန်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
25 Jun 2022
DMG ၊ ဇွန် ၂၅
အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာနှင့် ထိတွေ့ဆက်ဆံမှုပုံစံကို ပြည်လည်သုံးသပ်သင့်သလို ရန်လိုမှုများကို အဆုံးသတ်ရေးအတွက် တိကျသောတောင်းဆိုမှုများကို အချိန်ကာလတစ်ခု သတ်မှတ်တောင်းဆိုသင့်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဇွန်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးကို ကူညီဖြေရှင်းရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ ဆက်သွယ်ကူညီပေးကြရန် တွမ်အင်ဒရူးက တောင်းဆိုသည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့ကြီးသည် မြန်မာနိုင်ငံ၏ စစ်တပ်ဦးဆောင်သည့် အစိုးရအဖွဲ့အား ဆက်ဆံရာတွင် အချင်းချင်း သဘောထားကွဲလွဲလျက်ရှိသည်။
၂၀၂၁ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအဖွဲ့အား ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် အာဆီယံအဖွဲ့ကြီးသည် အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်။ အဆိုပါအစည်းအဝေး၌ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန် ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့ကြသော်လည်း လက်ရှိအချိန်အထိ မယ်မယ်ရရ အကောင်အထည်မဖော်နိုင်ဘဲ ရှိနေဆဲဖြစ်သည်။
“သဘောတူညီချက်က စာရွက်ပေါ်မှာပဲ ရှိနေတာဆိုရင် ဘာမှအဓိပ္ပာယ်မရှိပါဘူး” ဟု တွမ်အင်ဒရူးက မလေးရှားတွင် သတင်းထောက်များကို ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
“တိုးတက်မှုမရှိဘဲ တစ်နှစ်ကြာခဲ့ပြီဆိုတော့ ဒီချည်းကပ်မှုကို အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတစ်ရပ် ထပ်ပေါင်းပြီး ပြန်လည်သုံးသပ်ကြရမှာပါ” ဟု သူကပြောကြားသည်။
အာဆီယံအဖွဲ့ကြီးသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လေ့မရှိသော်လည်း ပြီးခဲ့သောနှစ်က မြန်မာစစ်တပ်ခေါင်းဆောင်များကို အဖွဲ့ကြီး၏ အစည်းအဝေးများသို့ ခေါ်ယူခြင်းမပြုဘဲ ချန်လှပ်ထားခဲ့သည်။
သို့သော်လည်း အာဆီယံ လက်ရှိဥက္ကဌ ကမ္ဘောဒီးယားကမူ ယခုနှစ်တွင် စတင်တာဝန်ယူချိန်မှစ၍ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သလို ဒေသတွင်း ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးသို့လည်း မြန်မာကို ဖိတ်ကြားခဲ့သည်။