- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ကိုဗစ်အပြင် ကူးစက်ရောဂါနောက်တစ်မျိုး ပျံ့နှံ့နေကြောင်း မြောက်ကိုရီးယား ထုတ်ပြန်
မြောက်ကိုရီးယားနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအပြင် အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါသစ်တစ်မျိုး ထပ်မံပျံ့နှံ့နေသည်ဟု အစိုးရပိုင်ရုပ်သံ KCNA က ဇွန်လ ၁၆ ရက်နေ့တွင် ကြေညာသည်။
18 Jun 2022
DMG ၊ ဇွန် ၁၈
မြောက်ကိုရီးယားနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအပြင် အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါသစ်တစ်မျိုး ထပ်မံပျံ့နှံ့နေသည်ဟု အစိုးရပိုင်ရုပ်သံ KCNA က ဇွန်လ ၁၆ ရက်နေ့တွင် ကြေညာသည်။
နိုင်ငံ အနောက်တောင်ပိုင်း ဟေဂျူးမြို့တွင် “အူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါတစ်မျိုး” ဖြစ်ပွားနေသည်ဟု KCNA က ကြေညာသော်လည် ကူးစက်ခံရသူ အရေအတွက်ကို ထည့်သွင်းကြေညာခြင်းမရှိပေ။ ထို့ပြင် ကူးစက်ရောဂါ၏ အမည်ကိုလည်း ဖော်ပြခြင်းမရှိပေ။
အူလမ်းကြောင်းဆိုင်ရာ ရောဂါများတွင် တိုက်ဖွိုက်၊ ဝမ်းကိုက်ရောရါ၊ ဝမ်းလျှောရောဂါစသည်တို့လည်း ပါဝင်ပြီး အစားအစာနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် အဖြစ်များသည်။ သောက်သုံးရေ ပေးဝေရေးစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ ညံ့ဖျင်းနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် မြောက်ကိုရီးယားတွင် ဤကဲ့သို့သောရောဂါများ မကြာခဏဆိုသလို ဖြစ်ပွားတတ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
လေ့လာသူအချို့ကမူ ယခုကဲ့သို့ ရောဂါသစ်ကို ကြေညာခြင်းမှာ ရောဂါအရေးထက် ခေါင်းဆောင်ကင်ဂျုံအန်း ၎င်း၏ တစ်ကိုယ်ရေသုံး ဆေးဝါးများကို လူနာများအတွက် လှူတန်းခဲ့ကြောင်း ပြသလိုသဖြင့် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ယူဆကြသည်။
ကင်ဂျုံအန်းသည် ၎င်းနှင့် ၎င်းမိသားစုအတွက် သီးသန့်ရှိထားသည့် ဆေးဝါးများကို ပြည်သူများအတွက် လှူဒါန်းခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သလို နိုင်ငံ၏ အကြီးဆုံးသတင်းစာ ရိုဒုန်းဆင်မွန်တွင်လည်း ရှေ့ဆုံးမျက်နှာဖုံး၌ ကင်ဂျုံအန်းတို့ဇနီးမောင်နှံနှစ်ဦး လှူဒါန်းမည့်ဆေးဝါးများအား ကြည့်ရှုနေကြပုံကို ဖော်ပြခဲ့သည်။
“မြောက်ကိုရီးယားမှာက ဝက်သက်၊ အူရောင်ငန်းဖျားလို ရောဂါမျိုးဖြစ်နေကျပါ။ ကူးစက်ရောဂါ နောက်တစ်မျိုးဖြစ်နေတာ မှန်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဟာ ဒါကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချပြီး ခေါင်းဆောင်ကင်က လူတွေကို ဂရုစိုက်တဲ့ပုံရိပ်ယူတာလို့ ထင်ပါတယ်” ဟု မြောက်ကိုရီးယားကျန်းမာရေးကို အလေးထားစောင့်ကြည့်နေသည့် ဝက်ဘ်ဆိုက်တစ်ခု၏ တာဝန်ခံက အေပီသို့ ဖြေကြားသည်။
လူဦးရေ ၂၆ သန်းရှိသော မြောက်ကိုရီးယားတွင် ဇွန်လ ၁၆ ရက်နေ့အထိ အဖျားရောဂါဖြစ်ပွားသူ ၄.၅ သန်းရှိပြီး သေဆုံးသူ ရ၃ ဦးရှိသည်ဟု အာဏာပိုင်များက ကြေညာထားသည်။