- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဂျော်ဒန်တွင် ဓာတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့် ၁၀ ဦးသေပြီး ၂၀၀ ကျော် ဒဏ်ရာရ
ဂျော်ဒန်နိုင်ငံ အက္ကဘာဆိပ်ကမ်းတွင် ဇွန်လ ၂၇ ရက်နေ့က အဆိပ်ရှိသည့်ဓာတ်ငွေ့အိုး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာက လူ ၁၀ ဦးသေဆုံးပြီး ၂၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 Jun 2022
DMG ၊ ဇွန် ၂၉
ဂျော်ဒန်နိုင်ငံ အက္ကဘာဆိပ်ကမ်းတွင် ဇွန်လ ၂၇ ရက်နေ့က အဆိပ်ရှိသည့်ဓာတ်ငွေ့အိုး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာက လူ ၁၀ ဦးသေဆုံးပြီး ၂၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစိုးရပိုင် အယ်လ်မလ္လာကာ ရုပ်သံတွင် ဖော်ပြသည့် ဗီဒီယိုဖိုင်၌ ဓာတ်ငွေ့တန် ၃၀ ခန့်သယ်လာသည်ဟု ဆိုသည့် ဆလင်ဒါအိုးကြီးကို သင်္ဘောပေါ်မှ ကရိန်းဖြင့် သယ်စဉ် ပြုတ်ကျသွားပြီးနောက် ပေါက်ကွဲကာ အနီးတစ်ဝိုက်တွင် အဝါရောင်ဓာတ်ငွေ့များ အုပ်လိုက်ဖုံးလွှမ်းသွားသည်ကို တွေ့ရသည်။
ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အနီးရှိ ထရပ်ကားတစ်စီး ဆိပ်ကမ်းဘက်သို့ လိမ့်ဆင်းသွားသလို ဆိပ်ကမ်းအလုပ်သမားများသည်လည်း ထွက်ပြေးကြရသည်ကို ဗီဒီယိုဖိုင်တွင် တွေ့ရသည်။
သေဆုံးသူအရေအတွက်သည် ကနဦးတွင် ၅ ဦးရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၁၀ ဦးအထိ တိုးလာခဲ့ကြောင်း အစိုးရပြောခွင့်ရ ဖိုင်ဆယ်အယ်လ်ရှာဘိုးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။
ဒဏ်ရာရသူအရေအတွက်သည် ၂၅၁ ဦးအထိရှိကြောင်း အရပ်ဘက် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အာမာအယ်လ်စာတာဝီ၏ ပြောကြားချက်အရသိရသည်။
“ကျွမ်းကျင်သူတွေနဲ့ အရပ်ဘက်ကာကွယ်ရေးဌာနက ဓာတ်ငွေ့ဆိုင်ရာအဖွဲ့တို့ ကိုင်တွယ်ဆောင်ရွက်နေကြပါပြီ” ဟု သူကပြောသည်။
မတော်တဆပေါက်ကွဲမှု ဖြစ်ချိန်၌ အနီးတွင်လည်း ပုံစံတူဂက်စ်အိုးများ တင်ဆောင်ထားသည့် ထရပ်ကားများ စီတန်းစောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။
ပွင့်ထွက်သွားသော ဓာတ်ငွေ့များသည် ပြင်းထန်ပြီး အလွယ်တကူ ပျောက်ကွယ်သွားမည်မဟုတ်သလို လေတိုက်မှုနှင့်အတူ ရွေ့လျားနေဦးမည်ဟု ဆိပ်ကမ်းအာဏာပိုင် အကြီးအကဲ မိုဟာမက်အယ်လ်မူဘိုင်ဒင်၏ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင်း ရုပ်သံတွင် ဖော်ပြထားသည်။
အနီးအနားရှိပြည်သူများကို နေအိမ်မှရှောင်ပေးကြရန်နှင့် ဒေသခံများအနေဖြင့်လည်း နေအိမ်တွင်း၌သာ နေထိုင်ကြရန် အာဏာပိုင်များက အသိပေးထားသည်။