- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဘိုင်ဒန်လာမည့်အချိန်နှင့် အချိန်ကိုက် နျူကလီးယားစမ်းသပ်ရန် မြောက်ကိုရီးယား အသင့်ရှိနေ
ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယားသို့ သမ္မတဘိုင်ဒန် လာရောက်လည်ပတ်ချိန်၌ မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်ပစ်ခတ်မှုတစ်ရပ် ပြုလုပ်မည့်ဟန်ရှိနေကြောင်း ဆိုးလ်က မေလ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
21 May 2022
DMG ၊ မေ ၂၁
ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယားသို့ သမ္မတဘိုင်ဒန် လာရောက်လည်ပတ်ချိန်၌ မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်ပစ်ခတ်မှုတစ်ရပ် ပြုလုပ်မည့်ဟန်ရှိနေကြောင်း ဆိုးလ်က မေလ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဘိုင်ဒန်သည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ အလည်အပတ် သွားရောက်မည်ဖြစ်ကာ ဤခရီးစဉ်သည် အာရှဒေသတွင်း အမေရိကန်လွှမ်းမိုးမှုကို ဆယ်စုနှစ်များစွာကြာ ဟန့်တားထားသော တရုတ်၏ စီးပွားရေးနှင့် စစ်ရေးအင်အားကို တန်ပြန်မည့် အမေရိကန်မူဝါဒကို ထင်ဟပ်နေခြင်းလည်း ဖြစ်သည်။
အခြားတစ်ဘက်တွင်လည်း ဘိုင်ဒန်၏ သမ္မတသက်တမ်းတစ်လျှောက် ပထမဆုံး အာရှခရီးစဉ်သည် မြောက်ကိုရီးယား၏ လုပ်ရပ်များကြောင့် သတိကြီးစွာထားနေရသည်။
ကိုဗစ်ကူးစက်မှု အထူးပျံ့နှံ့နေသော်လည်း ပြုံယမ်း၏ နျူကလီးယားစမ်းသပ်ရန် ပြင်ဆင်နေမှုများ ပြီးစီးသွားပြီဖြစ်ကာ စမ်းသပ်ရန် အချိန်ကောင်းကို စောင့်နေကြသည်ဟု တောင်ကိုရီးယား လွှတ်တော်အမတ် ဟာတည်းကန်က ပြောကြားသည်။ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ အစီရင်ခံမှုအပြီး ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
ကင်ဂျုံအန်းသည် ယခုကဲ့သို့ ရန်စသည့် စမ်းသပ်မှုအား ဆိုးလ်သို့ သောကြာနေ့နှောင်းပိုင်း သမ္မတဘိုင်ဒန် ရောက်ရှိချိန်၌ ပြုလုပ်နိုင်ခြေရှိသည်ဟု အမေရိကန်ထောက်လှမ်းရေးကလည်း ပြောကြားထားသည်။
စမ်းသပ်မှုသည် ပဲ့ထိန်းဒုံးကျည် ထပ်မံစမ်းသပ်မှု၊ တာဝေးပစ်ဒုံးကျည်စပ်သပ်မှု သို့မဟုတ် နျူကလီးယားစပ်သပ်မှု၊ သို့မဟုတ်ပါကလည်း နှစ်မျိုးလုံးဖြစ်နိုင်ကြောင်း နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်က ပြောသည်။
“မြောက်ကိုရီးယားဟာ သမ္မတဘိုင်ဒန် ရောက်ချိန်နဲ့ တစ်ပြိုင်တည်းမှာ နျူကလီးယားစမ်းသပ်မှု ပြုလုပ်ပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ဖန်တီးချင်လိမ့်မယ်” ဟု ဆေဂျွန်းအင်စတီကျူ၏ မြောက်ကိုရီးယားလေ့လာရေးဌာနမှ ချွန်ဆန်းချန်က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
သမ္မတဘိုင်ဒန်သည် ဆိုးလ်မှတဆင့် တနင်္ဂနွေနေ့တွင် ဂျပန်သို့ ခရီးဆက်ပြီး ထိုမှတစ်ဆင့် QUAD အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။