- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
တာလီဘန်တို့၏ စည်းကမ်းတင်းကြပ်မှုကို ကန့်ကွက်သည့်အနေနှင့် အာဖဂန် အမျိုးသားရုပ်သံတင်ဆက်သူများ နှာခေါင်းစည်းတပ်ပြီး သတင်းတင်ဆက်
အမျိုးသမီး ရုပ်သံတင်ဆက်သူများအားလုံး တစ်ကိုယ်လုံးကို ဝတ်ရုံဖြင့်ဖုံးအုပ်ရမည်ဖြစ်သလို မျက်နှာကိုလည်း ဖုံးအုပ်ထားရမည်ဟု ထုတ်ပြန်ထားသည့် တာလီဘန်တို့၏ အမိန့်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် အနေဖြင့် အာဖဂန်တွင် အမျိုးသား ရုပ်သံတင်ဆက်သူများသည် အစီအစဉ်တင်ဆက်ချိန်များတွင် နှာခေါင်းစည်းအနက် တပ်ဆင်လျက် တင်ဆက်မှုများ ပြုလုပ်နေကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 May 2022
DMG ၊ မေ ၂၇

တာလီဘန်တို့သည် အာဖဂန်ကို စတင်အုပ်ချုပ်ခဲ့သည့် ပြီးခဲ့သောနှစ်မှစ၍ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် တင်းကြပ်သောစည်းကမ်းများချမှတ်ကာ ကန့်သတ်မှုများ ပြုလုပ်လျက်ရှိသည်။
ယခုလအတွင်း၌လည်း အာဖဂန်ခေါင်းဆောင် ဟီဘာတူလာအာခွန်ဇာဒါသည် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ကာ အမျိုးသမီးများအားလုံး လူမြင်ကွင်းတွင် တစ်ကိုယ်လုံးကို ဝတ်ရုံဖြင့် ဖုံးအုပ်ပြီးမှ ထွက်ကြရန် သတ်မှတ်ခဲ့သည်။
တာလီဘန်တို့ ဖွဲ့စည်းထားသည့် ကိုယ်ကျင့်သီလနှင့် ဒုစရိုက်မှုများ စင်ကြယ်ရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း အမျိုးသမီး ရုပ်သံတင်ဆက်သူများအား အစီအစဉ်များဖော်ပြချိန်၌ ၎င်းတို့၏ မျက်နှာများကို ဖုံးအုပ်ထားကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူရပ်တည်ကြောင်း ပြသနေကြပါတယ်” ဟု TOLO သတင်းဌာနတွင် လုပ်ကိုင်နေသည့် ရုပ်သံတင်ဆက်သူ နာဘီက အေအက်ဖ်ပီသို့ ဖြေကြားသည်။
“ကန့်ကွက်ဆန္ဒထုတ်ဖော်မှုအဖြစ် ကျွန်တော်တို့ရဲ့ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုနဲ့ နိုင်ငံရေးအစီအစဉ်တွေမှာ နှာခေါင်းစည်းအနက်တွေ ဝတ်ဆင်ပါတယ်” ဟု သူက ပြောသည်။
တာလီဘန်အရာရှိများဘက်ကမူ ထုတ်ပြန်ထားသည့်အမိန့်ကို ပြန်လည်ရုတ်သိမ်းမည့် အလားအလာ မတွေ့ရပေ။
“လည်စည်း မဝတ်မနေရ အမိန့်ထုတ်တာကျတော့ မှန်နေပြီး ဟီဂျက်ဝတ်ခိုင်းတာကျ ဘာလို့မှားရတာလဲ” အစိုးရပြောခွင့်ရ လက်ထောက် အီနာမူလာဆာမန်ဂါနိက ယခုသီတင်းပတ်တွင် တွစ်တာပေါ်၌ ရေးသားထားသည်။