- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
တရုတ်တွင် မြေဖုံးလွှမ်းခံရသူ အယောက် ၃၀ ခန့် ပျောက်ဆုံးနေ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့သည့်အတွက် လူအယောက်သုံးဆယ်ကျော် မြေဖုံးလွှမ်းခံခဲ့ရကာ လက်ရှိအချိန်အထိ ရှာဖွေမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း တရုတ်အစိုးရပိုင် စီစီတီဗီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Feb 2025

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့သည့်အတွက် လူအယောက်သုံးဆယ်ကျော် မြေဖုံးလွှမ်းခံခဲ့ရကာ လက်ရှိအချိန်အထိ ရှာဖွေမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း တရုတ်အစိုးရပိုင် စီစီတီဗီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်ဘင်းမြို့ရှိ ကျင့်ဖျင်ကျေးရွာတွင် စနေနေ့ မွန်းတည့် ၁၁ နာရီ ၅၀ မိနစ်ခန့်၌ ယခုကဲ့သို့ မြေပြိုကျခဲ့ခြင်း ဖြစ်သည်။
"ကာလရှည်ကြာ မိုးရွာသွန်းခဲ့တာနဲ့ ပထဝီမြေပြင် အနေအထားတွေကြောင့် ယခုလို မြေပြိုခဲ့တာလို့ ကနဦး လေ့လာချက်တွေအရ သိထားပါတယ်" ဟု စီစီတီဗီက ကြေညာခဲ့သည်။
မြေပိသူများအနက် နှစ်ဦးကို စနေနေ့က ကယ်တင်နိုင်ခဲ့သော်လည်း ၂၉ ဦးမှာ တနင်္ဂနွေနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသန္တရအစိုးရ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာဏာပိုင်များအနေဖြင့် ပျောက်ဆုံးနေသူများကို အစွမ်းကုန် ကြိုးစားရှာဖွေကြရန်၊ သေဆုံးဒဏ်ရာရမှုများကို အနည်းဆုံးဖြစ်စေရန်နှင့် နောက်ဆက်တွဲဖြစ်ရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းကြရန် သမ္မတရှီကျင့်ဖျင်က မှာကြားထားကြောင်းလည်း သတင်းတွင်ဖော်ပြသည်။
တရုတ်ပြည်တွင် ပြီးခဲ့သောလများအတွင်း ပြင်းထန်သော ရာသီဥတုများကို ရင်ဆိုင်ခဲ့ရသည်။ ယမန်နှစ်အတွင်း ရေကြီးမှုကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သလို အမြင့်ဆုံး အပူဒဏ်ကို ရင်ဆိုင်ခဲ့ရသည့်နှစ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။