- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ရုရှားကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရန် ကုလအထွေထွေညီလာခံ ဆုံးဖြတ်
ရုရှားအား ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Apr 2022
ရုရှားအား ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကရိန်းကျူးကျော်စစ် ဆောင်ရွက်နေသည့် ရုရှားအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့မည့်အဆိုပြုချက်ကို ဧပြီလ ၇ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ဤအဆိုပြုချက်ကို ၉၃ နိုင်ငံက ထောက်ခံခဲ့ကြပြီး တရုတ်၊ ဗီယက်နမ်အပါအဝင် ၂၄ နိုင်ငံက ကန့်ကွက်ခဲ့သည်။
မဲမပေးသည့် ကြားနေနိုင်ငံ ၅၈ နိုင်ငံအထိ ရှိခဲ့ပြီး အဆိုပါနိုင်ငံများတွင် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူနှင့် မလေးရှားတို့လည်း ပါဝင်သည်ကို တွေ့ရသည်။
ယခုကဲ့သို့ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စသည် ၂၀၁၁ ခုနှစ်က လစ်ဗျားနိုင်ငံအား ဆိုင်းငံ့ရန်ဆုံးဖြတ်ခဲ့မှု နောက်ပိုင်းတွင် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အဖြစ် ဦးကျော်မိုးထွန်း ထမ်းဆောင်လျက်ရှိသည့် မြန်မာသည်လည်း ယခုအဆိုပြုချက်ကို ထောက်ခံမဲပေးခဲ့သည်။
ယခုမဲပေးမှုသည် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးအတွက် အရေးပါသည့် အခိုက်အတန့်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ဆာဂျီကစ္စလီဆာယာက ပြောကြားသည်။
ရုရှားကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရေး မဲခွဲမှုသည် ရွေးချယ်စရာတစ်ခုမဟုတ်ဘဲ တာဝန်တစ်ရပ် ဖြစ်သည်ဟုလည်း သူက ပြောသည်။
မဲမပေးဘဲ နေခဲ့သော နိုင်ငံအများအပြားက ယူကရိန်းစစ်ပွဲဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရေး ကိစ္စရပ်သည် ပြီးခဲ့သောလကမှ စတင်ခဲ့ခြင်း ဖြစ်သည့်အတွက် ယခုမဲခွဲမှုသည် အလျင်စလိုနိုင်သည်ဟု ယူဆကြကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
မက္ကစီကိုသမ္မတ အင်ဒရေမန်နျူဝယ်လိုပက်ဇ်အိုဘရာဒါကလည်း ကုလသမဂ္ဂကို ဝေဖန်ခဲ့ကာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးတွင် ကုလသမဂ္ဂအနေဖြင့် ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်ပြီး သံတမန်လုပ်ငန်းများ ပိုမိုဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။
“ရုရှား-ယူကရိန်း ပဋိပက္ခကို ကြားလူမရှိဘဲ ဘယ်လိုလုပ် ဖြေရှင်းလို့ရမှာလဲ” ဟု သူကပြောသည်။
“ကုလသမဂ္ဂဆိုတာ ဒီအတွက် ဖွဲ့စည်းထားတာ မဟုတ်ဘူးလား” ဟုလည်း သူက စောဒကတက်သည်။
ကြာသပတေးနေ့က မဲခွဲခဲ့သည့် အဆိုပြုချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြိး လင်ဒါသောမက်စ်ဂရင်းဖီးက တင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့ လိုက်နာကျင့်သုံးနေတဲ့ စည်းမျှဉ်းစည်းကမ်းတိုင်းကို ဖောက်ဖျက်တဲ့ နိုင်ငံတစ်နိုင်ငံကို လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ထားလို့မရဘူး” ဟု သူမက ဗုဒ္ဓဟူးနေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ ပြုလုပ်သည့် သင်တန်းတစ်ခုတွင် ပြောကြားခဲ့သည်။