- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ကိုဗစ်စစ်ဆေးရေး ကိရိယာများကို ဈေးနှုန်းတိုးမြှင့်ခဲ့သည့် ဗီယက်နမ်ကျန်းမာရေးဝန်ကြီး အရေးယူခံရ
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်စမ်းသပ်စစ်ဆေးရေး ကိရိယာများအား ဈေးနှုန်း မတန်တဆ တိုးမြှင့်တင်သွင်းခဲ့မှုကို စစ်ဆေးလျက်ရှိရာတွင် ကျန်းမာရေးဝန်ကြီးနှင့် ဟနွိုင်းမြို့တော်ဝန်တို့ကိုပါ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစိုးရပိုင်သတင်းဌာနက ကြေညာသည်။
09 Jun 2022
DMG ၊ ဇွန် ၉
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်စမ်းသပ်စစ်ဆေးရေး ကိရိယာများအား ဈေးနှုန်း မတန်တဆ တိုးမြှင့်တင်သွင်းခဲ့မှုကို စစ်ဆေးလျက်ရှိရာတွင် ကျန်းမာရေးဝန်ကြီးနှင့် ဟနွိုင်းမြို့တော်ဝန်တို့ကိုပါ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစိုးရပိုင်သတင်းဌာနက ကြေညာသည်။
ကျန်းမာရေးဝန်ကြီး ငုယင်သန်လောင်းအား ရာထူးမှဖယ်ရှားထားသလို ယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးမှ ဟနွိုင်းမြို့တော်ဝန်ဖြစ်လာသူ ချူငေါ့အန်းကိုလည်း ရာထူးမှထုတ်ပယ်လိုက်ကြောင်း Tuoi Tre အွန်လိုင်းသတင်းဌာန၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးအား အာဏာအလွဲသုံးစား ပြုလုပ်မှုဖြင့် စစ်ဆေးနေပြီး လက်ရှိအာဏာရ ကွန်မြူနစ်ပါတီမှလည်း ထုတ်ပယ်ထားပြီဖြစ်ကြောင်း ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
သိပ္ပံနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့သည် Viet A နည်းပညာကော်ပိုရေးရှင်းမှ ဆေးရုံများနှင့် ကျန်းမာရေးစင်တာများသို့ တင်သွင်းသည့် ကိုဗစ်စစ်ဆေးရေးကိရိယာများကို ဈေးနှုန်းမတန်တဆ မြှင့်တင်ရောင်းချခွင့် ပြုခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုက စစ်ဆေးဆုံးဖြတ်ထားသည်။
အရာရှိကြီးနှစ်ဦး၏ အလွဲသုံးစားမှုများသည် ဗီယက်နမ်၏ ကိုဗစ်ရောဂါတုံ့ပြန်ဖြေရှင်းရေး အစီအစဉ်များကို အဆင်မပြေဖြစ်စေခဲ့သလို နိုင်ငံတော်ဘဏ္ဍာငွေကိုလည်း အကုန်အကျများစေခဲ့သည်ဟု စစ်ဆေးရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ဆက်စပ်ပြီး သံသယရှိသူ ဝန်ကြီးဌာနအရာရှိများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဦးဆောင်သူများနှင့် စစ်တပ်မှ ဗိုလ်ချုပ်များ စုစုပေါင်း ၆၀ နီးပါးကို စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
Viet A ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံတွင်း ဒေသ ၆၂ နေရာအတွက် ကိုဗစ်စစ်ဆေးရေးကိရိယာ ၁၇၂ သန်း တင်သွင်းခဲ့သည်။ စစ်ဆေးရေးကိရိယာများအား မူရင်းဈေးထက် ၄၅ ရာခိုင်နှုန်းခန့် ပိုတင်ယူကာ ဒေါ်လာ ၂၀ ခန့် ဈေးပိုတောင်းပြီး စုစုပေါင်းဝင်ငွေ ၂၁.၅ သန်းအထိ ပိုဝင်အောင် ဆောင်ရွက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။