- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃ – ၂၀၂၄
ခေတ်စနစ်အလိုက် ဖြစ်ပေါ်ပြောင်းလဲလာသော နိုင်ငံရေး၊ စစ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အခင်းအကျင်းများကို အခြေပြုပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သော အကြောင်းအရာများ၊ အဖြစ်အပျက်များ၊ အချက်အလက်များကို ရွေးထုတ် မှတ်တမ်းပြုထားခြင်းဖြစ်ပါသည်။
24 Aug 2024
၂၀၁၃ ခုနှစ်မှစတင်ပြီး ပဋိပက္ခဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တွေ့ရှိချက်များကို “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း၊ ရည်ညွှန်းအကိုးအကားစာအုပ်” အဖြစ် နှစ်စဉ် စုဆောင်းပြုစုတင်ပြခဲ့ရာ ယခုစာအုပ်သည် (၉) အုပ်မြောက်ဖြစ်ပါသည်။
ခေတ်စနစ်အလိုက် ဖြစ်ပေါ်ပြောင်းလဲလာသော နိုင်ငံရေး၊ စစ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အခင်းအကျင်းများကို အခြေပြုပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သော အကြောင်းအရာများ၊ အဖြစ်အပျက်များ၊ အချက်အလက်များကို ရွေးထုတ် မှတ်တမ်းပြုထားခြင်းဖြစ်ပါသည်။
ဤစာအုပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ သုတေသီများ၊ ကျောင်းသားလူငယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် သတင်းမီဒီယာသမားများအတွက်ပါ မျက်မှောက်ခေတ် စစ်ရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး အခင်းအကျင်းများကို လစ်ဟပြသနေမည့် လမ်းညွှန်အကိုးအကားတစ်ခုဖြစ်မည်ဟု ယုံကြည်ပါသည်။
ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ရယူပါ >>> assets.dmediag.com/2024/8/RF-Book-23-24.pdf