- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
ထိုင်း၊ မလေးရောက် မြန်မာများကိုဖမ်းပြီး စစ်မှုထမ်းရန် စစ်ကောင်စီထံ ပို့နေခြင်းအပေါ် ဆန္ဒဖော်ထုတ်မည်
" မြန်မာ စစ်တပ်အောက်တွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ မြန်မာရွှေ့ပြောင်းလုပ်သားများကို ပြန်ပို့ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်ရာဇဝတ်မှုများတွင် ပူပေါင်းပါဝင်ခြင်းဖြစ်တယ် " ဟု Stars of Myanmar Friendship ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
01 Mar 2025

DMG ၊ မတ် ၁
ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အထောက်အထားမပြည့်စုံသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးပြီး မြန်မာပြည်သို့ ပြန်ပို့နေခြင်းကို ကန့်ကွက်သဖြင့် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်သွားမည်ဟု Stars of Myanmar Friendship က ထုတ်ပြန်ထားသည်။
အဆိုပါ ဆန္ဒပြပွဲကို လန်ဒန်မြို့ရှိ ထိုင်းသံရုံးနှင့် မလေးရှားသံရုံးရှေ့တွင် မတ်လ ၄ ရက်၌ ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
" မြန်မာ စစ်တပ်အောက်တွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ မြန်မာရွှေ့ပြောင်းလုပ်သားများကို ပြန်ပို့ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်ရာဇဝတ်မှုများတွင် ပူပေါင်းပါဝင်ခြင်းဖြစ်တယ် " ဟု Stars of Myanmar Friendship ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီသည် စစ်မှုထမ်းနည်းဥပဒေကို ပြဌာန်းပြီးနောက် ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံမှ မြန်မာလုပ်သားများ ဖမ်းဆီးခံရမှုမှာလည်း ဆက်တိုက် မြင့်တက်လာနေသည်။
ထိုသို့ ဖမ်းဆီးကာမြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်ခံရပြီးနောက် စစ်ကောင်စီထံတွင် စစ်သားစုဆောင်းခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချခံရခြင်းနှင့် စစ်မြေပြင်ရှေ့တန်းတွင် သေဆုံးခြင်းတို့ကို ရင်ဆိုင်နေရကြောင်း ယင်းအဖွဲ့က ပြောသည်။
မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက " အခုက ဖမ်းဆီးကလည်းအရမ်း များတယ်။ အဖမ်းခံရရင်လည်း ချက်ချင်း ပြန်ပို့ခံနေရတယ်ဆိုတော့ အခုလို ဆန္ဒပြမှာကို သဘောကျပါတယ်။ ဒါမှမြန်မာနိုင်ငံမှာ ဘယ်လို အခြေအနေတွေဆိုတာကို အားလုံးသိမှာပါ " ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံသို့ လွှဲပြောင်းပေးခဲ့သည်။ စစ်ကောင်စီထံတွင် စစ်မှုထမ်းသင်တန်းတက်နေရသူ၏ မိသားစုဝင်တစ်ဦးက " လွတ်ရက်စေ့လို့ မြန်မာပြန် ပို့လိုက်တာ စစ်သင်တန်းကို ရောက်သွားတယ်။ ဘာတစ်ခုမှလုပ်လို့မရတော့ဘူး " ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် ယခုတစ်ပတ်အတွင်း ဖမ်းဆီးခံရသူမြန်မာနိုင်ငံသား ထောင်ချီရှိနေပြီး ၂၀၂၅ မတ်လ ၁ ရက် တွင်လည်း မြန်မာနိုင်ငံသို့ ၄၀ ကျော်ပြန်ပို့ခဲ့ကြောင်း အလုပ်သမားအရေး ကူညီနေသူများထံမှ သိရသည်။