- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ရခိုင်ရိုးမရှိ AA ၏ တောင်ပုံကြီးစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အစပ် ရခိုင်ရိုးမတောင်ပေါ်ရှိ စစ်ကောင်စီ၏ တောင်ပုံကြီးစခန်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
03 Jan 2025
DMG ၊ ဇန်နဝါရီ ၃
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အစပ် ရခိုင်ရိုးမတောင်ပေါ်ရှိ စစ်ကောင်စီ၏ တောင်ပုံကြီးစခန်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
တောင်ပုံကြီးစခန်းကို AA က ဇန်နဝါရီ ၁ ရက်မှစကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့ (ဇန်နဝါရီ ၃ ရက်) နံနက် ၁၀ နာရီအထိ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။
“အခုအချိန်ထိ တိုက်ပွဲတွေက ပြင်းထန်နေသေးတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
AA ထိုးစစ်ဆင်နေသည့် တောင်ပုံကြီးစခန်းသည် ရခိုင်နှင့် ပဲခူးတိုင်းအစပ်တွင် တည်ရှိပြီး စစ်ကောင်စီက အခိုင်အမာခံစစ်ပြင်ဆင်ထားသည့် စစ်ဆေးရေးဂိတ်တစ်ခုလည်း ဖြစ်သည်။
တောင်ကုတ်မြို့နယ်ကို AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် လက်ကျန် ဖြစ်သည့် ရခိုင်ရိုးမပေါ်ရှိ စစ်ကောင်စီ၏ တောင်ပုံကြီးစခန်းကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ထွက်ပြေးသွားသည့် တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) ကို ကွပ်ကဲခဲ့သူ ဗိုလ်မှူးချုပ်ကောင်းမြတ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တောင်ပုံကြီးစခန်းတွင် ပူးပေါင်းပြီး ခုခံနေကြောင်း သိရသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှုကြောင့် ရိုးမတောင်ပေါ်ရှိ တောင်ကုတ်မြို့နယ်မှ ညောင်းကျိုး၊ မိုက်ကရို၊ သပြေ၊ သလူးစသည့် ကျေးရွာများမှ ဒေသခံများမှာ ပဲခူးတိုင်းဘက်သို့ ထွက်ပြေးတိမ်ရှောင်နေရသည်။
တောင်ကုတ်ဒေသခံတစ်ဦး “အဲဒီကျေးရွာတွေက ဒေသခံတွေကတော့ (ပဲခူးတိုင်း) ဥသျှစ်ပင်မြို့ကို ထွက်ပြေး နေရကြတယ်လို့ သိရတယ်။ နောက်ပြီးတော့ လေယာဉ်နဲ့ပစ်လို့ အရပ်သားတွေ သေဆုံးသူတွေလည်း ရှိတယ်လို့ သိရတယ်။ အတိအကျတော့ မသိရသေးဘူး”ဟု ပြောသည်။
လက်ရှိတွင် AA အနေဖြင့် တောင်ပုံကြီးစခန်းကို သိမ်းပိုက်နိုင်လျှင် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့် (ကပစ) စက်ရုံများကို PDF ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ထပ်မံထိုးစစ်ဆင်လာနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ဆိုကြသည်။
ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်း ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားသည့် AA သည် လက်ရှိတွင် ရခိုင်နှင့် ဆက်စပ်နေသည့် ပဲခူးတိုင်းအပြင် ဧရာဝတီအစပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်ခြင်းများ လာနေသည်။