ရခိုင်ပါတီတွေကို အံ့အားသင့်စေခဲ့ရတဲ့ ရသေ့တောင်ကြားဖြတ်
05 Nov 2018
တကယ်တော့ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ဟာ ဒေါက်တာအေးမောင် ရခိုင်အမျိုးသားပါတီ ( ANP) မှ နုတ်ထွက်ခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီ ( ANP) ကို ရခိုင်လူထုထောက်ခံမှု လုံး၀ သိသိသာသာ ကျဆင်းသွားတာကို ထင်ဟပ်စေခဲ့ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရသေ့တောင်ကြားဖြတ် ရွေးကောက်ပွဲရလာဒ် ဟာ ရခိုင်အမျိုးသားပါတီအတွက် သင်ခန်းစာယူစရာဖြစ်သလို၊ ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ သတိပေး ခေါင်းလောင်းထိုးလိုက်တာလည်း ဖြစ်ပါတယ်။