ကုလားတန်မြစ်ကမ်းနံဘေးက တိမ်ပန်းချီညနေခင်းများ
16 Sep 2021
တိမ်သားတွေကို လွတ်လပ်စွာ ထင်သလိုမြင်ပိုင်ခွင့်ပေးထားသည်။ တဖြည်းဖြည်းနှင့်အရောင်ပြောင်း အသွင်ပြောင်းတိမ်စိုင်များသည် ညနေစောင်းချိန်အရောင်မျိုးစုံနှင့် သဘာဝကျလွန်းသည်။ ဤလောကကြီးတစ်ခွင်ဝယ် တစ်ခုတည်းသော ပြောင်းလဲခြင်းမရှိသည့် ပြောင်းလဲခြင်းသဘောတရားများအောက်တွင် တိမ်စိုင်တိမ်သားများ၏ ရွှေ့လျားပြောင်းလဲပုံများကား သင်္ခါရတရားနိမိတ်ကိုဆောင်နေခြင်းတစ်ခုလားလို့ နှလုံးသွင်းမိသည်။