လက်မောင်းပြတ်ပေါ်က သေရာပါအမှတ်အသား

26 Jun 2021

ဇူလိုင်လ ၈ ရက်နေ့မှာ ကိုဦးကျော်လှိုင်ရဲ့ ခန္ဓာကိုယ်၊ ခေါင်း၊ လက်နှစ်ဖက်နဲ့ ဘယ်ဖက်ခြေထောက်ပြတ်တွေကို ပလက်စတိတ်အိတ်နဲ့ သီးခြားစီခွဲပြီး ပီနံအိတ်ခွံထဲထည့်ကာ အုတ်နီခဲတွေနဲ့တွဲလောင်းချည်ထားတာကို ကစ္ဆပနဒီမြစ်ကမ်းဘေးမှာ ထပ်ပြီးရှာတွေ့ခဲ့ပါတော့တယ်။

စစ်ကောင်စီလက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်နိုင်မည်လား အပိုင်း (၂)

မင်းထီး 21 Jun 2021

အစုရှယ်ယာအားဖြင့်တောင် တရုတ်ကို ၈၅% ထိပေးပြီး လက်မှတ်ရေးထိုးခဲ့တာကိုတွေ့ရမှာပါ။ အိန္ဒိယ သမုဒ္ဒရာဒေသမှာ ကမ္ဘာ့အင်းအားကြီးအနောက်နိုင်ငံတစ်ချို့က စစ်စခန်းတွေနဲ့ နေရာယူထားကြသလို တရုတ်ကလည်း သီရိလင်္ကာရေနက်ဆိပ်ကမ်းကို နှစ်ပေါင်း(၉၉) နှစ်အထိ အကြွေးနဲ့သိမ်းယူထား တာပါ။ အထနှေးသော်လည်း ချောင်းနေတဲ့ အာရှကျားကြီးသဖွယ် အိန္ဒိယကလည်း သီရိလင်္ကာ ဝန်ကြီးချုပ်ရဲ့ သုံးစားမရတဲ့အိမ်မက်ဖြစ်တဲ့ နိုင်ငံတကာလေဆိပ်ကြီးကို ဒေါ်လာသန်းချီ ပေးဝယ်ယူ ထားပြီး နဂါးကြီးကို စောင့်ကြည့်နေရတာကို တွေ့ရတယ်။

ခေတ်လေးခေတ် ရခိုင့်ဘုရင့်ဝတ်စားဆင်ယင်မှုများကို ၁၀ နှစ်ကျော်ကြာ လုပ်ကိုင်နေသူ

ခင်ဖုန်းသူသူဇော် 14 Jun 2021

“အခုလိုမျိုး တိုက်ပုံဝတ်တယ် ဆံထုံးထုံးတယ်။ နားကပ်ဝတ်တယ်ဆိုတာကို အများကြီးရူတ်ချခဲ့တာတွေရှိတယ်။ ဘာလဲ ဒီလူက သူတယောက်တည်း ရခိုင်သားလား၊သူပဲရခိုင်လို့ ခံယူထားလား၊ ကျန်တဲ့ရခိုင်သားတွေက ဘာလဲ၊ ဘယ်လဲ ဆိုတာတွေ တိုက်ခိုက်ခဲ့တာတွေ အများကြီးရှိတယ်။”

စစ်ကောင်စီလက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စတင်နိုင်မည်လား

မင်းထီး 11 Jun 2021

CMEC ထဲမှာ စီမံကိန်းပေါင်း သုံးဆယ်သုံးခုအထိ ပါဝင်မှာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ကျောက်ဖြူ - ကူမင်း ရထားလမ်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ဖြူ- အမ်း-ပဒန်း-မင်းဘူးလမ်း ဖောက်လုပ်ရေးလည်း ပါဝင်ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းလို့လူသိများတဲ့ ကျောက်ဖြူစီမံကိန်းဟာ NLD အစိုးရလက်ထက်မှာ သဘောတူခဲ့တဲ့ စီမံကိန်းတော့မဟုတ်ပါဘူး။ အရပ်သားတစ်ပိုင်းအစိုးရလို့ လူသိများခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁-၂၀၁၅ ကတည်းက တရုတ်နဲ့ ရေနက်ဆိပ်ကမ်းပိုင်းကို အကျိုးအမြတ် တရုတ် ၈၅% မြန်မာ ၁၅% နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဘာတစ်ခုမှတိုးတက်မှုမရှိတဲ့ ဒေသကို မပြန်ချင်ကြတဲ့ အစောဆုံးစစ်ဘေးရှောင်

10 Jun 2021

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တောင်ဖျားချောင်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကတည်းက မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် တောဖျားချောင်းအထက်ပိုင်းမှာရှိတဲ့ ဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးလာကြရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် အကျပ်အတည်းများစွာကြုံနေရ

09 Jun 2021

ရခိုင်ပြည်သည် မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့်အတွက် ယခုလိုအခြေအနေမျိုးတွင် စီးပွားရေးနှင့် လူတစ်ဦးချင်း၏ ဝင်ငွေမှာလည်း များစွာကျဆင်းလာနေသည်ဟု လက်ရှိ ရခိုင်ပြည်၏ စီးပွားရေးအခြေအနေနှင့်ပတ်သက်ပြီး ရခိုင်စီးပွားရေးဦးဆောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ ဒုတိယဥက္ကဌလည်းဖြစ် မန်းနေဂျင်းဒါရိုက်တာလည်းဖြစ်သူ ဦးခင်မောင်ကြီးက ယခုလိုသုံးသပ်ပြောဆိုသည်။

စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့်ချင်းမှာ နေအိမ် ၁၂၀၀ ကျော် မီးလောင်ပျက်စီး

09 Jun 2021

စစ်ဘေးရှောင်တွေ ပြန်လည်နေရာချထားရေးနဲ့ပတ်သက်လို့ လုံးဝပျက်စီးသွားတဲ့နေအိမ်အတွက် ကျပ်သိန်း ၅၀၊ တစ်ချို့တစ်ဝက်ပျက်စီးတဲ့အိမ်တွေအတွက် သိန်း ၂၀ နဲ့ နေအိမ်မပျက်စီးပေမယ့် ပြုပြင်ရမယ့်အပိုင်းတွေရှိတဲ့ နေအိမ်တွေကို ၅ သိန်း ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ နိုင်ငံရေး ဘာလဲ ဘယ်လဲ (၁)

မင်းထီး 06 May 2021

ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ANP ပါတီဟာ ALD အုပ်စုကို ပါတီက ထုတ်ပယ်ခဲ့ပေမယ့်လည်း ပါတီတွင်းသဘောထားကွဲလွဲမှုက ဆက်လက်မြင့်တက်နေခဲ့ကြပြီး ၂၀၁၇ မှာ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကိုယ်တိုင် ANP ပါတီက နှုတ်ထွက်စာတင်ခဲ့ပြီးတဲ့နောက် ရသေ့တောင်မြို့ စာပေဟောပြောပွဲတစ်ခုမှာ ဟောပြောချက်တချို့ကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဖမ်းဆီးခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

နေရပ်ပြန်ရေး မသေချာသည့် ရခိုင်စစ်ရှောင်များအခက်အခဲ

30 Apr 2021

နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များမှာ ကျေးရွာအနီးတဝိုက်ရှိ တောတောင်များတွင် မိုင်းရှင်းလင်းပေးမှုမရှိခြင်း၊ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ခြင်း၊ ၎င်းတို့ လုပ်ကိုင်စားသောက်သည့် တောတောင်များတွင် မိုင်ရှင်းလင်းမှုမလုပ်သေးခြင်း၊ စစ်တပ်နေရာချထားမှုများမှာ ကျေးရွာနှင့်နီးနေခြင်း၊ ယင်းတပ်နေရာများအား  ပြန်လည်ရုပ်သိမ်းပေးမှုမရှိခြင်း၊ နေအိမ်များမရှိတော့ခြင်း စသည့် အခက်အခဲများကြေင့် မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

အဖြစ်မှန်ကို အိမ်မက်လာပေးပါ သမီးလေးရယ်

23 Apr 2021

အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူလေး မခင်စိုးနွယ်(ခ)မေလတ်ချေမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၈ ရက်နေ့က ကျောင်းပိတ်ရက်(စနေနေ့)ဖြစ်သဖြင့် အမေကိုဝိုင်းကူရန် လက်စွဲတော်မုန့်ဗန်းထဲသို့ မုန့်လက်ကောက်အချပ် ၅၀ ထည့်ကာ နေ့လည် ၁၂ နာရီအချိန် နေအိမ်မှထွက်သွားခဲ့ပြီးနောက် မိသားစုထံ ပြန်မလာတော့ပေ။ ထိုနေ့က ကောင်းကင်ယံတွင်မှောင်မဲနေပြီး မိုးရေစက်များကလည်း အငြိုးအတည်းကြီးစွာ ရွာချနေသည့်အလား ထင်ရသည်။

ရက္ခိတလမ်းစဉ် (သို့မဟုတ်) နိုင်ငံတော်တည်ဆောက်ခြင်း

မင်းထီး 20 Apr 2021

ရက္ခိုင့်တပ်တော်(AA)ကို လွန်ခဲ့တဲ့ (၁၂)နှစ်က ကချင်ပြည်နယ် တစ်နေရာမှာ စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)မှာ “ရက္ခိတလမ်းစိုင်” ဆိုတဲ့ဝေါဟာရနဲ့ လူထုကိုစတင်နှိုးဆော်ခဲ့တာကိုတွေ့ရပါတယ်။ (ရက္ခိတအိမ်မက်- Arakan Dream 2020)ကို လူထုသို့စတင်မိတ်ဆက်လာခဲ့ပြီး “မုန်တိုင်းကိုဖြတ်သန်းကြ” ကြွေးကြော်သံနဲ့ အတူ ရခိုင်ပြည်နယ်အတွင်းက မြန်မာစစ်တပ်ရဲ့ထိုးစစ်ကို တန်ပြန်စစ်၊ ခုခံစစ်၊ ချေမှုန်းစစ်၊ တားဆီးစစ် စတဲ့ ပြိုင်ဘက်စစ်တပ်က ထင်မှတ်မထားတဲ့ဗျူဟာများစွာကို အသုံးချထားနိုင်ခဲ့တာကြောင့် အချိန်တို အတွင်းမှာ မြန်မာလူထုတစ်ရပ်လုံးက သတိထားအံ့ဩရလောက်တဲ့ ဗျူဟာတွေကိုအသုံးချ စွမ်းရည်ပြခဲ့ တာကို တွေ့ရပါတယ်။

မီးခိုးငွေ့ကြားမှ မှုန်ဝါးဝါးဘဝများ

အောင်ထိန် 04 Apr 2021

သံသေတ္တာများ၊ အိုးခွက်ပန်းကန်များ ပြန့်ကြဲနေသည့်နေရာတစ်ဝိုက်တွင် မီးခိုးနံ့များက လွှမ်းခြုံလျက်ရှိ နေသည်။ အဆိုပါနေရာမှ အသုံးပြု၍ရနိုင်မည်ဟုယူဆသောပစ္စည်းများကို လူတစ်ချို့က ရှာဖွေရွေးထုတ်လျက် ရှိကြသည်။ လူတစ်ချို့ဆိုသည်မှာ အခြားသူများတော့မဟုတ်ပေ၊ စစ်ဘေးရှောင်ဟုခေါ်ကြသော ဒုက္ခသည် များပင်ဖြစ်သည်။

အရှေ့မြို့ရိုး၏ ခံတပ်ကြီးတစ်ခု ပြိုကျခြင်း (သို့မဟုတ်) ဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်)

ရက္ခ 29 Mar 2021

ရခိုင်လူမျိုးများထဲတွင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟူသော အစွဲတစ်ခုရှိနေခြင်းကို ဆရာတော်မှ ချေဖျက်နိုင်ခဲ့သည်။ ရခိုင်လူမျိုးတို့တွင် မြောက်ပိုင်းသားနှင့် တောင်ပိုင်းသားဟူ၍ ကွဲပြားမှုမရှိကြောင်းကို ဆရာတော်က သက်သေပြသည်။

ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံရေး ဘယ်လိုအဆုံးသတ်မလဲ

မင်းထီး 23 Mar 2021

လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း သူ့အုပ်ချုပ်ရေး အောင်မြင်နိုင်ရေး ကိုသာ ဦးစားပေးလုပ်ဆောင်နေတာကိုတွေ့ရပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ  (CRPH)ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တွေ့ဆုံစကားပြောနေသလို တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာရေးနဲ့ ၂၀၀၈ ခြေ/ဥဖျက်သိမ်း ရေးကို ဦးတည်လာတာကိုတွေ့ရပါတယ်။ ဒါဟာ ဒီနိုင်ငံရဲ့အပြောင်းအလဲကို တကယ်ဦးတည် သွားစေမလားဆိုတာလည်း စိတ်ဝင်စားစရာပါ။

မီးလောင်သွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များ နေရပ်ပြန်နိုင်မှာလား

အောင်ထိန် 22 Mar 2021

စစ်ဘေးရှောင်များမှာ ယခင်တိုက်ပွဲများကြောင့် အဝတ်တစ်ထည် ကိုယ်တစ်လုံးနှင့်ထွက်ပြေး တိမ်းရှောင်လာကြသူများဖြစ်ပြီး  ယခုတဖန် မီးလောင်သွားသည့်အတွက် စစ်ဘေးရှောင်စခန်းမှာနေရင်း လုပ်ကိုင်စုဆောင်းထားသည့် ပစ္စည်းဥစ္စာအပြင် အိမ်အသုံးအဆောင်ပစ္စည်း အားလုံးဆုံးရှုံးခဲ့ရသည်။

ဗုံးခိုကျင်းထဲမှာ ၃၆ ရက်ကြာ

အောင်ထိန် 20 Mar 2021

“ကျည်တွေကျတာက မိုးရွာနေသလိုပဲ။ လက်နက်ကြီးတွေကျတာတွေလည်း ငလျှင်လှုပ်သလို မြေတွေပါ တုန်ခါသွားတယ်။ ကျွန်မဘဝမှာ ဒီလိုမျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး” ဟု အသက် ၄၀ ကျော်အရွယ် ဒေါ်လှယဉ်ဦးက တင်းမကျေးရွာအတွင်း ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြသည်။

ရှုပ်ထွေးလာတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ရခိုင်တွေရဲ့သဘောထား

မင်းထီး 08 Mar 2021

အထက်မှာဖေါ်ပြခဲ့တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ ဒီမိုကရေစီအထွေထွေသပိတ်၊ ရွှေဝါရောင်တော်လှန်ရေး သံဃာ့သပိတ်ထိ ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုအရေးနဲ့ ဆက်စပ်တဲ့ လူထုဆန္ဒထုတ်ဖေါ်မှုတွေကို မြို့နယ်အားလုံးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသလို လက်ရှိအချိန် စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကိုလည်း တိုင်းရင်းသားလအားလုံးနီးပါးက (လူများစု) မကြိုက်ကြပါဘူး။ ပြည်ထောင်စုအရေးဟာ လူတိုင်းနဲ့သက်ဆိုင်တယ်ဆိုတဲ့ တူညီတဲ့ခံစားချက်တော့ တစ်နိုင်ငံလုံးရှိတယ်ဆိုတာ လူတိုင်းနားလည်ကြမှာပါ။

၁၀ မိုင်ပတ်လည် လျှပ်စစ်အိပ်မက်

25 Jan 2021

သို့သော်လည်း ဝန်ကြီးချုပ်ဦးညီပုဦးဆောင်သည့် ပြည်နယ်အစိုးရသက်တမ်း ငါးနှစ်အတွင်း လျှပ်စစ်ကဏ္ဍအတွက် ကျပ်ငွေသန်းပေါင်း တစ်သိန်းနှစ်သောင်းကျော် အသုံးပြုဆောင်ရွက်ခဲ့သည်ဟု အစိုးရ၏ စာရင်းများကဆိုသည်။ ယင်းမှာ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အသုံးပြုခဲ့သော ကျပ်သန်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော်ထက် (၅) ဆခန့် ပိုမိုများပြားသည်ကို တွေ့ရသည်။

ယူနန်ဖွံ့ဖြိုးရေးအတွက် စတေးခံရမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်း

မင်းထီး 18 Jan 2021

ကျောက်ဖြူကနေ ကူမင်းအထိ တည်ဆောက်ထားတဲ့ ပိုက်လိုင်းကနေတစ်ဆင့် တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလီယံ ပို့ဆောင်နိုင်ပါတယ်။ ပညာရှင်တွေ တွက်ချက်ခန့်မှန်းခြေအရ မြန်မာနိုင်ငံဟာ နှစ်ပေါင်းသုံးဆယ် အတွင်း သဘာဝဓာတ်ငွေ့ရောင်းချငွေနဲ့ ပိုက်လိုင်းဖြတ်သန်းခအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရရှိနိုင်မှာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

Showing 181-200 of 415 items.